Razer ဟာ Product သစ်တစ်ခုကို ကြေညာလာပါတယ်။ ပုံမှန်အားဖြင့် ဂိမ်းနဲ့ ဆက်စပ်ပစ္စည်းများသာ ထုတ်လုပ်လေ့ရှိတဲ့ Razer ဟာ Headphone သစ်အဖြစ် Razer Opus ကို ကြေညာလာပါတယ်။ Razer Opus မှာ Noise Cancellation Technology ပါဝင်ကာ အသံပိုင်း အားပြုသူများအတွက် အထူးထုတ်လုပ်ထားတဲ့ နားကြပ် ဖြစ်ပါတယ်။ Razer Opus ကို ဈေးနှုန်း ဒေါ်လာ 199 သတ်မှတ်ထားပါတယ်။ Audio Quality အတွက် THX Certification ရရှိထားပါတယ်။ THX Certification ရယူထားတာကြောင့် သီချင်း၊ ရုပ်ရှင်အတွက်သာမက ဂိမ်းအတွက်လည်း ကြည်လင်တဲ့အသံ၊ ကောင်းမွန်တဲ့ အသံအရည်အသွေး၊ မြင့်မားတဲ့ Bass အသံတို့ကို နားဆင်နိုင်ပါမယ်။

Razer Opus ရဲ့ Ear Cups ကို Faux Leather ဖြင့် တည်ဆောက်ထားပြီး Headband ကို သက်တောင့်သက်သာဖြင့် သုံးနိုင်အောင် လုပ်ဆောင်ထားပါတယ်။ တစ်ကြိမ် အားအပြည့်သွင်းထားရင် သီချင်းနားထောင်မှုကို 25 နာရီကြာ ပြုလုပ်နိုင်ပါမယ်။ USB Type C မှ တဆင့် အားသွင်းနိုင်ပါမယ်။ ကွန်ယက်ပိုင်းအတွက် Bluetooth 4.2 ပါဝင်ပြီး AAC ၊ APTX ၊ A2DP ၊ AVRCP ၊ HFP Codecs တို့ ထောက်ပံ့ထားပါတယ်။ ကြိုးမဲ့နားကြပ်အဖြစ် သုံးနိုင်သလို 3.5 မီလီမီတာကြိုးဖြင့်လည်း ချိတ်ဆက်နားဆင်နိုင်ပါမယ်။

Razer က ANC Technology ကို Advanced Hybrid Active Noise Cancellation လို့ ဆိုထားပါတယ်။ နားကြပ်တစ်ဖက်စီမှာ မိုက်ခရိုဖုန်းနှစ်လုံးစီ ပါဝင်ပြီး စုစုပေါင်း လေးလုံး ပါဝင်ပါတယ်။ Razer Opus ကို Midnight Blue ၊ Black အရောင်တို့နှင့် ရွေးချယ်နိုင်ပြီး ဈေးနှုန်း ဒေါ်လာ 199 သတ်မှတ်ထားပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Noise Cancellation ႏွင့္ THX Certification တို႔ ပါဝင္တဲ့ Razer Opus Headphones သစ္ကို ေၾကညာ

Razer ဟာ Product သစ္တစ္ခုကို ေၾကညာလာပါတယ္။ ပုံမွန္အားျဖင့္ ဂိမ္းနဲ႔ ဆက္စပ္ပစၥည္းမ်ားသာ ထုတ္လုပ္ေလ့ရွိတဲ့ Razer ဟာ Headphone သစ္အျဖစ္ Razer Opus ကို ေၾကညာလာပါတယ္။ Razer Opus မွာ Noise Cancellation Technology ပါဝင္ကာ အသံပိုင္း အားျပဳသူမ်ားအတြက္ အထူးထုတ္လုပ္ထားတဲ့ နားၾကပ္ ျဖစ္ပါတယ္။ Razer Opus ကို ေဈးႏႈန္း ေဒၚလာ 199 သတ္မွတ္ထားပါတယ္။ Audio Quality အတြက္ THX Certification ရရွိထားပါတယ္။ THX Certification ရယူထားတာေၾကာင့္ သီခ်င္း၊ ႐ုပ္ရွင္အတြက္သာမက ဂိမ္းအတြက္လည္း ၾကည္လင္တဲ့အသံ၊ ေကာင္းမြန္တဲ့ အသံအရည္အေသြး၊ ျမင့္မားတဲ့ Bass အသံတို႔ကို နားဆင္ႏိုင္ပါမယ္။

Razer Opus ရဲ႕ Ear Cups ကို Faux Leather ျဖင့္ တည္ေဆာက္ထားၿပီး Headband ကို သက္ေတာင့္သက္သာျဖင့္ သုံးႏိုင္ေအာင္ လုပ္ေဆာင္ထားပါတယ္။ တစ္ႀကိမ္ အားအျပည့္သြင္းထားရင္ သီခ်င္းနားေထာင္မႈကို 25 နာရီၾကာ ျပဳလုပ္ႏိုင္ပါမယ္။ USB Type C မွ တဆင့္ အားသြင္းႏိုင္ပါမယ္။ ကြန္ယက္ပိုင္းအတြက္ Bluetooth 4.2 ပါဝင္ၿပီး AAC ၊ APTX ၊ A2DP ၊ AVRCP ၊ HFP Codecs တို႔ ေထာက္ပံ့ထားပါတယ္။ ႀကိဳးမဲ့နားၾကပ္အျဖစ္ သုံးႏိုင္သလို 3.5 မီလီမီတာႀကိဳးျဖင့္လည္း ခ်ိတ္ဆက္နားဆင္ႏိုင္ပါမယ္။

Razer က ANC Technology ကို Advanced Hybrid Active Noise Cancellation လို႔ ဆိုထားပါတယ္။ နားၾကပ္တစ္ဖက္စီမွာ မိုက္ခ႐ိုဖုန္းႏွစ္လုံးစီ ပါဝင္ၿပီး စုစုေပါင္း ေလးလုံး ပါဝင္ပါတယ္။ Razer Opus ကို Midnight Blue ၊ Black အေရာင္တို႔ႏွင့္ ေ႐ြးခ်ယ္ႏိုင္ၿပီး ေဈးႏႈန္း ေဒၚလာ 199 သတ္မွတ္ထားပါတယ္။

NetGuide Journal (Every Wednesday)