iQOO ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက iQOO 3 5G ကို Vocano Orange ၊ Tornado Black ၊ Quantum Silver စတဲ့ အရောင်သုံးရောင်နှင့် ကြေညာခဲ့ပါတယ်။ ယနေ့မှာ Vivo ရဲ့ ဂိမ်းစမတ်ဖုန်းအမှတ်တံဆိပ်ဟာ iQOO 3 5G ရဲ့ အထူးဗားရှင်းအနေဖြင့် iQOO 3 5G Transformers Limited Edition သစ်ကို ကြေညာလာပါတယ်။ iQOO 3 5G Transformers Limied Edition မှာ iQOO 3 5G မှာ သုံးထားတဲ့ စနစ်တွေနဲ့အတူတူ ဖြစ်ပါတယ်။ ဒါပေမယ့် iQOO 3 5G Transformers Limied Edition မှာ ထူးခြားလာတာကတော့ ကျောဘက်မှာ Autobots လိုဂိုပါဝင်လာပြီး ယင်းအောက်မှာ ကုမ္ပဏီလိုဂိုကို ထည့်သွင်းထားပါတယ်။ ကင်မရာရဲ့ ဘေးမှာလည်း Monster Inside ဆိုတဲ့စာသားကိုလည်း ထည့်သွင်းထားပါတယ်။

ကျောဘက်မှာ ကာဗွန်ဖိုက်ဘာလို့ ထင်ရအောင် လုပ်ဆောင်ထားတဲ့ မှန်သုံးထားပြီး ကျောဘက်ကင်မရာများကို L ပုံစံဖြင့် ထည့်သွင်းထားပါတယ်။ ဖရိန်၊ အသံအတိုးအချဲ့ခလုတ်၊ ပါဝါခလုတ်တို့ကို လိမ္မော်ရောင်ဖြင့် ထည့်သွင်းထားပါတယ်။ iQOO 3 5G Transformers Limied Edition မှာ Android 10 အခြေပြု iQOO UI ဘဲ သုံးထားပေမယ့် Transformers Themes တို့ ပါဝင်ပါတယ်။

iQOO 3 5G Transformers Limied Edition မှာ မျက်နှာပြင် 6.44 လက်မ Super AMOLED FHD+ ရုပ်ထွက်သုံးထားကာ Gorilla Glass 6 မှန်နှင့် အကာအကွယ်ပေးထားပါတယ်။ Qualcomm Snapdragon 865 နှင့် ပါဝါထောက်ပံ့ထားကာ UFS 3.1 Storage သုံးထားပါတယ်။ ကျောဘက်ကင်မရာလေးလုံးက 48MP f/1.8+13MP f/2.5 Telephoto (2x Optical Zoom)+13MP f/2.2 Ultrawide+2MP f/2.4 Depth တို့ ဖြစ်ကာ ရှေ့ကင်မရာက 16MP ဖြစ်ပါတယ်။ ဘက်ထရီ 4400 mAh ပါဝင်ကာ 55W ဖြင့် အားသွင်းနိုင်ပါမယ်။

iQOO 3 5G Transformers Limied Edition ကို အထူးထုတ်ဗူးဖြင့် ထည့်သွင်းထားကာ အထူးထုတ် ကာဗာနှင့် Charger တို့ကို ထည့်သွင်းထားပါတယ်။ iQOO 3 5G Transformers Limied Edition မှာ RAM12GB နှင့် 128GB Storage တို့ ပါဝင်ပြီး လာမယ့် ဇွန်လ 1 ရက်နေ့မှာ စတင်ရောင်းချသွားပါမယ်။ iQOO 3 5G Transformers Limied Edition ရဲ့ ဈေးနှုန်းကိုတော့ မကြေညာသေးပါဘူး။ ပုံမှန် iQOO 3 5G ရဲ့ 8/128GB ဗားရှင်းကို ဒေါ်လာ 535 သတ်မှတ်ထားတာကြောင့် iQOO 3 5G Transformers Limied Edition ရဲ့ ဈေးနှုန်းက အနည်းငယ် ပိုများလာဖို့ ရှိပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

iQOO 3 5G Transformers Limited Edition ကို ေၾကညာလာ

iQOO ဟာ ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလတုန္းက iQOO 3 5G ကို Vocano Orange ၊ Tornado Black ၊ Quantum Silver စတဲ့ အေရာင္သုံးေရာင္ႏွင့္ ေၾကညာခဲ့ပါတယ္။ ယေန႔မွာ Vivo ရဲ႕ ဂိမ္းစမတ္ဖုန္းအမွတ္တံဆိပ္ဟာ iQOO 3 5G ရဲ႕ အထူးဗားရွင္းအေနျဖင့္ iQOO 3 5G Transformers Limited Edition သစ္ကို ေၾကညာလာပါတယ္။ iQOO 3 5G Transformers Limied Edition မွာ iQOO 3 5G မွာ သုံးထားတဲ့ စနစ္ေတြနဲ႔အတူတူ ျဖစ္ပါတယ္။ ဒါေပမယ့္ iQOO 3 5G Transformers Limied Edition မွာ ထူးျခားလာတာကေတာ့ ေက်ာဘက္မွာ Autobots လိုဂိုပါဝင္လာၿပီး ယင္းေအာက္မွာ ကုမၸဏီလိုဂိုကို ထည့္သြင္းထားပါတယ္။ ကင္မရာရဲ႕ ေဘးမွာလည္း Monster Inside ဆိုတဲ့စာသားကိုလည္း ထည့္သြင္းထားပါတယ္။

ေက်ာဘက္မွာ ကာဗြန္ဖိုက္ဘာလို႔ ထင္ရေအာင္ လုပ္ေဆာင္ထားတဲ့ မွန္သုံးထားၿပီး ေက်ာဘက္ကင္မရာမ်ားကို L ပုံစံျဖင့္ ထည့္သြင္းထားပါတယ္။ ဖရိန္၊ အသံအတိုးအခ်ဲ႕ခလုတ္၊ ပါဝါခလုတ္တို႔ကို လိေမၼာ္ေရာင္ျဖင့္ ထည့္သြင္းထားပါတယ္။ iQOO 3 5G Transformers Limied Edition မွာ Android 10 အေျချပဳ iQOO UI ဘဲ သုံးထားေပမယ့္ Transformers Themes တို႔ ပါဝင္ပါတယ္။

iQOO 3 5G Transformers Limied Edition မွာ မ်က္ႏွာျပင္ 6.44 လက္မ Super AMOLED FHD+ ႐ုပ္ထြက္သုံးထားကာ Gorilla Glass 6 မွန္ႏွင့္ အကာအကြယ္ေပးထားပါတယ္။ Qualcomm Snapdragon 865 ႏွင့္ ပါဝါေထာက္ပံ့ထားကာ UFS 3.1 Storage သုံးထားပါတယ္။ ေက်ာဘက္ကင္မရာေလးလုံးက 48MP f/1.8+13MP f/2.5 Telephoto (2x Optical Zoom)+13MP f/2.2 Ultrawide+2MP f/2.4 Depth တို႔ ျဖစ္ကာ ေရွ႕ကင္မရာက 16MP ျဖစ္ပါတယ္။ ဘက္ထရီ 4400 mAh ပါဝင္ကာ 55W ျဖင့္ အားသြင္းႏိုင္ပါမယ္။

iQOO 3 5G Transformers Limied Edition ကို အထူးထုတ္ဗူးျဖင့္ ထည့္သြင္းထားကာ အထူးထုတ္ ကာဗာႏွင့္ Charger တို႔ကို ထည့္သြင္းထားပါတယ္။ iQOO 3 5G Transformers Limied Edition မွာ RAM12GB ႏွင့္ 128GB Storage တို႔ ပါဝင္ၿပီး လာမယ့္ ဇြန္လ 1 ရက္ေန႔မွာ စတင္ေရာင္းခ်သြားပါမယ္။ iQOO 3 5G Transformers Limied Edition ရဲ႕ ေဈးႏႈန္းကိုေတာ့ မေၾကညာေသးပါဘူး။ ပုံမွန္ iQOO 3 5G ရဲ႕ 8/128GB ဗားရွင္းကို ေဒၚလာ 535 သတ္မွတ္ထားတာေၾကာင့္ iQOO 3 5G Transformers Limied Edition ရဲ႕ ေဈးႏႈန္းက အနည္းငယ္ ပိုမ်ားလာဖို႔ ရွိပါတယ္။

NetGuide Journal (Every Wednesday)