ဧပြီလတုန်းက IFA ပွဲကျင်းပရေးကော်မတီက ဘာလင်မှာ ပြုလုပ်မယ့် IFA ကို COVID-19 ကြောင့် ပုံမှန်ကဲ့သို့ လူများစွာ ကျင်းပသွားမှာ မဟုတ်ကြောင်း ကြေညာခဲ့ပါတယ်။ ယနေ့မှာ IFA က IFA 2020 ကို စက်တင်ဘာလ 3 ရက်နေ့မှ 5 ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဂျာမနီအစိုးရက အောက်တိုဘာလ 24 ရက်နေ့အထိ လူ 5,000 ထက် ပိုများတဲ့ ပွဲများ မပြုလုပ်ရလို့ ကြေညာချက်ထုတ်ထားပေမယ့်လည်း သတင်းကောင်းကတော့ ဘာလင်မှာ လုပ်တဲ့ IFA 2020 ကို ပွဲလေးပွဲကျင်းပကာ တစ်ပွဲလျှင် လူ 1,000 နှုန်းဖြင့် ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဖိတ်ကြားခံရတဲ့သူများသာလျှင် တက်ရောက်ခွင့် ရရှိမှာမဟုတ်ဘဲ အများသူငါ တက်ရောက်နိုင်မှာ မဟုတ်ပါဘူး။ အထူးသဖြင့် ပွဲကို တက်ရောက်ဖို့အတွက် ဂျာနယ်လစ်များကို ဦးစားပေး ဖိတ်ကြားသွားမှာ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

IFS 2020 အား ဂျာနယ်လစ်များကိုသာ တက်ခွင့်ပေးသွားမည်

