LG ဟာ LG Stylo 6 ကို အမေရိကန်မှာ ကြေညာလာပါတယ်။ ဒီဖုန်းကို အမေရိကန်မှာ ဈေးနှုန်း ဒေါ်လာ 220 သတ်မှတ်ထားပါတယ်။ LG Stylo 6 မှာ ရှည်လျားတဲ့ ရုပ်ထွက်၊ ကျောဘက်ကင်မရာသုံးလုံး၊ များပြားတဲ့ ဘက်ထရီအပြင် Fast Charging လည်း ထောက်ပံ့ထားပါတယ်။

LG Stylo 6 Features နှင့် Specifications

LG Stylo 6 က တန်ဖိုးသင့် စမတ်ဖုန်းတစ်လုံး ဖြစ်ပြီး LG Stylo 5 နှင့် ဒီဇိုင်းပိုင်း လုံးဝကွဲပြားပါတယ်။ ကျောဘက်မှာ လက်ဗွေရာစနစ်ကို ထည့်သွင်းထားပြီး ရောင်ပြေးဒီဇိုင်း အသုံးပြုထားပါတယ်။ ဖရိန်မှာ စတိန်းလက်စ်စတီးသုံးထားတယ်လို့ ယူဆရပြီး Google Assistant အတွက် ခလုတ် ထည့်သွင်းပေးထားပါတယ်။
ဖုန်းအောက်ခြေမှာ Stylus ကို ထည့်သွင်းထားပါတယ်။ တန်ဖိုးသင့် စမတ်ဖုန်းမှာ Stylus ထည့်သွင်းပေးထားတာ ကျေနပ်စရာပါ။ Samsung က သူတို့ရဲ့ အဆင့်မြင့် စမတ်ဖုန်း Galaxy Note စီးရီးမှာဘဲ Stylus ထည့်သွင်းပေးပါတယ်။
LG Stylo 6 မှာ 6.8 လက်မ Full Vision ရုပ်ထွက်သုံးထားပါတယ်။ LCD သုံးထားကာ Full HD+ Resolution ထောက်ပံ့ထားပါတယ်။ Watedrop Notch မှာ ရှေ့ကင်မရာ 13MP ကို ထည့်သွင်းထားပါတယ်။ ကျောဘက်ကင်မရာသုံးလုံးက 13MP+5MP Ultrawide+5MP Depth တို့ ဖြစ်ပါတယ်။
LG Stylo 6 ကို Helio P35 SoC ၊ RAM3GB နှင့် ပါဝါထောက်ပံ့ထားပြီး Storage 64GB ပါဝင်ပါတယ်။ microSD ကနေ ထပ်တိုးလို့ရပါတယ်။ Android 10 အခြေခံ LG UI သုံးထားပါတယ်။ ဘက်ထရီ 4000 mAh ပါဝင်ပြီး USB Type C မှ တဆင့် 148W ဖြင့် အားသွင်းနိုင်ပါမယ်။ ဒီဖုန်းမှာ 4G VoLTE ၊ Wi-Fi ၊ Bluetooth 5.0 ၊ GPS နှင့် နားကြပ်ပေါက်တို့ ပါဝင်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

6.8 လက္မ မ်က္ႏွာျပင္၊ 13MP Triple Cameras ၊ 18W Fast Charge တို႔ ပါဝင္တဲ့ LG Stylo 6 ကို ေၾကညာ

LG ဟာ LG Stylo 6 ကို အေမရိကန္မွာ ေၾကညာလာပါတယ္။ ဒီဖုန္းကို အေမရိကန္မွာ ေဈးႏႈန္း ေဒၚလာ 220 သတ္မွတ္ထားပါတယ္။ LG Stylo 6 မွာ ရွည္လ်ားတဲ့ ႐ုပ္ထြက္၊ ေက်ာဘက္ကင္မရာသုံးလုံး၊ မ်ားျပားတဲ့ ဘက္ထရီအျပင္ Fast Charging လည္း ေထာက္ပံ့ထားပါတယ္။

LG Stylo 6 Features ႏွင့္ Specifications

LG Stylo 6 က တန္ဖိုးသင့္ စမတ္ဖုန္းတစ္လုံး ျဖစ္ၿပီး LG Stylo 5 ႏွင့္ ဒီဇိုင္းပိုင္း လုံးဝကြဲျပားပါတယ္။ ေက်ာဘက္မွာ လက္ေဗြရာစနစ္ကို ထည့္သြင္းထားၿပီး ေရာင္ေျပးဒီဇိုင္း အသုံးျပဳထားပါတယ္။ ဖရိန္မွာ စတိန္းလက္စ္စတီးသုံးထားတယ္လို႔ ယူဆရၿပီး Google Assistant အတြက္ ခလုတ္ ထည့္သြင္းေပးထားပါတယ္။
ဖုန္းေအာက္ေျခမွာ Stylus ကို ထည့္သြင္းထားပါတယ္။ တန္ဖိုးသင့္ စမတ္ဖုန္းမွာ Stylus ထည့္သြင္းေပးထားတာ ေက်နပ္စရာပါ။ Samsung က သူတို႔ရဲ႕ အဆင့္ျမင့္ စမတ္ဖုန္း Galaxy Note စီးရီးမွာဘဲ Stylus ထည့္သြင္းေပးပါတယ္။
LG Stylo 6 မွာ 6.8 လက္မ Full Vision ႐ုပ္ထြက္သုံးထားပါတယ္။ LCD သုံးထားကာ Full HD+ Resolution ေထာက္ပံ့ထားပါတယ္။ Watedrop Notch မွာ ေရွ႕ကင္မရာ 13MP ကို ထည့္သြင္းထားပါတယ္။ ေက်ာဘက္ကင္မရာသုံးလုံးက 13MP+5MP Ultrawide+5MP Depth တို႔ ျဖစ္ပါတယ္။
LG Stylo 6 ကို Helio P35 SoC ၊ RAM3GB ႏွင့္ ပါဝါေထာက္ပံ့ထားၿပီး Storage 64GB ပါဝင္ပါတယ္။ microSD ကေန ထပ္တိုးလို႔ရပါတယ္။ Android 10 အေျခခံ LG UI သုံးထားပါတယ္။ ဘက္ထရီ 4000 mAh ပါဝင္ၿပီး USB Type C မွ တဆင့္ 148W ျဖင့္ အားသြင္းႏိုင္ပါမယ္။ ဒီဖုန္းမွာ 4G VoLTE ၊ Wi-Fi ၊ Bluetooth 5.0 ၊ GPS ႏွင့္ နားၾကပ္ေပါက္တို႔ ပါဝင္ပါတယ္။

\NetGuide Journal (Every Wednesday)