Realme က လာမယ့်မေလ 25 ရက်နေ့မှာ ဂိမ်းစမတ်ဖုန်းသစ်တစ်လုံးကို ကြေညာမယ်လို့ အတည်ပြုထားပါတယ်။ ယနေ့မှာ မေလ 25 ရက်နေ့မှာ မိတ်ဆက်လာမယ့် Realme ရဲ့ စမတ်ဖုန်းအမည်ကို သိခွင့်ရရှိလာပြီ ဖြစ်ပါတယ်။ Realme X50 Pro Player ဖြစ်လာမှာ ဖြစ်ကြောင်း သိရပါတယ်။ Realme X50 Pro Player ရဲ့ ကုတ်အမည်က Blade Runner ဖြစ်ပြီး မြင့်မားတဲ့စနစ်များပါဝင်ကာ Speed King စမတ်ဖုန်း ဖြစ်လာမယ်လို့ သိရပါတယ်။
Realme X50 Player က Realme X50 Pro ကို အဆင့်မြင့်ထားတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ ခဲ/ငွေရောင်ဗားရှင်းနှင့် ရွေးချယ်နိုင်ပါမယ်။ ဒီဖုန်းက ဂိမ်းအသားပေးစမတ်ဖုန်း ဖြစ်လာပါမယ်။ ဒီဖုန်းမှာ ဆော့ဝဲလ်စနစ်သစ်များ ပါဝင်လာမှာ ဖြစ်ပြီး ဂိမ်းစမတ်ဖုန်းဖြစ်တာနဲ့အညီ Snapdragon 865 SoC သုံးလာမယ်လို့ ယူဆရပါတယ်။
လက်ရှိအချိန်မှာ Realme X50 Pro Player မှာ အသုံးပြုလာမယ့်စနစ်များကို အတည်ပြုနိုင်သေးပေမယ့်လည်း ပရိသတ်များအတွက် ကောင်းမွန်တဲ့ ဂိမ်းတွေ့အကြုံပေးနိုင်မယ်ဖို့ အကောင်းဆုံး လုပ်ဆောင်လာမယ်လို့ ယုံကြည်ရပါတယ်။ Realme ဟာ Realme X50 Pro Player နှင့်အတူ မေလ 25 ရက်နေ့မှာ X50 Pro ၊ Realme TV ၊ Realme Watch ၊ နားကြပ်သစ်နှင့် Realme X3 စမတ်ဖုန်းနှစ်မျိုးတို့ကိုလည်း ကြေညာလာမယ်လို့ သိရပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Realme ရဲ႕ ဂိမ္းစမတ္ဖုန္းအမည္မွာ X50 Pro Player ျဖစ္လာမည္

Realme က လာမယ့္ေမလ 25 ရက္ေန႔မွာ ဂိမ္းစမတ္ဖုန္းသစ္တစ္လုံးကို ေၾကညာမယ္လို႔ အတည္ျပဳထားပါတယ္။ ယေန႔မွာ ေမလ 25 ရက္ေန႔မွာ မိတ္ဆက္လာမယ့္ Realme ရဲ႕ စမတ္ဖုန္းအမည္ကို သိခြင့္ရရွိလာၿပီ ျဖစ္ပါတယ္။ Realme X50 Pro Player ျဖစ္လာမွာ ျဖစ္ေၾကာင္း သိရပါတယ္။ Realme X50 Pro Player ရဲ႕ ကုတ္အမည္က Blade Runner ျဖစ္ၿပီး ျမင့္မားတဲ့စနစ္မ်ားပါဝင္ကာ Speed King စမတ္ဖုန္း ျဖစ္လာမယ္လို႔ သိရပါတယ္။
Realme X50 Player က Realme X50 Pro ကို အဆင့္ျမင့္ထားတဲ့ စမတ္ဖုန္း ျဖစ္ပါတယ္။ ခဲ/ေငြေရာင္ဗားရွင္းႏွင့္ ေ႐ြးခ်ယ္ႏိုင္ပါမယ္။ ဒီဖုန္းက ဂိမ္းအသားေပးစမတ္ဖုန္း ျဖစ္လာပါမယ္။ ဒီဖုန္းမွာ ေဆာ့ဝဲလ္စနစ္သစ္မ်ား ပါဝင္လာမွာ ျဖစ္ၿပီး ဂိမ္းစမတ္ဖုန္းျဖစ္တာနဲ႔အညီ Snapdragon 865 SoC သုံးလာမယ္လို႔ ယူဆရပါတယ္။
လက္ရွိအခ်ိန္မွာ Realme X50 Pro Player မွာ အသုံးျပဳလာမယ့္စနစ္မ်ားကို အတည္ျပဳႏိုင္ေသးေပမယ့္လည္း ပရိသတ္မ်ားအတြက္ ေကာင္းမြန္တဲ့ ဂိမ္းေတြ႕အႀကဳံေပးႏိုင္မယ္ဖို႔ အေကာင္းဆုံး လုပ္ေဆာင္လာမယ္လို႔ ယုံၾကည္ရပါတယ္။ Realme ဟာ Realme X50 Pro Player ႏွင့္အတူ ေမလ 25 ရက္ေန႔မွာ X50 Pro ၊ Realme TV ၊ Realme Watch ၊ နားၾကပ္သစ္ႏွင့္ Realme X3 စမတ္ဖုန္းႏွစ္မ်ိဳးတို႔ကိုလည္း ေၾကညာလာမယ္လို႔ သိရပါတယ္။

NetGuide Journal (Every Wednesday)