HMD Global ဟာ ယမန်နှစ်ထွက် Nokia 6.2 နေရာမှာ အစားထိုးမယ့် စမတ်ဖုန်းအဖြစ် Nokia 6.3 ကို လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ အစောပိုင်းတုန်းက NokiaPowerUser တို့ရဲ့ ဖော်ပြချက်အရ Nokia 6.3 မှာ Snapdragon 675 Chipset နှင့် ZEISS Quad Cameras သုံးလာမယ်လို့ သိရပါတယ်။ ဒါပေမယ့် ယနေ့ ထွက်ပေါ်လာမှုအရ Nokia 6.3 မှာ Snapdragon 675 သုံးလာမှာမဟုတ်ဘဲ Snapdragon 730 သုံးလာမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ကျောဘက်ကင်မရာလေးလုံးနဲ့ပတ်သက်ပြီးတော့လည်း ပိုမို သိခွင့် ရရှိလာပါတယ်။
Nokia 6.3 ရဲ့ ကျောဘက်ကင်မရာလေးလုံးမှာ အဓိကကင်မရာက 24MP ဖြစ်ပြီး ကျန်ကင်မရာများက 12MP Ultrawide ၊ 2MP Macro နှင့် 2MP Depth တို့ ဖြစ်ပါတယ်။ လက်ဗွေရာစနစ်ကို ဘောင်မှာ ပါဝါခလုတ်မှာဘဲ ထည့်သွင်းလာပါမယ်။ HMD Global ဟာ Nokia 6.3 အပြင် Nokia 7.3 ကိုလည်း လုပ်ဆောင်နေပြီး ဒီဖုန်းမှာ Snapdragn 765G အသုံးပြုလာမှာ ဖြစ်ကာ 5G သုံးနိုင်ပါမယ်။ HMD Global ဟာ ယခုနှစ်နှောင်းပိုင်းမှာ အဆင့်မြင့် စမတ်ဖုန်း Nokia 9.3 PureView ကိုလည်း လုပ်ဆောင်လျက်ရှိပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Nokia 6.3 တွင် Snapdragon 730 နှင့် 24MP Quad Cameras တို့ ပါဝင်လာမည်

