နားကြပ်ဈေးကွက်ကို True Wireless Earphones က လွှမ်းမိုးထားပါတယ်။ လက်ရှိအချိန်မှာ ကြိုးမဲ့နားကြပ်ဈေးကွက်ကို Apple က လွမ်းမိုးထားပါသေးတယ်။ AirPods ထွက်လာပြီးနောက် အခြားကုမ္ပဏီများကလည်း AirPods ဒီဇိုင်းမျိုး သုံးထားတဲ့ ကြိုးမဲ့နားကြပ်များ ထွက်လာပါတယ်။ ယခု OnePlus ကလည်း AirPods လို ဒီဇိုင်းမျိုး သုံးထားတဲ့ ကြိုးမဲ့နားကြပ် ထုတ်လုပ်ရောင်းချဖို့ လုပ်ဆောင်နေပါတယ်။
ယနေ့ ထွက်ပေါ်လာတဲ့သတင်းအရ OnePlus Wireless Earphones ကို ဇူလိုင်လတွင် ကြေညာလာမှာ ဖြစ်ကြောင်း သိရပါတယ်။ OnePlus ဟာ သူတို့ရဲ့ကြိုးမဲ့နားကြပ်ကို OnePlus Z စမတ်ဖုန်းနှင့်အတူ ကြေညာလာဖို့ ရှိပါတယ်။ လက်ရှိအချိန်မှာ OnePlus Wireless Earphones မှာ ပါဝင်လာမယ့်စနစ်များကို မသိရသေးပါဘူး။ ဒါပေမယ့် OnePlus နားကြပ်က OnePlus စမတ်ဖုန်းများလိုဘဲ အရည်အသွေးမြင့်မားပြီး ဈေးနှုန်းသက်သာလာဖို့ ရှိနေပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

AirPods ဒီဇိုင်း အသုံးပြုထားတဲ့ OnePlus Wireless Earphones ကို ဇူလိုင်လတွင် ကြေညာလာမည်

