ဂိမ်းပစ္စည်းများ ထုတ်လုပ်တဲ့ Razer ဟာ စင်္ကာပူမှာ COVID-19 ရောဂါတိုက်ဖျက်ရေး လုပ်ဆောင်မှုအနေဖြင့် လူများကို ကူညီဖို့ လုပ်ဆောင်နေပါတယ်။ Razer ဟာ ယခုလအကုန်မှာ Face Mask Vending Machines အလုံး 20 ကို နိုင်ငံတလွှား ဖြန့်ကျက်ထားထားပါမယ်။ ၎င်းတို့ဟာ သန်းပေါင်းများစွာ Face Mask များကို အခမဲ့လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ Razer က ပြောကြားမှုအရ အသုံးပြုသူများအနေဖြင့် Digital Wallet App ကို ဒေါင်းလော့ခ်လုပ်ကာ QR Scan ဖတ်ပြီး Face Mask ရရှိပါမယ်။

ကုမ္ပဏီဟာ စင်္ကာပူနိုင်ငံအားလုံး Mask ရရှိရေးအတွက် လှူဒါန်းသွားမှာလည်း ဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံမှာ လူဦးရေ 5 သန်း ရှိပါတယ်။ လက်ရှိအချိန်မှာ စင်္ကာနိုင်ငံမှာ လူပေါင်း နှစ်သောင်းကျော် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

သန်းပေါင်းများစွာသော Mask များ ဖြန့်ချိနိုင်ရေးအတွက် စင်္ကာပူတွင် Face Mask Vending Machines များကို Razer သုံးသွားမည်


