အမေရိကန်သမ္မတဒေါ်နယ်ထရန်းဟာ Huawei ကို သတင်းအချက်အလက်လုံခြုံရေး၊ တယ်လီကွန်းဝန်ဆောင်မှုများကို ခြိမ်းခြောက်နေမှုအတွက် နိုင်ငံတော် အရေးပေါ်အနေဖြင့် Huawei အား နောက်ထပ် တစ်နှစ် စီးပွားရေး ပိတ်ဆို့မှု ပြုလုပ်လိုက်ပါတယ်။ Huawei ဟာ ပြီးခဲ့တဲ့နှစ် မေလတုန်းက စတင်၍ အမေရိကန်ကုမ္ပဏီများနှင့် အလုပ်လုပ်ခွင့် စတင် ပိတ်ပင်ခြင်းခံခဲ့ရတာ ဖြစ်ပြီး ယင်းနောက်ပိုင်းမှာ ပြစ်ဒဏ်ယာယီဆိုင်းငံ့မှုများ ဆက်တိုက် ပြုလုပ်လာခဲ့ပါတယ်။

အမေရိကန်အစိုးရရဲ့ ပိတ်ပင်မှုကြောင့် Huawei အတွက် အကြီးမားဆုံး ထိုးနှက်ချက် ဖြစ်စေတာကတော့ Huawei နှင့် Honor စမတ်ဖုန်းများမှာ Google Mobile Service အသုံးပြုခွင့် မရတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း Huawei ဟာ မတ်လတုန်းက Google Mobile Service နေရာမှာ အစားထိုးဖို့အတွက် Huawei Mobile Service ကို ဖန်တီးခဲ့ပါတယ်။ Huawei ဟာ ယခုကဲ့သို့ အမေရိကန်အစိုးရက အရေးယူမှု သက်တမ်းတိုးလာမှုနဲ့အတူ Android OS နေရာမှာ Harmony OS ကို အသုံးပြုရေးအတွက် ပိုမိုသတ္တိရှိလာဖို့ သေချာနေပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

ေနာက္ထပ္တစ္ႏွစ္အထိ အေမရိကန္ကုမၸဏီမ်ားႏွင့္ စီးပြားေရးလုပ္ႏိုင္ဦးမွာမဟုတ္တဲ့ Huawei

အေမရိကန္သမၼတေဒၚနယ္ထရန္းဟာ Huawei ကို သတင္းအခ်က္အလက္လုံၿခဳံေရး၊ တယ္လီကြန္းဝန္ေဆာင္မႈမ်ားကို ၿခိမ္းေျခာက္ေနမႈအတြက္ ႏိုင္ငံေတာ္ အေရးေပၚအေနျဖင့္ Huawei အား ေနာက္ထပ္ တစ္ႏွစ္ စီးပြားေရး ပိတ္ဆို႔မႈ ျပဳလုပ္လိုက္ပါတယ္။ Huawei ဟာ ၿပီးခဲ့တဲ့ႏွစ္ ေမလတုန္းက စတင္၍ အေမရိကန္ကုမၸဏီမ်ားႏွင့္ အလုပ္လုပ္ခြင့္ စတင္ ပိတ္ပင္ျခင္းခံခဲ့ရတာ ျဖစ္ၿပီး ယင္းေနာက္ပိုင္းမွာ ျပစ္ဒဏ္ယာယီဆိုင္းငံ့မႈမ်ား ဆက္တိုက္ ျပဳလုပ္လာခဲ့ပါတယ္။

အေမရိကန္အစိုးရရဲ႕ ပိတ္ပင္မႈေၾကာင့္ Huawei အတြက္ အႀကီးမားဆုံး ထိုးႏွက္ခ်က္ ျဖစ္ေစတာကေတာ့ Huawei ႏွင့္ Honor စမတ္ဖုန္းမ်ားမွာ Google Mobile Service အသုံးျပဳခြင့္ မရတာ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း Huawei ဟာ မတ္လတုန္းက Google Mobile Service ေနရာမွာ အစားထိုးဖို႔အတြက္ Huawei Mobile Service ကို ဖန္တီးခဲ့ပါတယ္။ Huawei ဟာ ယခုကဲ့သို႔ အေမရိကန္အစိုးရက အေရးယူမႈ သက္တမ္းတိုးလာမႈနဲ႔အတူ Android OS ေနရာမွာ Harmony OS ကို အသုံးျပဳေရးအတြက္ ပိုမိုသတၱိရွိလာဖို႔ ေသခ်ာေနပါတယ္။

NetGuide Journal (Every Wednesday)