ပြီးခဲ့တဲ့လတုန်းက OPPO A52 နှင့် OPPO A72 တို့ကို ကြေညာခဲ့ပြီးနောက် OPPO ဟာ မလေးရှားမှာ OPPO A92 ကို ကြေညာလာပါတယ်။ OPPO A92 က ကြေညာရောင်းချထားပြီး ဖြစ်တဲ့ OPPO A72 ကို အမည်ပြောင်းပြီး ကြေညာလာတဲ့ စမတ်ဖုန်းဆိုရင်လည်း မမှားပါဘူး။ OPPO A92 မှာ OPPO A72 လိုဘဲ မျက်နှာပြင် 6.5 လက်မ IPS LCD FHD+ ရုပ်ထွက်၊ Snapdragon 665 ၊ ဘက်ထရီ 5000 mAh တို့ ပါဝင်ပါတယ်။

ဒီဖုန်းမှာ ကျောဘက်ကင်မရာလေးလုံး ပါဝင်ပြီး အဓိကကင်မရာက 48MP ဖြစ်ပါတယ်။ ကျန်ကင်မရာတို့က 8MP Ultrawide၊ 2MP Macro နှင့် 2MP Depth တို့ ဖြစ်ပါတယ်။ ရှေ့ကင်မရာက 16MP ဖြစ်ပါတယ်။ OPPO A92 မှာ စတီရီယိုစပီကာများ၊ နားကြပ်ပေါက်တို့ ပါဝင်ပါတယ်။ လက်ဗွေရာစနစ်ကို ဘောင်မှာ ထည့်သွင်းထားပါတယ်။ Android 10 အခြေခံ ColorOS 7.1 သုံးထားပါတယ်။ ဒီဖုန်းကို အနက်ရောင်၊ အဖြူရောင်တို့နှင့် ရွေးချယ်နိုင်ပါတယ်။ 18W Fast Charging ဖြင့် အားသွင်းနိုင်ပါမယ်။

OPPO A92 မှာ RAM8GB နှင့် Storage 128GB ပါဝင်ကာ ဈေးနှုန်း ဒေါ်လာ 280 သတ်မှတ်ထားပါတယ်။ ဒီဖုန်းကို မလေးရှားမှာ ကြိုတင်အမှာ လက်ခံနေပြီ ဖြစ်ပြီး မေလ 9 ရက်နေ့မှာ စတင်ရောင်းချသွားပါမယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

OPPO A92 အား မေလးရွားတြင္ မိတ္ဆက္လာ

ၿပီးခဲ့တဲ့လတုန္းက OPPO A52 ႏွင့္ OPPO A72 တို႔ကို ေၾကညာခဲ့ၿပီးေနာက္ OPPO ဟာ မေလးရွားမွာ OPPO A92 ကို ေၾကညာလာပါတယ္။ OPPO A92 က ေၾကညာေရာင္းခ်ထားၿပီး ျဖစ္တဲ့ OPPO A72 ကို အမည္ေျပာင္းၿပီး ေၾကညာလာတဲ့ စမတ္ဖုန္းဆိုရင္လည္း မမွားပါဘူး။ OPPO A92 မွာ OPPO A72 လိုဘဲ မ်က္ႏွာျပင္ 6.5 လက္မ IPS LCD FHD+ ႐ုပ္ထြက္၊ Snapdragon 665 ၊ ဘက္ထရီ 5000 mAh တို႔ ပါဝင္ပါတယ္။

ဒီဖုန္းမွာ ေက်ာဘက္ကင္မရာေလးလုံး ပါဝင္ၿပီး အဓိကကင္မရာက 48MP ျဖစ္ပါတယ္။ က်န္ကင္မရာတို႔က 8MP Ultrawide၊ 2MP Macro ႏွင့္ 2MP Depth တို႔ ျဖစ္ပါတယ္။ ေရွ႕ကင္မရာက 16MP ျဖစ္ပါတယ္။ OPPO A92 မွာ စတီရီယိုစပီကာမ်ား၊ နားၾကပ္ေပါက္တို႔ ပါဝင္ပါတယ္။ လက္ေဗြရာစနစ္ကို ေဘာင္မွာ ထည့္သြင္းထားပါတယ္။ Android 10 အေျခခံ ColorOS 7.1 သုံးထားပါတယ္။ ဒီဖုန္းကို အနက္ေရာင္၊ အျဖဴေရာင္တို႔ႏွင့္ ေ႐ြးခ်ယ္ႏိုင္ပါတယ္။ 18W Fast Charging ျဖင့္ အားသြင္းႏိုင္ပါမယ္။

OPPO A92 မွာ RAM8GB ႏွင့္ Storage 128GB ပါဝင္ကာ ေဈးႏႈန္း ေဒၚလာ 280 သတ္မွတ္ထားပါတယ္။ ဒီဖုန္းကို မေလးရွားမွာ ႀကိဳတင္အမွာ လက္ခံေနၿပီ ျဖစ္ၿပီး ေမလ 9 ရက္ေန႔မွာ စတင္ေရာင္းခ်သြားပါမယ္။

NetGuide Journal (Every Wednesday)