OnePlus 8 နှင့် OnePlus 8 Pro တို့ကို လာမယ့် ဧပြီလ 14 ရက်နေ့မှာ မိတ်ဆက်သွားပါမယ်။ OnePlus 8 စီးရီးကို မကြေညာခင်မှာ ဒီဖုန်းတွေနဲ့ပတ်သက်ပြီး သတင်းတွေ အများကြီး ထွက်ပေါ်ထားပြီး ဖြစ်ပါတယ်။ ယနေ့မှာ OnePlus 8 နှင့် OnePlus 8 Pro တို့မှာ အသုံးပြုလာမယ့် စနစ်အပြည့်အစုံနှင့် ဈေးနှုန်းတို့ ပေါက်ကြားလာပြီ ဖြစ်ပါတယ်။

OnePlus 8

OnePlus 8 မှာ မျက်နှာပြင် 6.55 လက်မ 90Hz Fluid AMOLED 2400x1080px Resolution ၊ 20:9 Aspect Ratio ၊ 402 ppi ၊ HDR ထောက်ပံ့ထားပါတယ်။ ကျောဘက်ကင်မရာ လေးလုံးပါဝင်ပါတယ်။ အဓိကကင်မရာက 48MP f/1.75 Sony IMX586 Sensor သုံးထားပြီး OIS နှင့် EIS ထောက်ပံ့ထားပါတယ်။ ဒုတိယကင်မရာက 116 ဒီဂရီမြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ 16MP f/2.2 Ultrawide ဖြစ်ပြီး တတိယကကင်မရာက 2MP f/2.4 Macro ဖြစ်ပါတယ်။ ဗီဒီယိုရိုက်ကူးမှုကို 4K UHD 30/60fps ဖြင့် ရိုက်ကူးနိုင်ပါတယ်။ ရှေ့ကင်မရာက 16MP f/2.0 Sony IMX471 ဖြစ်ပါတယ်။ ဗီဒီယိုရိုက်ကူးမှုကို 1080p 30fps ဖြင့် ရိုက်ကူးနိုင်ပါတယ်။
Qualcomm Snapdragon 865 SoC နှင့် ပါဝါထောက်ပံ့ထားကာ RAM8GB/12GB တို့ဖြင့် ရွေးချယ်နိုင်ပြီး Storage 128GB/256GB ပါဝင်ပါတယ်။ In-Display Fingerprint Scanner ပါဝင်ကာ အသံပိုင်းအတွက် Dolby Atmos ထောက်ပံ့ထားတဲ့ စတီရီယိုစပီကာများ ပါဝင်ပါတယ်။ ဘက်ထရီ 4300 mAh ပါဝင်ပြီး 30W Warp Charge 30T ဖြင့် အားသွင်းနိုင်ပါမယ်။

OnePlus 8 Pro

OnePlus 8 Pro မှာ မျက်နှာပြင် 6.78 လက်မ 3168×1440 px 120Hz Refresh Rate Fluid AMOLED ရုပ်ထွက်သုံးထားပြီး 19:8:9 Asepect Raatio သုံးထားပါတယ်။ အလင်းပေးမှု 513 ppi အထိ ပေးနိုင်ကာ HDR10+ ထောက်ပံ့ထားပါတယ်။ ကျောဘက်ကင်မရာလေးလုံးပါဝင်ပြီး 48MP f/1.78 Sony IMX689 (OIS+EIS)+48MP f/2.2 Sony IMX586 Ultrawide (120 Degree)+8MP f/2.4 Telephoto (3x Optical Zoom)+5MP Color Filter တို့ ပါဝင်ပါတယ်။ ရှေ့ကင်မရာက 16MP f/2.4 Sony IMX471 ဖြစ်ပါတယ်။ ဒီဖုန်းကိုလည်း Snapdragon 865 SoC နှင့်ဘဲ ပါဝါထောက်ပံ့ထားကာ RAM8GB/12GB LPDDR5 တို့ဖြင့် ရွေးချယ်နိုင်ပါတယ်။ Storage 128GB/256GB တို့ ပါဝင်ပါမယ်။ In-Display Fingerprint Scanner ၊ Dolby Atmos ထောက်ပံ့ထားတဲ့ စတီရီယိုစပီကာတို့ ပါဝင်ပါတယ်။ IP68 ရရှိထားတာကြောင့် ရေစိမ်ခံနိုင်ပါတယ်။ ဒီဖုန်းက IP68 ရယူထားတဲ့ ပထမဆုံး OnePlus စမတ်ဖုန်း ဖြစ်ပါတယ်။ ဘက်ထရီ 4510 mAh ပါဝင်ပြီး 30W Warp Charge 30T ၊ 30W Wireless Charging ၊ 3W Reverse Wireless Charging တို့ဖြင့် အားသွင်းနိုင်ပါမယ်။

ဈေးနှုန်း

OnePlus 8 ရဲ့ 8GB/128GB ကို ယူရို 729 နှင့် 12GB/256GB ကို ယူရို 853 သတ်မှတ်ထားပါတယ်။ OnePlus 8 Pro ရဲ့ 8GB/128GB ကို ယူရို 930 နှင့် 12GB/256GB ကို ယူရို 1020 သတ်မှတ်ထားပါတယ်။ ဖုန်းနှစ်မျိုးလုံးတို့ကို ဧပြီလ 30 မှာ စတင်ရောင်းချသွားပါမယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

OnePlus 8 နှင့် OnePlus 8 Pro တို့မှာ သုံးလာမယ့်စနစ်အပြည့်အစုံနှင့် ဈေးနှုန်းပေါက်ကြားလာ


OnePlus 8


OnePlus 8 Pro


ဈေးနှုန်း

