Samsung ရဲ့ Galaxy A (2020) မော်ဒယ်များကို အမေရိကန်ဈေးကွက်မှာ ရောင်းချလာပြီ ဖြစ်ပါတယ်။ Samsung ဟာ Galaxy A (2020) မော်ဒယ်အချို့ကို ယနေ့မှာ အမေရိကန်မှာ စတင်ရောင်းချလာပြီ ဖြစ်ပြီး အချို့ကို နွေရာသီကာလအတွင်းမှာ ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Samsung ဟာ Galaxy A (2020) ဖုန်းသစ်အချို့တို့ကိုလည်း ကြေညာလာပါတယ်။ Samsung Galaxy A71 5G နှင့် Galaxy A21 ကိုလည်း ကြေညာလာတာလည်း ဖြစ်ပါတယ်။

Samsung Galaxy A71 5G မှာ မျက်နှာပြင် 6.7 လက်မ Super AMOLED 1080p+ ရုပ်ထွက်သုံးထားပါတယ်။ 32MP Punch-Hole Selfie Camera ပါဝင်ပါတယ်။ကျောဘက်ကင်မရာလေးလုံးပါဝင်ပြီး 64MP+12MP Ultrawide+5MP Macro+5MP Depth တို့ သုံးထားပါတယ်။ ဘက်ထရီ 4500 mAh ပါဝင်ပြီး 25W Fast Charging ထောက်ပံ့ထားပါတယ်။ ဒီဖုန်းမှာ သုံးထားတဲ့ Chipset ကို ဖော်ပြထားခြင်း မရှိပေမယ့်လည်း Snapdragon 765G ဖြစ်လာဖို့ သေချာပါတယ်။

Samsung Galaxy A21 က အလယ်အလတ်တန်း စမတ်ဖုန်း ဖြစ်ပြီး ဈေးနှုန်း ဒေါ်လာ 250 သတ်မှတ်ထားပါတယ်။ ဒီဖုန်းမှာ မျက်နှာပြင် 6.5 လက်မ 720p+ ရုပ်ထွက်သုံးထားပါတယ်။ ဘက်ထရီ 4000 mAh ပါဝင်ပြီး 15W Fast Charing ဖြင့် အားသွင်းနိုင်ပါမယ်။ RAM3GB နှင့် Storage 321GB ပါဝင်ပြီး microSD ကနေ ထပ်မံတိုးမြှင့် နိုင်ပါမယ်။

ကျောဘက်ကင်မရာလေးလုံး ပါဝင်ကာ 16MP+8MP Ultrawide+2MP Macro+2MP Depth ဖြစ်ပါတယ်။ ရှေ့ကင်မရာ 13MP ကို Punch-Hole မှာ ထည့်သွင်းထားပါတယ်။ ဘယ် Chipset အသုံးပြုထားလဲ မသိရသေးပါဘူး။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Galaxy A71 5G ႏွင့္ Galaxy A21 တို႔ကို Samsung ေၾကညာ

Samsung ရဲ႕ Galaxy A (2020) ေမာ္ဒယ္မ်ားကို အေမရိကန္ေဈးကြက္မွာ ေရာင္းခ်လာၿပီ ျဖစ္ပါတယ္။ Samsung ဟာ Galaxy A (2020) ေမာ္ဒယ္အခ်ိဳ႕ကို ယေန႔မွာ အေမရိကန္မွာ စတင္ေရာင္းခ်လာၿပီ ျဖစ္ၿပီး အခ်ိဳ႕ကို ေႏြရာသီကာလအတြင္းမွာ ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Samsung ဟာ Galaxy A (2020) ဖုန္းသစ္အခ်ိဳ႕တို႔ကိုလည္း ေၾကညာလာပါတယ္။ Samsung Galaxy A71 5G ႏွင့္ Galaxy A21 ကိုလည္း ေၾကညာလာတာလည္း ျဖစ္ပါတယ္။

Samsung Galaxy A71 5G မွာ မ်က္ႏွာျပင္ 6.7 လက္မ Super AMOLED 1080p+ ႐ုပ္ထြက္သုံးထားပါတယ္။ 32MP Punch-Hole Selfie Camera ပါဝင္ပါတယ္။ေက်ာဘက္ကင္မရာေလးလုံးပါဝင္ၿပီး 64MP+12MP Ultrawide+5MP Macro+5MP Depth တို႔ သုံးထားပါတယ္။ ဘက္ထရီ 4500 mAh ပါဝင္ၿပီး 25W Fast Charging ေထာက္ပံ့ထားပါတယ္။ ဒီဖုန္းမွာ သုံးထားတဲ့ Chipset ကို ေဖာ္ျပထားျခင္း မရွိေပမယ့္လည္း Snapdragon 765G ျဖစ္လာဖို႔ ေသခ်ာပါတယ္။

Samsung Galaxy A21 က အလယ္အလတ္တန္း စမတ္ဖုန္း ျဖစ္ၿပီး ေဈးႏႈန္း ေဒၚလာ 250 သတ္မွတ္ထားပါ တယ္။ ဒီဖုန္းမွာ မ်က္ႏွာျပင္ 6.5 လက္မ 720p+ ႐ုပ္ထြက္သုံးထားပါတယ္။ ဘက္ထရီ 4000 mAh ပါဝင္ၿပီး 15W Fast Charing ျဖင့္ အားသြင္းႏိုင္ပါမယ္။ RAM3GB ႏွင့္ Storage 321GB ပါဝင္ၿပီး microSD ကေန ထပ္မံတိုးျမႇင့္ ႏိုင္ပါမယ္။

ေက်ာဘက္ကင္မရာေလးလုံး ပါဝင္ကာ 16MP+8MP Ultrawide+2MP Macro+2MP Depth ျဖစ္ပါတယ္။ ေရွ႕ကင္မရာ 13MP ကို Punch-Hole မွာ ထည့္သြင္းထားပါတယ္။ ဘယ္ Chipset အသုံးျပဳထားလဲ မသိရေသးပါဘူး။

NetGuide Journal (Every Wednesday)