Apple ဟာ 2013 ခုနှစ်၊ ဩဂုတ်လ 1 ရက်နေ့တုန်းက Beats Electronics ကို ဒေါ်လာ 3 ဘီလီယမ်နှင့် ဝယ်ယူခဲ့ပါတယ်။ ယင်း ဝယ်ယူမှုဟာ Apple ရဲ့ သမိုင်းမှာ ငွေအများဆုံးသုံး ဝယ်ယူမှုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ယနေ့ ထွက်ပေါ်လာတဲ့သတင်းအရ Apple ဟာ Beats အမှတ်တံဆိပ် နားကြပ် ထုတ်လုပ်မှုကို ရပ်ဆိုင်းသွားတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
Apple ဟာ AirPods နားကြပ်ဗားရှင်းအမျိုးမျိုး ထုတ်လုပ်ရောင်းချဖို့ လုပ်ဆောင်ထားပြီး တစ်ဖက်မှာ Beats နားကြပ်နှင့်ပတ်သက်ပြီး ဆန်းသစ်တီထွင်မှုကို တဖြည်းဖြည်းချင်းလျှော့ချသွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ Apple ဟာ BeatsX နားကြပ်နေရာမှာ အစားထိုးဖို့အတွက် AirPods X ကို ထုတ်လုပ်ရောင်းချဖို့ လုပ်ဆောင်နေပါတယ်။ ယင်းနားကြပ်ဈေးနှုန်းက ဒေါ်လာ 350 ဖြစ်လာမှာ ဖြစ်ပြီး Bose နှင့် Beats နားကြပ်တို့ ဈေးကွက်အများဆုံး ရရှိနေတဲ့ ဈေးကွက်တို့မှာ အဓိကထား ရောင်းချသွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။
အခြားတစ်ဖက်မှာ Apple ဟာ Beats နားကြပ်များကိုလည်း ဈေးနှုန်းလျှော့ချ ရောင်းချနေပါတယ်။ ထွက်ထားတာ တစ်နှစ်တောင် မပြည့်သေးတဲ့ PowerBeats Pro ကို ဈေးနှုန်း ဒေါ်လာ 50 လျှော့ရောင်းနေသလို Apple ဝန်ထမ်းများဆိုရင် ဈေးနှုန်း 40 ရာခိုင်နှုန်းအထိ လျှော့ဈေးဖြင့် ရောင်းချနေပါတယ်။
Apple ဟာ 2016 ခုနှစ်မှာ ကိုယ်ပိုင် ကြိုးမဲ့နားကြပ်အဖြစ် AirPods ကို စတင် ထုတ်လုပ်ရောင်းချခဲ့ပြီး ယခုအခါ ကြိုးမဲ့နားကြပ်ဈေးကွက်ရဲ့ နံပါတ်တစ်နေရာကို ရယူထားပါတယ်။ ဒါကြောင့်လည်း Apple ဟာ Beats အမှတ်တံဆိပ် နားကြပ် ထုတ်လုပ်ရောင်းချမှုကို ရပ်ဆိုင်းဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

AirPods ေအာင္ျမင္ေနမႈနဲ႔အတူ Beats နားၾကပ္ ထုတ္လုပ္ေရာင္းခ်မႈကို Apple ရပ္ဆိုင္းေတာ့မလား

Apple ဟာ 2013 ခုႏွစ္၊ ဩဂုတ္လ 1 ရက္ေန႔တုန္းက Beats Electronics ကို ေဒၚလာ 3 ဘီလီယမ္ႏွင့္ ဝယ္ယူခဲ့ပါတယ္။ ယင္း ဝယ္ယူမႈဟာ Apple ရဲ႕ သမိုင္းမွာ ေငြအမ်ားဆုံးသုံး ဝယ္ယူမႈလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ ယေန႔ ထြက္ေပၚလာတဲ့သတင္းအရ Apple ဟာ Beats အမွတ္တံဆိပ္ နားၾကပ္ ထုတ္လုပ္မႈကို ရပ္ဆိုင္းသြားေတာ့မွာ ျဖစ္ေၾကာင္း သိရပါတယ္။
Apple ဟာ AirPods နားၾကပ္ဗားရွင္းအမ်ိဳးမ်ိဳး ထုတ္လုပ္ေရာင္းခ်ဖို႔ လုပ္ေဆာင္ထားၿပီး တစ္ဖက္မွာ Beats နားၾကပ္ႏွင့္ပတ္သက္ၿပီး ဆန္းသစ္တီထြင္မႈကို တျဖည္းျဖည္းခ်င္းေလွ်ာ့ခ်သြားဖို႔ စီစဥ္ထားေၾကာင္း သိရပါတယ္။ Apple ဟာ BeatsX နားၾကပ္ေနရာမွာ အစားထိုးဖို႔အတြက္ AirPods X ကို ထုတ္လုပ္ေရာင္းခ်ဖို႔ လုပ္ေဆာင္ေနပါတယ္။ ယင္းနားၾကပ္ေဈးႏႈန္းက ေဒၚလာ 350 ျဖစ္လာမွာ ျဖစ္ၿပီး Bose ႏွင့္ Beats နားၾကပ္တို႔ ေဈးကြက္အမ်ားဆုံး ရရွိေနတဲ့ ေဈးကြက္တို႔မွာ အဓိကထား ေရာင္းခ်သြားဖို႔ စီစဥ္ေနေၾကာင္း သိရပါတယ္။
အျခားတစ္ဖက္မွာ Apple ဟာ Beats နားၾကပ္မ်ားကိုလည္း ေဈးႏႈန္းေလွ်ာ့ခ် ေရာင္းခ်ေနပါတယ္။ ထြက္ထားတာ တစ္ႏွစ္ေတာင္ မျပည့္ေသးတဲ့ PowerBeats Pro ကို ေဈးႏႈန္း ေဒၚလာ 50 ေလွ်ာ့ေရာင္းေနသလို Apple ဝန္ထမ္းမ်ားဆိုရင္ ေဈးႏႈန္း 40 ရာခိုင္ႏႈန္းအထိ ေလွ်ာ့ေဈးျဖင့္ ေရာင္းခ်ေနပါတယ္။
Apple ဟာ 2016 ခုႏွစ္မွာ ကိုယ္ပိုင္ ႀကိဳးမဲ့နားၾကပ္အျဖစ္ AirPods ကို စတင္ ထုတ္လုပ္ေရာင္းခ်ခဲ့ၿပီး ယခုအခါ ႀကိဳးမဲ့နားၾကပ္ေဈးကြက္ရဲ႕ နံပါတ္တစ္ေနရာကို ရယူထားပါတယ္။ ဒါေၾကာင့္လည္း Apple ဟာ Beats အမွတ္တံဆိပ္ နားၾကပ္ ထုတ္လုပ္ေရာင္းခ်မႈကို ရပ္ဆိုင္းဖို႔ စီစဥ္ေနတာလည္း ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)