Huawei ဟာ ပထမဆုံး OLED TV ကို ကြေညာလာပါတယ်။ Huawei Vision X65 ဖြစ်ပါတယ်။ 65 လက်မ OLED Panel သုံးထားပြီး 120Hz Refresh Rate ပါဝင်ပါတယ်။  ထောက်ပံ့စနစ်တွေထဲမှာ HDR လည်း ပါဝင်ပါတယ်။ Huawei က အလင်းပေးနိုင်မှု 1000 nits အထိ ရှိပါတယ်။

ဒါ့အပြင် Huawei Vision X65 က TUV Rheiland ရဲ့ မျက်လုံးထိခိုက်မှုမရှိကြောင်း ထောက်ခံချက် ရရှိထားတဲ့ အကြီးမားဆုံး ရုပ်ထွက်ပါ Product လည်း ဖြစ်ပါတယ်။ အသံပိုင်းအတွက် စပီကာ 14 လုံး ပါဝင်ပြီး စုစုပေါင်း 75W အထိ အသံပေးစွမ်းနိုင်ပါတယ်။ 24MP Pop-Up Camera လည်း ပါဝင်ကာ ဗီဒီယိုဖုန်းခေါ်ဆိုမှုပြုလုပ်ရာမှာ သုံးနိုင်ပါတယ်။

HiSilicon Hi3559C Chipset နှင့် ပါဝါထောက်ပံ့ထားပြီး AI စနစ်ပါဝင်ပါတယ်။ RAM6GB နှင့် Storage 128GB ပါဝင်ပါတယ်။ Huawei Vision X65 ကို ဈေးနှုန်း ဒေါ်လာ 3,500 သတ်မှတ်ထားပြီး တရုတ်မှာ ကြိုတင်အမှာ လက်ခံနေပြီ ဖြစ်ပါတယ်။ လာမယ့် ဧပြီလ 26 ရက်နေ့မှာ စတင်ရောင်းချသွားပါမယ်။ Huawei ဟာ Vision X65 အပြင် Vision TV ဟောင်းကို အဆင့်မြင့်ထားတဲ့ Visoin V55 ကိုလည်း ကြေညာလာပါတယ်။ ယင်းတီဗွီဈေးနှုန်းက ဒေါ်လာ 540 ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

120Hz Refresh Rate ပါ ပထမဆုံး OLED TV အျဖစ္ Vision X65 ကို Huawei ေၾကညာ

Huawei ဟာ ပထမဆုံး OLED TV ကို ေၾကညာလာပါတယ္။ Huawei Vision X65 ျဖစ္ပါတယ္။ 65 လက္မ OLED Panel သုံးထားၿပီး 120Hz Refresh Rate ပါဝင္ပါတယ္။  ေထာက္ပံ့စနစ္ေတြထဲမွာ HDR လည္း ပါဝင္ပါတယ္။ Huawei က အလင္းေပးႏိုင္မႈ 1000 nits အထိ ရွိပါတယ္။

ဒါ့အျပင္ Huawei Vision X65 က TUV Rheiland ရဲ႕ မ်က္လုံးထိခိုက္မႈမရွိေၾကာင္း ေထာက္ခံခ်က္ ရရွိထားတဲ့ အႀကီးမားဆုံး ႐ုပ္ထြက္ပါ Product လည္း ျဖစ္ပါတယ္။ အသံပိုင္းအတြက္ စပီကာ 14 လုံး ပါဝင္ၿပီး စုစုေပါင္း 75W အထိ အသံေပးစြမ္းႏိုင္ပါတယ္။ 24MP Pop-Up Camera လည္း ပါဝင္ကာ ဗီဒီယိုဖုန္းေခၚဆိုမႈျပဳလုပ္ရာမွာ သုံးႏိုင္ပါတယ္။

HiSilicon Hi3559C Chipset ႏွင့္ ပါဝါေထာက္ပံ့ထားၿပီး AI စနစ္ပါဝင္ပါတယ္။ RAM6GB ႏွင့္ Storage 128GB ပါဝင္ပါတယ္။ Huawei Vision X65 ကို ေဈးႏႈန္း ေဒၚလာ 3,500 သတ္မွတ္ထားၿပီး တ႐ုတ္မွာ ႀကိဳတင္အမွာ လက္ခံေနၿပီ ျဖစ္ပါတယ္။ လာမယ့္ ဧၿပီလ 26 ရက္ေန႔မွာ စတင္ေရာင္းခ်သြားပါမယ္။ Huawei ဟာ Vision X65 အျပင္ Vision TV ေဟာင္းကို အဆင့္ျမင့္ထားတဲ့ Visoin V55 ကိုလည္း ေၾကညာလာပါတယ္။ ယင္းတီဗြီေဈးႏႈန္းက ေဒၚလာ 540 ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)