ဗြိတိန်ထိပ်သီး ဂိမ်းကုမ္ပဏီတို့ဟာ သူတို့ရဲ့ ဂိမ်းများမှာ COVID-19 တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် ကြော်ငြာများကို ထည့်သွင်းလာပါတယ်။ Candy Crush Saga ၊ Dirty Rally 2.0 နှင့် Sniper Elite 4 တို့ဟာ COVID-19 ကြော်ငြာများ ထည့်သွင်းလာတဲ့ ဂိမ်းများထဲမှာ ပါဝင်ပါတယ်။ ဂိမ်းများမှာ အဓိက ထည့်သွင်းလာတဲ့ ကြော်ငြာကတော့ Stay Home Save Lives ဆိုတဲ့စာသား ဖြစ်ပါတယ်။

Rebellion Developments ရဲ့ အမှုဆောင်ချုပ်ဂျေဆင်ကိန်းစလေက လူများ အိမ်တွင်နေစေရန် နှိုးဆော်တဲ့အနေဖြင့် ယင်းသို့ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဆိုထားပါတယ်။ Rebellion ဟာ Strange Brigade ၊ Sniper Elite ဂိမ်းတို့ အဖွင့်မှာ COVID-19 သတိပေးစာများကိုလည်း ထည့်သွင်းထားပါသေးတယ်။ Dirt Rally မှာတော့ ပြိုင်ပွဲပြေးလမ်းဘေးမှ ဆိုင်းဘုတ်တို့မှာ COVID-19 တိုက်ဖျက်ရေး ကြော်ငြာထည့်သွင်းထားပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

COVID-19 ကြော်ငြာအဖြစ် Stay At Home စာသားကို ဂိမ်းများတွင် ထည့်သွင်းလာ

