COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့နေခြင်းမှာ 5G ကြောင့်ဟု သတင်းများ ထွက်ပေါ်ပြီးနောက် ဗြိတိန်နိုင်ငံမှ ဘာမင်ဂမ်၊ မာဆေးဆိုက်ဒေသတို့မှာ မိုဘိုင်းဖုန်းတာဝါတိုင်များကို လူများ မီးရှို့မှုများ ဖြစ်ပျက်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဗြိတိန်အစိုးရဟာ 5G ကြောင့် COVID-19 ကပ်ရောဂါ ကူးစပ်ပျံ့နေနေခြင်းဖြစ်သည်ဟု ဆိုရှယ်မီဒီယာများမှာ ပျံနှံ့နေတဲ့သတင်းတုများကို ဖယ်ရှားဖို့ နည်းပညာကုမ္ပဏီများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
ဗြိတိန် ယဉ်ကျေးမှုအတွင်းဝန် အိုလီဗာဒေါ်ဒန်ဟာ နည်းပညာကုမ္ပဏီများမှ ကိုယ်စားလှယ်များနှင့် ဗီဒီယိုတွေ့ဆုံမှု ပြုလုပ်ကာ သတင်းတုများကို ဖြုတ်ချနိုင်ရေးအတွက် ကြိုးပမ်းသွားမှာလည်း ဖြစ်ပါတယ်။ COVID-19 နှင့် 5G ဆက်စပ်နေသည်ဆိုသည်မှာ အခြေအမြစ်မရှိတဲ့ အရာဟု သိပ္ပံပညာရှင်များကိုယ်တိုင်က ပြောကြားနေပေမယ့်လည်း အထက်ပါသတင်းများက ဆိုရှယ်မီဒီယာများမှ ပျံ့နှံ့နေတုန်း ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

5G ကြောင့် COVID-19 ဖြစ်သည်ဆိုသည့်သတင်းများကို ဖြုတ်ချရန် နည်းပညာကုမ္ပဏီများကို ဗြိတိန်အစိုးရ လုပ်ဆောင်မည်

