တရုတ်စမတ်ဖုန်းကုမ္ပဏီ Vivo ဟာ ဂလိုဘယ်ဗားရှင်း Vivo V19 ကို ကြေညာလာပါတယ်။ Vivo V19 က Vivo ရဲ့ Dual Selfie Camera ပါ ပထမဆုံး စမတ်ဖုန်းလည်း ဖြစ်သလို ဒီဖုန်းကို Qualcomm Snapdragon 712 Processor နှင့် ပါဝါထောက်ပံ့ထားပါတယ်။ လက်ရှိအချိန်မှာ Vivo V19 ရဲ့ ဈေးနှုန်းကိုတော့ မကြေညာသေးပါဘူး။

Vivo V19 Specifications

Vivo V19 မှာ မျက်နှာပြင် 6.44 လက်မ FHD+ Super AMOLED 2400x1080px Resolution ရုပ်ထွက် သုံးထားပါတယ်။ Android 10 OS အခြေခံ FunTouchOS 10 သုံးထားပါတယ်။
Qualcomm Snapdragon 712 ၊ RAM8GB နှင့် ပါဝါထောက်ပံ့ထားပြီး 128GB ၊ 256GB ဗားရှင်းတို့နှင့် ရွေးချယ်နိုင်ပါမယ်။ ဘက်ထရီ 4500 mAh ပါဝင်ပြီး 33W Fast Charging ပါဝင်ပါတယ်။

အရောင်များအနေဖြင့် Vivo V19 ကို Gleam Black ၊ Sleek Silver အရောင်တို့နှင့် ရွေးချယ်နိုင်ပြီး ရှေ့ကင်မရာနှစ်လုံးအပြင် ကျောဘက်ကင်မရာလေးလုံး ပါဝင်ပါတယ်။ ကျောဘက်ကင်မရာလေးလုံးက 48MP f/1.798+8MP f/2.2 Ultrawide+2MP Depth+2MP Macro တို့ ဖြစ်ပါတယ်။ ရှေ့ကင်မရာနှစ်လုံးက 32MP f/2.08+8MP f/2.28 Ultrawide ဖြစ်ပါတယ်။

ကွန်ယက်ပိုင်းအနေဖြင့် Bluetooth 5.0 ၊ 2.4GHz Wi-Fi ၊ USB Type C တို့ ပါဝင်ပါတယ်။ ဆင်ဆာများအနေဖြင့် Accelerometer ၊ Ambient Light Sensor ၊ Gyroscope ၊ E-Compass တို့အပြင် အခြားဆင်ဆာများ ပါဝင်ပါတယ်။ Dual SIM သုံးနိုင်ပါမယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

32MP Dual Selfie Camera ၊ Snapdragn 712 SoC အသုံးပြုထားတဲ့ Vivo V19 ကို ကြေညာ





