ပြီးခဲ့တဲ့လတုန်းက Samsung Galaxy A21 လို့ ယူဆရတဲ့ Samsung စမတ်ဖုန်းတစ်လုံးကို Geekbench မှာ တင်ခဲ့ပါတယ်။ Geekbench မှာ Samsung Galaxy A21 မှာ သုံးလာမယ့် အရေးပါတဲ့စနစ်များကို ဖော်ပြထားပါတယ်။ ယင်းမှာ ဖော်ပြမှုအရ Samsung Galaxy A21 မှာ Helio P35 SoC ၊ RAM3GB အသုံးပြုထားပြီး ဘက်ထရီ 4000 mAh ၊ AMOLED Infinity-O Display ၊ ကျောဘက်ကင်မရာလေးလုံး၊ Android 10 အခြေခံ One UI 2.0 သုံးလာမယ်လို့ သိရပါတယ်။

ယနေ့မှာ Samsung Galaxy A21s ကို Geekbench မှာ တင်လာပါတယ်။ Galaxy A21s ရဲ့ မော်ဒယ်နံပါတ်က SM-A217F ဖြစ်ပါတယ်။ ယင်းမှာ Galaxy A21s မှာ သုံးလာမယ့် စနစ်အချို့တို့ကို ဖော်ပြထားပါတယ်။ ဒီဖုန်းကို ကြေညာရခြင်း မရှိသေးတဲ့ Exynos 850 SoC အသုံးပြုလာမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် RAM3GB နှင့် Android 10 သုံးထားကြောင်း သိရပါတယ်။
SamMobile မှာ ဖော်ပြထားမှုအရ Samsung Galaxy A21s ကို 32GB/64GB ဗားရှင်းတို့နှင့် ရွေးချယ်နိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ အရောင်များအနေဖြင့် အနက်ရောင်၊ အပြာရောင်၊ အဖြူရောင်၊ အနီရောင်တို့နှင့် ထွက်လာမှာ ဖြစ်ပါတယ်။ ဒီဖုန်းရဲ့ ကျောဘက်ကင်မရာတွေထဲမှာ 2MP Macro ကင်မရာပါဝင်လာမယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ Samsung Galaxy A21s ကို ဘယ်တော့ ကြေညာလာမလဲ မသိရသေးပါဘူး။ လာမယ့် ရက်သတ္တပတ်တွေမှာ ဒီဖုန်းနဲ့ပတ်သက်ပြီး သတင်းတွေ ပိုမိုထွက်လာဖို့ မျှော်လင့်ရပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Exynos 850 SoC အသုံးပြုလာမယ့် Samsung Galaxy A21s


