App Annie ရဲ့ ဖော်ပြချက်အရ 2020 ခုနှစ်၊ ပထမသုံးလအတွင်းမှာ လူများဟာ App မှာ ငွေသုံးစွဲမှု အလွန်မြင့်မားခဲ့ကြောင်း သိရပါတယ်။ 2020 ခုနှစ်မှာ တစ်ကမ္ဘာလုံး COVID-19 ကပ်ရောဂါကြောင့် အိမ်တွင်းအောင်းနေရမှုနဲ့အတူ မိုဘိုင်းဖုန်း အသုံးပြုမှုကလည်း အလွန်မြင့်မားလာခဲ့တာ ဖြစ်ပါတယ်။

Android စမတ်ဖုန်း အသုံးပြုသူများရဲ့ App နှင့် ဂိမ်းတို့မှာ အချိန်ဖြုန်းမှုက လွန်ခဲ့တဲ့ 2019 ခုနှစ် ပထမသုံးလတုန်းကထက် 20 ရာခိုင်နှုန်းအထိ မြင့်မားလာခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ လူများဟာ တစ်နေ့လျှင် ပျမ်းမျှ 5 နာရီ အသုံးပြုပြီး အမေရိကန်၊ အီတလီ၊ ပြင်သစ်တို့မှာလည်း ဂိမ်းမဟုတ်တဲ့ အခြား App များ အသုံးပြုမှု မြင့်မားလာပါတယ်။

စမတ်ဖုန်း အသုံးပြုသူများဟာ ဇန်နဝါရီလမှ မတ်လအထိ ကာလအတွင်းမှာ App ဒေါင်းလော့ခ်လုပ်မှု 31.5 ဘီလီယမ်အထိ ရှိခဲ့ပါတယ်။ ယမန်နှစ် ပထမသုံးလတုန်းက 22.5 ဘီလီယမ်ဘဲ ရှိနေခဲ့ပါတယ်။ စုစုပေါင်း ဝင်ငွေက ဒေါ်လာ 23.4 ဘီလီယမ် ရရှိပြီး iOS မှ ဒေါ်လာ 15 ဘီလီယမ်၊ Android မှ ဒေါ်လာ 8.3 ဘီလီယမ် အသီးသီး ရရှိခဲ့ပါတယ်။

iOS မှာ ငွေသုံးစွဲမှု အမြင့်ဆုံး နိုင်ငံများက တရုတ်နှင့် အမေရိကန်ဖြစ်ပြီး Android မှာ ငွေသုံးစွဲမှု အများဆုံး နိုင်ငံများက တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်၊ အိန္ဒိယ၊ ဘရာဇီးတို့ ဖြစ်ပါတယ်။ iOS နှင့် Android တို့မှာ ဒေါင်းလော့ခ်အများဆုံး App က TikTok ဖြစ်ပြီး သူ့နောက်မှာ WhatsApp ၊ Facebook ၊ Instagram ၊ Facebook Messenger ၊ Likee ၊ Snapchat ၊ SHAREit ၊ Netflix ၊ Spotify တို့ ရပ်တည်နေပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

2020 ခုႏွစ္ ပထမသုံးလတြင္ Apple App Store ႏွင့ Google Play Store တို႔ရဲ႕ ဝင္ေငြျမင့္မားခဲ့

App Annie ရဲ႕ ေဖာ္ျပခ်က္အရ 2020 ခုႏွစ္၊ ပထမသုံးလအတြင္းမွာ လူမ်ားဟာ App မွာ ေငြသုံးစြဲမႈ အလြန္ျမင့္မားခဲ့ေၾကာင္း သိရပါတယ္။ 2020 ခုႏွစ္မွာ တစ္ကမာၻလုံး COVID-19 ကပ္ေရာဂါေၾကာင့္ အိမ္တြင္းေအာင္းေနရမႈနဲ႔အတူ မိုဘိုင္းဖုန္း အသုံးျပဳမႈကလည္း အလြန္ျမင့္မားလာခဲ့တာ ျဖစ္ပါတယ္။

Android စမတ္ဖုန္း အသုံးျပဳသူမ်ားရဲ႕ App ႏွင့္ ဂိမ္းတို႔မွာ အခ်ိန္ျဖဳန္းမႈက လြန္ခဲ့တဲ့ 2019 ခုႏွစ္ ပထမသုံးလတုန္းကထက္ 20 ရာခိုင္ႏႈန္းအထိ ျမင့္မားလာခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံမွာ လူမ်ားဟာ တစ္ေန႔လွ်င္ ပ်မ္းမွ် 5 နာရီ အသုံးျပဳၿပီး အေမရိကန္၊ အီတလီ၊ ျပင္သစ္တို႔မွာလည္း ဂိမ္းမဟုတ္တဲ့ အျခား App မ်ား အသုံးျပဳမႈ ျမင့္မားလာပါတယ္။

စမတ္ဖုန္း အသုံးျပဳသူမ်ားဟာ ဇန္နဝါရီလမွ မတ္လအထိ ကာလအတြင္းမွာ App ေဒါင္းေလာ့ခ္လုပ္မႈ 31.5 ဘီလီယမ္အထိ ရွိခဲ့ပါတယ္။ ယမန္ႏွစ္ ပထမသုံးလတုန္းက 22.5 ဘီလီယမ္ဘဲ ရွိေနခဲ့ပါတယ္။ စုစုေပါင္း ဝင္ေငြက ေဒၚလာ 23.4 ဘီလီယမ္ ရရွိၿပီး iOS မွ ေဒၚလာ 15 ဘီလီယမ္၊ Android မွ ေဒၚလာ 8.3 ဘီလီယမ္ အသီးသီး ရရွိခဲ့ပါတယ္။

iOS မွာ ေငြသုံးစြဲမႈ အျမင့္ဆုံး ႏိုင္ငံမ်ားက တ႐ုတ္ႏွင့္ အေမရိကန္ျဖစ္ၿပီး Android မွာ ေငြသုံးစြဲမႈ အမ်ားဆုံး ႏိုင္ငံမ်ားက ေတာင္ကိုရီးယား၊ ဂ်ပန္၊ အေမရိကန္၊ အိႏၵိယ၊ ဘရာဇီးတို႔ ျဖစ္ပါတယ္။ iOS ႏွင့္ Android တို႔မွာ ေဒါင္းေလာ့ခ္အမ်ားဆုံး App က TikTok ျဖစ္ၿပီး သူ႔ေနာက္မွာ WhatsApp ၊ Facebook ၊ Instagram ၊ Facebook Messenger ၊ Likee ၊ Snapchat ၊ SHAREit ၊ Netflix ၊ Spotify တို႔ ရပ္တည္ေနပါတယ္။

NetGuide Journal (Every Wednesday)