ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက Motorola ဟာ Moto G8 Power ကို ကြေညာခဲ့ပါတယ်။ ယနေ့မှာ Motorola ဟာ Moto G8 Power Lite ကို ကြေညာလာပါတယ်။ Moto G8 Power Lite မှာ ရှည်လျားတဲ့ရုပ်ထွက်ဒီဇိုင်း၊ များပြားတဲ့ ဘက်ထရီနှင့်ကျောဘက်ကင်မရာသုံးလုံး ပါဝင်ပါတယ်။

Moto G8 Power Lite Speicifications

Moto G8 Power Lite မှာ မျက်နှာပြင် 6.5 လက်မ IPS LCD Max Vision သုံးထားပါတယ်။ Waterdrop Notch မျက်နှာပြင်ဒီဇိုင်းသုံးထားပြီး HD+ 720x1600px Resolution ရုပ်ထွက်သုံးထားပါတယ်။ 20:9 Aspect Ratio သုံးထားပါတယ်။ ဖုန်းရဲ့အတိုင်းအတာက 164.94 x 75.76 x 9.2 မီလီမီတာရှိပြီး အလေးချိန် 200 ဂရမ်နီးပါး ရှိပါတယ်။ MediaTek Helio P35 Chipset ၊ RAM4GB နှင့် အထိုင်ချထားပြီး Storage 64GB ပါဝင်ကာ microSD ကနေ ထပ်တိုးလို့ရပါတယ်။

ကျောဘက်ကင်မရာသုံးလုံးပါဝင်ပြီး အဓိကကင်မရာ 16MP f/2.0 မှာ PDAF ထောက်ပံ့ထားပါတယ်။ ကျန်ကင်မရာနှစ်လုံးတို့က 2MP f/2.4 Macro နှင့် 2MP f/2.4 Depth တို့ ဖြစ်ပါတယ်။ Daul Camera Bokeh ၊ Face Beauty ၊ HDR ၊ Google Lens နှင့် အခြားစနစ်များ ထောက်ပံ့ထားပါတယ်။ ရှေ့ကင်မရာက 8MP ဖြစ်ပြီး BOkeh ရိုက်ကူးမှုကို ဓာတ်ပုံရော ဗီဒီယိုပါ ထောက်ပံ့ထားပါတယ်။ ရှေ့နှင့် နောက်ကင်မရာတို့ဖြင့် ဗီဒီယိုရိုက်ကူးမှုကို 1080p@30fps ဖြင့် ရိုက်ကူးနိုင်ပါတယ်။
Moto G8 Power Lite မှာ ဘက်ထရီ 5000 mAh ပါဝင်ပြီး 10W ဖြင့် အားသွင်းနိုင်ပါမယ်။ Android 9.0 Pie သုံးထားပါတယ်။ ကွန်ယက်ပိုင်းအနေဖြင့် Dual 4G VoLTE ၊ Wi-Fi 802.11 b/g/n ၊ Bluetooth 4.2 ၊ GPS ၊ microUSB 2.0 ၊ နားကြပ်ပေါက်တို့ ပါဝင်ပါတယ်။ ကျောဘက်လိုဂိုမှာ လက်ဗွေရာစနစ်ပါဝင်ပါတယ်။

Moto G8 Power Lite ရဲ့ ဈေးနှုန်းနှင့် ရောင်းချမယ့်ရက်

Moto G8 Power Lite ကို မက္ကဆီကိုနှင့် ဂျာမနီတို့မှာ စတင်ရောင်းချသွားမှာ ဖြစ်ပြီး ဈေးနှုန်းက ဒေါ်လာ 183 ဖြစ်ပါတယ်။ ဒီဖုန်းကို မကြာမီကာလအတွင်းမှာ လက်တင်အမေရိက၊ ဥရောပ၊ အာရှနှင့် ဩစတြေးလျတို့မှာလည်း ရောင်းချလာပါမယ်။ ဒီဖုန်းကို Royale Blue ၊ Arctic Blue အရောင်တို့နှင့် ရွေးချယ်နိုင်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

မ်က္ႏွာျပင္ 6.5 လက္မ၊ ဘက္ထရီ 5000 mAh ၊ 16MP ေက်ာဘက္ကင္မရာသုံးလုံး ပါဝင္တဲ့ Moto G8 Power Lite ကို ေၾကညာ

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလတုန္းက Motorola ဟာ Moto G8 Power ကို ေၾကညာခဲ့ပါတယ္။ ယေန႔မွာ Motorola ဟာ Moto G8 Power Lite ကို ေၾကညာလာပါတယ္။ Moto G8 Power Lite မွာ ရွည္လ်ားတဲ့႐ုပ္ထြက္ဒီဇိုင္း၊ မ်ားျပားတဲ့ ဘက္ထရီႏွင့္ေက်ာဘက္ကင္မရာသုံးလုံး ပါဝင္ပါတယ္။

Moto G8 Power Lite Speicifications

Moto G8 Power Lite မွာ မ်က္ႏွာျပင္ 6.5 လက္မ IPS LCD Max Vision သုံးထားပါတယ္။ Waterdrop Notch မ်က္ႏွာျပင္ဒီဇိုင္းသုံးထားၿပီး HD+ 720x1600px Resolution ႐ုပ္ထြက္သုံးထားပါတယ္။ 20:9 Aspect Ratio သုံးထားပါတယ္။ ဖုန္းရဲ႕အတိုင္းအတာက 164.94 x 75.76 x 9.2 မီလီမီတာရွိၿပီး အေလးခ်ိန္ 200 ဂရမ္နီးပါး ရွိပါတယ္။ MediaTek Helio P35 Chipset ၊ RAM4GB ႏွင့္ အထိုင္ခ်ထားၿပီး Storage 64GB ပါဝင္ကာ microSD ကေန ထပ္တိုးလို႔ရပါတယ္။

ေက်ာဘက္ကင္မရာသုံးလုံးပါဝင္ၿပီး အဓိကကင္မရာ 16MP f/2.0 မွာ PDAF ေထာက္ပံ့ထားပါတယ္။ က်န္ကင္မရာႏွစ္လုံးတို႔က 2MP f/2.4 Macro ႏွင့္ 2MP f/2.4 Depth တို႔ ျဖစ္ပါတယ္။ Daul Camera Bokeh ၊ Face Beauty ၊ HDR ၊ Google Lens ႏွင့္ အျခားစနစ္မ်ား ေထာက္ပံ့ထားပါတယ္။ ေရွ႕ကင္မရာက 8MP ျဖစ္ၿပီး BOkeh ႐ိုက္ကူးမႈကို ဓာတ္ပုံေရာ ဗီဒီယိုပါ ေထာက္ပံ့ထားပါတယ္။ ေရွ႕ႏွင့္ ေနာက္ကင္မရာတို႔ျဖင့္ ဗီဒီယို႐ိုက္ကူးမႈကို 1080p@30fps ျဖင့္ ႐ိုက္ကူးႏိုင္ပါတယ္။
Moto G8 Power Lite မွာ ဘက္ထရီ 5000 mAh ပါဝင္ၿပီး 10W ျဖင့္ အားသြင္းႏိုင္ပါမယ္။ Android 9.0 Pie သုံးထားပါတယ္။ ကြန္ယက္ပိုင္းအေနျဖင့္ Dual 4G VoLTE ၊ Wi-Fi 802.11 b/g/n ၊ Bluetooth 4.2 ၊ GPS ၊ microUSB 2.0 ၊ နားၾကပ္ေပါက္တို႔ ပါဝင္ပါတယ္။ ေက်ာဘက္လိုဂိုမွာ လက္ေဗြရာစနစ္ပါဝင္ပါတယ္။

Moto G8 Power Lite ရဲ႕ ေဈးႏႈန္းႏွင့္ ေရာင္းခ်မယ့္ရက္

Moto G8 Power Lite ကို မကၠဆီကိုႏွင့္ ဂ်ာမနီတို႔မွာ စတင္ေရာင္းခ်သြားမွာ ျဖစ္ၿပီး ေဈးႏႈန္းက ေဒၚလာ 183 ျဖစ္ပါတယ္။ ဒီဖုန္းကို မၾကာမီကာလအတြင္းမွာ လက္တင္အေမရိက၊ ဥေရာပ၊ အာရွႏွင့္ ဩစေၾတးလ်တို႔မွာလည္း ေရာင္းခ်လာပါမယ္။ ဒီဖုန္းကို Royale Blue ၊ Arctic Blue အေရာင္တို႔ႏွင့္ ေ႐ြးခ်ယ္ႏိုင္ပါတယ္။

NetGuide Journal (Every Wednesday)