ခေါက်နိုင်တဲ့ရုပ်ထွက်ပါ စမတ်ဖုန်းများရဲ့ ဈေးနှုန်းကို လျှော့ချနိုင်ရေး လုပ်ဆောင်ချက်အနေဖြင့် Samsung Electronics ဟာ ကိုယ်ပိုင် ခေါက်နိုင်တဲ့ မှန် ထုတ်လုပ်ဖို့ ကြိုးစားလာပါတယ်။ Samsung ဟာ Galaxy Fold ၊ Galaxy Fold နှင့် Galaxy Z Flip တို့ကို ကြေညာ ရောင်းချထားပါတယ်။ ယင်း ခေါက်နိုင်တဲ့ ရုပ်ထွက်ပါ စမတ်ဖုန်းများမှာ ညီအစ်မ ကုမ္ပဏီ Samsung Display ထံမှ ရယူပါတယ်။ ယခုကဲ့သို့ ကိုယ်တိုင် ထုတ်လုပ်ဖို့ ကြိုးစားမှု အောင်မြင်လာပါက ခေါက်နိုင်တဲ့ ရုပ်ထွက်ပါ စမတ်ဖုန်းဈေးနှုန်းက သက်သာလာတော့မှာ ဖြစ်ပါတယ်။

လက်ရှိ Samsung ရဲ့ ဈေးနှုန်းအသက်သာဆုံး ခေါက်နိုင်တဲ့ ရုပ်ထွက်ပါ စမတ်ဖုန်းက Galaxy Z Flip ဖြစ်ပြီး ဈေးနှုန်း ဒေါ်လာ 1400 ဖြစ်ပါတယ်။ ယင်းဖုန်းမှာ သုံးထားတဲ့မှန်က 30 မိုက်ခရိုမီတာအထိ ပါးလျပြီး ဈေးနှုန်းက ဒေါ်လာ 40 ဖြစ်ပါတယ်။
Samsung Galaxy Z Flip မှာ သုံးထားတဲ့ မှန်က UTG (Ultra-Thin Glass) ဖြစ်ပြီး DOWOO INSYS က ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ယင်းကုမ္ပဏီက Samsung Display ရဲ့ အဓိက ရှယ်ယာရှင်လည်း ဖြစ်ပါတယ်။
ယခုကဲ့သို့ ကိုယ်ပိုင် ခေါက်နိုင်တဲ့မှန် ထုတ်လုပ်ဖို့ လုပ်ဆောင်လာမှုက Samsung အတွက် ညီအစ်မကုမ္ပဏီနှင့် ယှဉ်ပြိုင်မှု ဖြစ်လာမှာ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

ကိုယ္ပိုင္ ေခါက္ႏိုင္တဲ့ မွန္ထုတ္လုပ္ရန္ Samsung လုပ္ေဆာင္လာမႈနဲ႔အတူ ေခါက္ႏိုင္တဲ့႐ုပ္ထြက္ပါ စမတ္ဖုန္းေဈးႏႈန္းသက္သာလာဖြယ္ရွိ

ေခါက္ႏိုင္တဲ့႐ုပ္ထြက္ပါ စမတ္ဖုန္းမ်ားရဲ႕ ေဈးႏႈန္းကို ေလွ်ာ့ခ်ႏိုင္ေရး လုပ္ေဆာင္ခ်က္အေနျဖင့္ Samsung Electronics ဟာ ကိုယ္ပိုင္ ေခါက္ႏိုင္တဲ့ မွန္ ထုတ္လုပ္ဖို႔ ႀကိဳးစားလာပါတယ္။ Samsung ဟာ Galaxy Fold ၊ Galaxy Fold ႏွင့္ Galaxy Z Flip တို႔ကို ေၾကညာ ေရာင္းခ်ထားပါတယ္။ ယင္း ေခါက္ႏိုင္တဲ့ ႐ုပ္ထြက္ပါ စမတ္ဖုန္းမ်ားမွာ ညီအစ္မ ကုမၸဏီ Samsung Display ထံမွ ရယူပါတယ္။ ယခုကဲ့သို႔ ကိုယ္တိုင္ ထုတ္လုပ္ဖို႔ ႀကိဳးစားမႈ ေအာင္ျမင္လာပါက ေခါက္ႏိုင္တဲ့ ႐ုပ္ထြက္ပါ စမတ္ဖုန္းေဈးႏႈန္းက သက္သာလာေတာ့မွာ ျဖစ္ပါတယ္။

လက္ရွိ Samsung ရဲ႕ ေဈးႏႈန္းအသက္သာဆုံး ေခါက္ႏိုင္တဲ့ ႐ုပ္ထြက္ပါ စမတ္ဖုန္းက Galaxy Z Flip ျဖစ္ၿပီး ေဈးႏႈန္း ေဒၚလာ 1400 ျဖစ္ပါတယ္။ ယင္းဖုန္းမွာ သုံးထားတဲ့မွန္က 30 မိုက္ခ႐ိုမီတာအထိ ပါးလ်ၿပီး ေဈးႏႈန္းက ေဒၚလာ 40 ျဖစ္ပါတယ္။
Samsung Galaxy Z Flip မွာ သုံးထားတဲ့ မွန္က UTG (Ultra-Thin Glass) ျဖစ္ၿပီး DOWOO INSYS က ထုတ္လုပ္ထားတာ ျဖစ္ပါတယ္။ ယင္းကုမၸဏီက Samsung Display ရဲ႕ အဓိက ရွယ္ယာရွင္လည္း ျဖစ္ပါတယ္။
ယခုကဲ့သို႔ ကိုယ္ပိုင္ ေခါက္ႏိုင္တဲ့မွန္ ထုတ္လုပ္ဖို႔ လုပ္ေဆာင္လာမႈက Samsung အတြက္ ညီအစ္မကုမၸဏီႏွင့္ ယွဥ္ၿပိဳင္မႈ ျဖစ္လာမွာ ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)