OnePlus ဟာ သူတို့ရဲ့ စမတ်ဖုန်းအသုံးပြုသူများအား လျှင်မြန်ပြီး ညက်ညောစွာ အသုံးပြုရတဲ့ အတွေ့အကြုံဘဲ အမြဲပေးလာခဲ့တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ OnePlus ဟာ လျှင်မြန်ညက်ညောတဲ့ အတွေ့အကြုံပေးနိုင်ဖို့အတွက် ဟာ့ဒ်ဝဲလ်နှင့် ဆော့ဝဲလ်တို့ကို အကောင်းဆုံးပေါင်းစပ်လုပ်ဆောင်လေ့ရှိပါတယ်။ ယနေ့မှာ OnePlus CEO နှင့် ပူးတွဲတည်ထောင်သူ ပီလီလူက OnePlus 8 မှာ ပါဝင်လာမယ့် စနစ်အချို့ကို အတည်ပြုလာပါတယ်။

OnePlus 8 ကို Snapdragon 865 SoC နှင့်ပါဝါထောက်ပံ့လာပါမယ်။ Chipset သစ်က CPU နှင့် GPU စွမ်းဆောင်ရည်ကို 25 ရာခိုင်နှုန်း မြှင့်ပေးတဲ့အပြင် ပါဝါသုံးစွဲမှုကလည်း 25 ရာခိုင်နှုန်းအထိ နည်းပါးပါတယ်။ Chipset ကို LPDDR5 RAM နှင့် တွဲထားပါတယ်။ LPDDR5 RAM က မြန်နှုန်း 6400Mbps အထိ ရှိတဲ့အပြင် LPDDR4 RAM ထက် ပါဝါသုံးစွဲမှုက 45 ရာခိုင်နှုန်းအထိ နည်းပါးပါတယ်။ ဒါ့အပြင် UFS 3.0 ပါဝင်ပါမယ်။ UFS 3.0 ကို OnePlus 7 နှင့် OnePlus 7T တို့မှာလည်း သုံးခဲ့ပြီး ဖြစ်ပါတယ်။ Read/Write မြန်နှုန်း 1700MBs အထိ ရှိပါတယ်။

ဒါ့အပြင် OnePlus 8 မှာ 90Hz Refresh Rate နှင့် OnePlus 8 Pro မှာ 120Hz Refresh Rate ပါဝင်လာပါမယ်။ အစောပိုင်းသတင်းအရ OnePlus 8 Pro မှာ 48MP ကင်မရာနှစ်လုံးပါဝင်လာမယ်လို့ သိရပါတယ်။ OnePlus 8 စီးရီးကို လာမယ့် ဧပြီလ 14 ရက်နေ့မှာ မိတ်ဆက်သွားပါမယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

OnePlus 8 တြင္ Snapdragon 855 SoC ၊ LPDDR5 RAM ႏွင့္ UFS 3.0 Storage ပါဝင္မည္

OnePlus ဟာ သူတို႔ရဲ႕ စမတ္ဖုန္းအသုံးျပဳသူမ်ားအား လွ်င္ျမန္ၿပီး ညက္ေညာစြာ အသုံးျပဳရတဲ့ အေတြ႕အႀကဳံဘဲ အၿမဲေပးလာခဲ့တဲ့ ကုမၸဏီ ျဖစ္ပါတယ္။ OnePlus ဟာ လွ်င္ျမန္ညက္ေညာတဲ့ အေတြ႕အႀကဳံေပးႏိုင္ဖို႔အတြက္ ဟာ့ဒ္ဝဲလ္ႏွင့္ ေဆာ့ဝဲလ္တို႔ကို အေကာင္းဆုံးေပါင္းစပ္လုပ္ေဆာင္ေလ့ရွိပါတယ္။ ယေန႔မွာ OnePlus CEO ႏွင့္ ပူးတြဲတည္ေထာင္သူ ပီလီလူက OnePlus 8 မွာ ပါဝင္လာမယ့္ စနစ္အခ်ိဳ႕ကို အတည္ျပဳလာပါတယ္။

OnePlus 8 ကို Snapdragon 865 SoC ႏွင့္ပါဝါေထာက္ပံ့လာပါမယ္။ Chipset သစ္က CPU ႏွင့္ GPU စြမ္းေဆာင္ရည္ကို 25 ရာခိုင္ႏႈန္း ျမႇင့္ေပးတဲ့အျပင္ ပါဝါသုံးစြဲမႈကလည္း 25 ရာခိုင္ႏႈန္းအထိ နည္းပါးပါတယ္။ Chipset ကို LPDDR5 RAM ႏွင့္ တြဲထားပါတယ္။ LPDDR5 RAM က ျမန္ႏႈန္း 6400Mbps အထိ ရွိတဲ့အျပင္ LPDDR4 RAM ထက္ ပါဝါသုံးစြဲမႈက 45 ရာခိုင္ႏႈန္းအထိ နည္းပါးပါတယ္။ ဒါ့အျပင္ UFS 3.0 ပါဝင္ပါမယ္။ UFS 3.0 ကို OnePlus 7 ႏွင့္ OnePlus 7T တို႔မွာလည္း သုံးခဲ့ၿပီး ျဖစ္ပါတယ္။ Read/Write ျမန္ႏႈန္း 1700MBs အထိ ရွိပါတယ္။

ဒါ့အျပင္ OnePlus 8 မွာ 90Hz Refresh Rate ႏွင့္ OnePlus 8 Pro မွာ 120Hz Refresh Rate ပါဝင္လာပါမယ္။ အေစာပိုင္းသတင္းအရ OnePlus 8 Pro မွာ 48MP ကင္မရာႏွစ္လုံးပါဝင္လာမယ္လို႔ သိရပါတယ္။ OnePlus 8 စီးရီးကို လာမယ့္ ဧၿပီလ 14 ရက္ေန႔မွာ မိတ္ဆက္သြားပါမယ္။

NetGuide Journal (Every Wednesday)