အခုအချိန်မှာ COVID-19 ကြောင့် လူတွေကို အိမ်ပြင်မထွက်ဘဲ အိမ်ထဲမှာဘဲ နေဖို့ သက်ဆိုင်ရာ အစိုးရက ညွှန်ကြားထားပါတယ်။ အိမ်မှာ ဘယ်လို အချိန်ဖြုန်းမလဲ။ ရုပ်ရှင်ကြည့်ပြီး အချိန်ဖြုန်းတာက အကောင်းဆုံး အချိန်ဖြုန်းနည်းတွေထဲက တစ်ခု ဖြစ်ပါတယ်။ ယခု Redmi ဟာ 98 လက်မ မျက်နှာပြင် အသုံးပြုးထားတဲ့ Redmi Smart TV Max ကို ကြေညာလာပါတယ်။

98 လက်မ တီဗွီဖြစ်တာကြောင့် နေရာယူမှု များတာနဲ့အညီ တိုက်ခန်းနဲ့တော့ မသင့်တော်ပါဘူး။ LCD မှာ 4K Resolution သုံးထားပြီး 60GHz Refresh Rate နှင့် 85% NTSC Color Space ထောက်ပံ့ထားပါတယ်။ HDR လည်း ထောက်ပံ့ထားပါတယ်။ 9th Gen Image Engine ပါဝင်ပါတယ်။
Dolby နှင့် DTS decoding ထောက်ပံ့ထားတဲ့ စပီကာလေးလုံး ပါဝင်ပါတယ်။ HDMI ပေါက် ပါဝင်သလို S/PDIF လည်း ပါဝင်တာကြောင့် အသံစနစ်များနှင့် ချိတ်ဆက် သုံးနိုင်ပါတယ်။

Redmi Smart TV Max ကို Amlogic T972 Chipset ၊ RAM4GB နှင့်အထိုင်ချထားပြီး Storage 64GB ပါဝင်ပါတယ်။ PatchWall Software သုံးထားပါတယ်။
Redmi Smart TV Max ကို ဧပြီလ 9 ရက်နေ့မှာ စတင်ရောင်းချသွားမှာ ဖြစ်ပြီး ဈေးနှုန်းက ဒေါ်လာ 2835 ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

4K 60Hz Refresh Rate ပါ 98 လက်မစမတ်တီဗွီ Redmi Smart TV Max ကို ကြေညာ



