Ofcom က လူများအနေဖြင့် Wi-Fi အသုံးပြုနေချိန်မှာ လိုင်းမြန်လိုပါက မိုက်ခရိုဝေးသုံးခြင်းကို ရပ်ဆိုင်းရန် လိုအပ်ကြောင်း ပြောကြားလိုက်ပါတယ်။
လက်ရှိအချိန်တွင် တစ်ကမ္ဘာလုံးနီးပါး COVID-19 ကပ်ရောဂါကူးစက်နေခြင်းကြောင့် အိမ်တွင် နေရန် ညွှန်ကြားခြင်းခံထားရပြီး လူများမှာ အင်တာနက်ကို ယခင်ထက် ပိုမိုအသုံးပြုနေကြပါတယ်။
နိုင်ငံအများစုရဲ့ အစိုးရကလည်း ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် အင်တာနက်လိုင်းမြန်နှုန်း မြင့်မားမှုကလည်း အရေးပါတဲ့ နေရာက ပါဝင်နေတယ်လို့ ယုံကြည်ကာ အင်တာနက်မြန်နှုန်းကိုမြှင့်ရန် တယ်လီကွန်းများကို ပြောကြားထားပါတယ်။

Ofcom က အသုံးပြုသူများအနေဖြင့် HD ဗီဒီယိုများ ကြည့်နေချိန်၊ အရေးကြီးတဲ့ အင်တာနက် အသုံးပြုမှု ပြုလုပ်နေချိန်၊ ဗီဒီယိုဖုန်းခေါ်ဆိုမှု ပြုလုပ်နေစဉ် WiFi မြန်နှုန်း မြင့်မားလိုပါက မိုက်ခရိုဝေးသုံးမှုကို ရပ်ဆိုင်းထားရန် လိုအပ်ကြောင်း အကြံပေးသွားပါတယ်။
ဒါ့အပြင် တယ်လီကွန်းများက အသုံးပြုသူများအနေဖြင့် အင်တာနက် အသုံးပြုခြင်း မပြုလုပ်တဲ့ Device များရှိပါက မလိုအပ်ဘဲ ချိတ်ဆက်ထားခြင်း မပြုလုပ်ရန်လည်း အကြံပေးထားပါတယ်။
လက်ရှိအချိန်တွင် ထိပ်သီးအွန်လိုင်းဗီဒီယိုဝန်ဆောင်မှုများ ပေးနေတဲ့ YouTube ၊ Netflix ၊ Disney+ ၊ Facebook တို့ဟာ အသုံးပြုသူများ ဗီဒီယိုကြည့်တဲ့အခါ အဆင်ပြေချောမွေ့နေစေရန်အတွက် ဗီဒီယိုအရည်အသွေးကို လျှော့ချမှု ပြုလုပ်ထားပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

အင္တာနက္သုံးေနေစရန္ လိုင္းျမန္လိုပါက မိုက္ခ႐ိုေဝးသုံးမႈကို ေရွာင္

Ofcom က လူမ်ားအေနျဖင့္ Wi-Fi အသုံးျပဳေနခ်ိန္မွာ လိုင္းျမန္လိုပါက မိုက္ခ႐ိုေဝးသုံးျခင္းကို ရပ္ဆိုင္းရန္ လိုအပ္ေၾကာင္း ေျပာၾကားလိုက္ပါတယ္။
လက္ရွိအခ်ိန္တြင္ တစ္ကမာၻလုံးနီးပါး COVID-19 ကပ္ေရာဂါကူးစက္ေနျခင္းေၾကာင့္ အိမ္တြင္ ေနရန္ ၫႊန္ၾကားျခင္းခံထားရၿပီး လူမ်ားမွာ အင္တာနက္ကို ယခင္ထက္ ပိုမိုအသုံးျပဳေနၾကပါတယ္။
ႏိုင္ငံအမ်ားစုရဲ႕ အစိုးရကလည္း ကို႐ိုနာဗိုင္းရပ္စ္တိုက္ဖ်က္ေရးအတြက္ အင္တာနက္လိုင္းျမန္ႏႈန္း ျမင့္မားမႈကလည္း အေရးပါတဲ့ ေနရာက ပါဝင္ေနတယ္လို႔ ယုံၾကည္ကာ အင္တာနက္ျမန္ႏႈန္းကို ျမႇင့္ရန္ တယ္လီကြန္းမ်ားကို ေျပာၾကားထားပါတယ္။

Ofcom က အသုံးျပဳသူမ်ားအေနျဖင့္ HD ဗီဒီယိုမ်ား ၾကည့္ေနခ်ိန္၊ အေရးႀကီးတဲ့ အင္တာနက္ အသုံးျပဳမႈ ျပဳလုပ္ေနခ်ိန္၊ ဗီဒီယိုဖုန္းေခၚဆိုမႈ ျပဳလုပ္ေနစဥ္ WiFi ျမန္ႏႈန္း ျမင့္မားလိုပါက မိုက္ခ႐ိုေဝးသုံးမႈကို ရပ္ဆိုင္းထားရန္ လိုအပ္ေၾကာင္း အႀကံေပးသြားပါတယ္။
ဒါ့အျပင္ တယ္လီကြန္းမ်ားက အသုံးျပဳသူမ်ားအေနျဖင့္ အင္တာနက္ အသုံးျပဳျခင္း မျပဳလုပ္တဲ့ Device မ်ားရွိပါက မလိုအပ္ဘဲ ခ်ိတ္ဆက္ထားျခင္း မျပဳလုပ္ရန္လည္း အႀကံေပးထားပါတယ္။
လက္ရွိအခ်ိန္တြင္ ထိပ္သီးအြန္လိုင္းဗီဒီယိုဝန္ေဆာင္မႈမ်ား ေပးေနတဲ့ YouTube ၊ Netflix ၊ Disney+ ၊ Facebook တို႔ဟာ အသုံးျပဳသူမ်ား ဗီဒီယိုၾကည့္တဲ့အခါ အဆင္ေျပေခ်ာေမြ႕ေနေစရန္အတြက္ ဗီဒီယိုအရည္အေသြးကို ေလွ်ာ့ခ်မႈ ျပဳလုပ္ထားပါတယ္။

NetGuide Journal (Every Wednesday)