ခေါက်နိုင်တဲ့ ရုပ်ထွက်ပါ စမတ်ဖုန်း Trend က 2019 ခုနှစ်အစောပိုင်းမှာ စတင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ Samsung နှင့် Huawei တို့က ဖန်တီးထားတဲ့ ခေါက်နိုင်တဲ့ ရုပ်ထွက်ပါ စမတ်ဖုန်းတွေက ဈေးကွက်မှာ နာမည်ကြီးပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ ခေါက်နိုင်တဲ့ ရုပ်ထွက်ပါ စမတ်ဖုန်း Trend ကို စတင်ခဲ့တာ ယင်းကုမ္ပဏီနှစ်ခု မဟုတ်ပါဘူး။ ကမ္ဘာ့ပထမဆုံး ခေါက်နိုင်တဲ့ရုပ်ထွက်ပါ စမတ်ဖုန်းကို ကြေညာရောင်းချတာကတော့ Royole အမည်ရှိ လူမသိသူမသိ ကုမ္ပဏီဖြစ်ပြီး Flexpai ကို ကြေညာ ရောင်းချခဲ့တာ ဖြစ်ပါတယ်။
ယနေ့မှာ Royole ဟာ ဒုတိယမြောက် ခေါက်နိုင်တဲ့ ရုပ်ထွက်ပါ စမတ်ဖုန်း အဖြစ် Royole Flexpai 2 ကို ကြေညာလာပါတယ်။

Royole Flexpai 2 မှာ တတိယမျိုးဆက် Cicada Wing အသုံးပြုထားပြီး Flexpai မှာ အသုံးပြုထားတဲ့ ခေါက်နိုင်တဲ့ ရုပ်ထွက်ထက် များစွာ ကောင်းမွန်လာပါတယ်။ အထူးသဖြင့် အကြမ်းခံမှုအပိုင်း၊ မာကြောမှုအပိုင်းမှာ ပိုကောင်းမွန်လာတဲ့အပြင် အလင်းပေးမှု၊ Contrast နှင့် Viewing Angle ပိုင်းမှာလည်း ပိုကောင်းမွန်လာပါတယ်။
Royole Flexpai 2 ကို Qualcomm Snapdragon 865 SoC နှင့်ပါဝါထောက်ပံ့ထားပါတယ်။ Snapdragon X55 Modem ပါဝင်ကာ 5G သုံးနိုင်ပါမယ်။ မျက်နှာပြင် 7.8 လက်မ 4:3 Ration သုံးထားပါတယ်။ ဒါ့အပြင် LPDDR5 RAM နှင့် UFS 3.0 သုံးထားပါတယ်။ လက်ရှိအချိန်မှာ ဘက်ထရီ ဘယ်လောက် ပါဝင်လာမယ်ဆိုတာ မသိသေးပါဘူး။ ဒါ့အပြင် ဒီဖုန်းရဲ့ ကင်မရာပိုင်းကိုလည်း မကြေညာသေးပါဘူး။
Royole က Cicada Wing က အကြိမ်းပေါင်း 200,000 အထက် ခေါက်နိုင်ကွေးနိုင်ကြောင်း ဆိုထားပါတယ်။ ပစ္စည်းအမျိုးအစားပေါင်း 100 ကျော်တို့ဖြင့် မှန်သားကို တည်ဆောက်ထားတာ ဖြစ်ပြီး အကြမ်းခံကြောင်း ဆိုထားပါတယ်။ ဒါ့အပြင် အရည်အသွေးမြင့် LCD ထက် Color Gamut က 1.3 ဆ ပိုကောင်းတဲ့အပြင် Contrast ပေးမှုကလည်း အဆ 500 ကျော် ပိုကောင်းကြောင်း ဆိုထားပါတယ်။
လက်ရှိအချိန်မှာ Royole Flexpai 2 ရဲ့ဈေးနှုန်းကို မသိရသေးပါဘူး။ ဒီဖုန်းကို လာမယ့် 2020 ခုနှစ်၊ ဒုတိယသုံးလအတွင်းမှာ ကြေညာ ရောင်းချသွားမှာ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

ပိုမိုေကာင္းမြန္တဲ့ ႐ုပ္ထြက္ပါဝင္လာတဲ့ Flexpai 2 ကို Royole ေၾကညာ

ေခါက္ႏိုင္တဲ့ ႐ုပ္ထြက္ပါ စမတ္ဖုန္း Trend က 2019 ခုႏွစ္အေစာပိုင္းမွာ စတင္ခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ Samsung ႏွင့္ Huawei တို႔က ဖန္တီးထားတဲ့ ေခါက္ႏိုင္တဲ့ ႐ုပ္ထြက္ပါ စမတ္ဖုန္းေတြက ေဈးကြက္မွာ နာမည္ႀကီးပါတယ္။ ဒါေပမယ့္ တကယ္တမ္းမွာေတာ့ ေခါက္ႏိုင္တဲ့ ႐ုပ္ထြက္ပါ စမတ္ဖုန္း Trend ကို စတင္ခဲ့တာ ယင္းကုမၸဏီႏွစ္ခု မဟုတ္ပါဘူး။ ကမာၻ႔ပထမဆုံး ေခါက္ႏိုင္တဲ့႐ုပ္ထြက္ပါ စမတ္ဖုန္းကို ေၾကညာေရာင္းခ်တာကေတာ့ Royole အမည္ရွိ လူမသိသူမသိ ကုမၸဏီျဖစ္ၿပီး Flexpai ကို ေၾကညာ ေရာင္းခ်ခဲ့တာ ျဖစ္ပါတယ္။
ယေန႔မွာ Royole ဟာ ဒုတိယေျမာက္ ေခါက္ႏိုင္တဲ့ ႐ုပ္ထြက္ပါ စမတ္ဖုန္း အျဖစ္ Royole Flexpai 2 ကို ေၾကညာလာပါတယ္။
Royole Flexpai 2 မွာ တတိယမ်ိဳးဆက္ Cicada Wing အသုံးျပဳထားၿပီး Flexpai မွာ အသုံးျပဳထားတဲ့ ေခါက္ႏိုင္တဲ့ ႐ုပ္ထြက္ထက္ မ်ားစြာ ေကာင္းမြန္လာပါတယ္။ အထူးသျဖင့္ အၾကမ္းခံမႈအပိုင္း၊ မာေၾကာမႈအပိုင္းမွာ ပိုေကာင္းမြန္လာတဲ့အျပင္ အလင္းေပးမႈ၊ Contrast ႏွင့္ Viewing Angle ပိုင္းမွာလည္း ပိုေကာင္းမြန္လာပါတယ္။

Royole Flexpai 2 ကို Qualcomm Snapdragon 865 SoC ႏွင့္ပါဝါေထာက္ပံ့ထားပါတယ္။ Snapdragon X55 Modem ပါဝင္ကာ 5G သုံးႏိုင္ပါမယ္။ မ်က္ႏွာျပင္ 7.8 လက္မ 4:3 Ration သုံးထားပါတယ္။ ဒါ့အျပင္ LPDDR5 RAM ႏွင့္ UFS 3.0 သုံးထားပါတယ္။ လက္ရွိအခ်ိန္မွာ ဘက္ထရီ ဘယ္ေလာက္ ပါဝင္လာမယ္ဆိုတာ မသိေသးပါဘူး။ ဒါ့အျပင္ ဒီဖုန္းရဲ႕ ကင္မရာပိုင္းကိုလည္း မေၾကညာေသးပါဘူး။
Royole က Cicada Wing က အႀကိမ္းေပါင္း 200,000 အထက္ ေခါက္ႏိုင္ေကြးႏိုင္ေၾကာင္း ဆိုထားပါတယ္။ ပစၥည္းအမ်ိဳးအစားေပါင္း 100 ေက်ာ္တို႔ျဖင့္ မွန္သားကို တည္ေဆာက္ထားတာ ျဖစ္ၿပီး အၾကမ္းခံေၾကာင္း ဆိုထားပါတယ္။ ဒါ့အျပင္ အရည္အေသြးျမင့္ LCD ထက္ Color Gamut က 1.3 ဆ ပိုေကာင္းတဲ့အျပင္ Contrast ေပးမႈကလည္း အဆ 500 ေက်ာ္ ပိုေကာင္းေၾကာင္း ဆိုထားပါတယ္။
လက္ရွိအခ်ိန္မွာ Royole Flexpai 2 ရဲ႕ေဈးႏႈန္းကို မသိရေသးပါဘူး။ ဒီဖုန္းကို လာမယ့္ 2020 ခုႏွစ္၊ ဒုတိယသုံးလအတြင္းမွာ ေၾကညာ ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)