နောက်ပိုင်းမှာ ပုံမှန်နာရီများ ရောင်းအား မကောင်းတော့ဘဲ စမတ်နာရီကိုဘဲ အသုံးပြုလာကြမှုနဲ့အတူ နာရီကုမ္ပဏီများဟာ ဈေးကွက်မရှိတော့တဲ့ ရိုးရာ နာရီ ထုတ်လုပ်မှုကို ရပ်ဆိုင်းပြီး စမတ်နာရီများ ထုတ်လုပ်လာကြပါတယ်။ ရိုးရာပုံမှန် နာရီကနေ စမတ်နာရီ ပြောင်းလဲ ထုတ်လုပ်လာတဲ့ ကုမ္ပဏီတွေထဲမှာ ဆွစ်ဇာလန် နာရီကုမ္ပဏီ Swatch လည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။

ယနေ့မှာ Swatch ဟာ စမတ်နာရီသစ်တစ်လုံးကို ကြေညာလာပါတယ်။ Tissot T-Touch Connect Solar ဖြစ်ပါတယ်။ Swatch Tissot T-Touch Connect Solar က စမတ်နာရီဆိုပေမယ့် Hybrid နာရီဆိုရင်လည်း မမှားပါဘူး။ ဘက်ထရီအဖြစ် သုံးနိုင်ဖို့ ဆိုလာပါဝါစနစ်လည်း ပါဝင်ပါတယ်။ ဆိုလာစနစ်ကြောင့် ဘက်ထရီ ပိုမိုသုံးနိုင်ကာ အနည်းဆုံး ခြောက်လအထိ ထပ်သုံးနိုင်ပါမယ်။

အခြားစမတ်နာရီများလိုဘဲ Tissot T-Touch Connect Solar ကို စမတ်ဖုန်းနဲ့ ချိတ်ဆက်နိုင်ပါတယ်။ အားကစားလှုပ်ရှားမှု စောင့်ကြည့်စနစ်၊ Notifications နှင့် GPS တို့လည်း ပါဝင်ပါတယ်။ ဒီစမတ်နာရီမှာ Swiss Autonomous Low Power System (SwALPS) OS သုံးထားပါတယ်။

စက်ဝိုင်းအချင်းက 47 မီလီမီတာ ရှိတာကြောင့် အနည်းငယ်ကြီးပါတယ်။ လူတိုင်းနဲ့ လိုက်ဖက်မှုမရှိပါဘူး။ ကိုယ်ထည်ကို စီရာမစ်၊ တိုင်တေနီယမ်တို့နှင့် တည်ဆောက်ထားတာကြောင့် အကြမ်းခံနိုင်စွမ်း ရှိပါတယ်။ ဒီစမတ်နာရီကို iOS ၊ Android ၊ Huawei Harmony OS တို့နှင့် ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။
Tissot T-Touch Connect Solar ကို ဈေးနှုန်း ဒေါ်လာ 1000 သတ်မှတ်ထားပါတယ်။ လာမယ့် ဇွန်လ (သို့မဟုတ်) ဇူလိုင်လမှာ ရော်ငးချသွားမှာ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

စမတ္နာရီသစ္ Tissot T-Touch Connect Solar ကို Swatch ေၾကညာ

ေနာက္ပိုင္းမွာ ပုံမွန္နာရီမ်ား ေရာင္းအား မေကာင္းေတာ့ဘဲ စမတ္နာရီကိုဘဲ အသုံးျပဳလာၾကမႈနဲ႔အတူ နာရီကုမၸဏီမ်ားဟာ ေဈးကြက္မရွိေတာ့တဲ့ ႐ိုးရာ နာရီ ထုတ္လုပ္မႈကို ရပ္ဆိုင္းၿပီး စမတ္နာရီမ်ား ထုတ္လုပ္လာၾကပါတယ္။ ႐ိုးရာပုံမွန္ နာရီကေန စမတ္နာရီ ေျပာင္းလဲ ထုတ္လုပ္လာတဲ့ ကုမၸဏီေတြထဲမွာ ဆြစ္ဇာလန္ နာရီကုမၸဏီ Swatch လည္း တစ္ခု အပါအဝင္ ျဖစ္ပါတယ္။

ယေန႔မွာ Swatch ဟာ စမတ္နာရီသစ္တစ္လုံးကို ေၾကညာလာပါတယ္။ Tissot T-Touch Connect Solar ျဖစ္ပါတယ္။ Swatch Tissot T-Touch Connect Solar က စမတ္နာရီဆိုေပမယ့္ Hybrid နာရီဆိုရင္လည္း မမွားပါဘူး။ ဘက္ထရီအျဖစ္ သုံးႏိုင္ဖို႔ ဆိုလာပါဝါစနစ္လည္း ပါဝင္ပါတယ္။ ဆိုလာစနစ္ေၾကာင့္ ဘက္ထရီ ပိုမိုသုံးႏိုင္ကာ အနည္းဆုံး ေျခာက္လအထိ ထပ္သုံးႏိုင္ပါမယ္။

အျခားစမတ္နာရီမ်ားလိုဘဲ Tissot T-Touch Connect Solar ကို စမတ္ဖုန္းနဲ႔ ခ်ိတ္ဆက္ႏိုင္ပါတယ္။ အားကစားလႈပ္ရွားမႈ ေစာင့္ၾကည့္စနစ္၊ Notifications ႏွင့္ GPS တို႔လည္း ပါဝင္ပါတယ္။ ဒီစမတ္နာရီမွာ Swiss Autonomous Low Power System (SwALPS) OS သုံးထားပါတယ္။

စက္ဝိုင္းအခ်င္းက 47 မီလီမီတာ ရွိတာေၾကာင့္ အနည္းငယ္ႀကီးပါတယ္။ လူတိုင္းနဲ႔ လိုက္ဖက္မႈမရွိပါဘူး။ ကိုယ္ထည္ကို စီရာမစ္၊ တိုင္ေတနီယမ္တို႔ႏွင့္ တည္ေဆာက္ထားတာေၾကာင့္ အၾကမ္းခံႏိုင္စြမ္း ရွိပါတယ္။ ဒီစမတ္နာရီကို iOS ၊ Android ၊ Huawei Harmony OS တို႔ႏွင့္ ခ်ိတ္ဆက္အသုံးျပဳႏိုင္ပါတယ္။
Tissot T-Touch Connect Solar ကို ေဈးႏႈန္း ေဒၚလာ 1000 သတ္မွတ္ထားပါတယ္။ လာမယ့္ ဇြန္လ (သို႔မဟုတ္) ဇူလိုင္လမွာ ေရာ္ငးခ်သြားမွာ ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)