Zomato ဟာ အစားအသောက်တွေ သွားစားဖို့နဲ့ အော်ဒါမှာယူဖို့အတွက် စားသောက်ဆိုင်တွေ ရှာဖွေနိုင်တဲ့ app ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေပါတဲ့ menu ကို ဆွဲကြည့်ပြီးတော့ ဘယ်မှာသွားစားရင် ကောင်းမယ်ဆိုတာကို ဆုံးဖြတ်ဖို့အတွက် ဓာတ်ပုံတွေ၊ အသုံးပြုသူတွေရဲ့ မှတ်ချက်တွေနဲ့ အဆင့်သတ်မှတ်ချက်တို့ကို ကြည့်နိုင်မှာပါ။ ပြီးရင် အဲဒီနေရာမှာ သွားရောက်စားသောက်ဖို့အတွက် လမ်းညွှန်ပေးနိုင်မယ့် map feature လည်း ပါရှိပါတယ်။ အိန္ဒိယနိုင်ငံ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ ဒါမှမဟုတ် လက်ဘနွန်နိုင်ငံတို့မှာ ရောက်နေတယ်ဆိုရင်တော့ သင့်အနေနဲ့ အစားအသောက်တွေကို အိမ်အရောက်ပို့စနစ်နဲ့ အော်ဒါမှာယူနိုင်မှာဖြစ်ပြီး အစားအသောက်တွေ အိမ်အရောက်ပို့ပေးတဲ့ စားသောက်ဆိုင်ကောင်းတွေ အများကြီးထဲကနေ ရွေးချယ်နိုင်မှာပါ။ စားသောက်ဆိုင်တွေ၊ ကဖေးဆိုင်တွေနဲ့ ဘားတွေကို တည်နေရာအလိုက်၊ တရုတ်၊ အီတလီ၊ အိန္ဒိယ အစားအစာ စတဲ့ အစားအစာတွေ ရနိုင်တဲ့ ဆိုင်အလိုက်၊ Starbucks, Domino’s Pizza, Amaya စသဖြင့် နာမည်အလိုက် အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ အသုံးပြုဖို့အတွက် Android 5.0 နဲ့အထက်မှာ အသုံးပြုနိုင်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Zomato – Restaurant Finder and Food Delivery App

Zomato ဟာ အစားအေသာက္ေတြ သြားစားဖုိ႔နဲ႔ ေအာ္ဒါမွာယူဖို႔အတြက္ စားေသာက္ဆိုင္ေတြ ရွာေဖြႏိုင္တဲ့ app ျဖစ္ပါတယ္။ စားေသာက္ဆုိင္ေတြပါတဲ့ menu ကို ဆြဲၾကည့္ၿပီးေတာ့ ဘယ္မွာသြားစားရင္ ေကာင္းမယ္ဆိုတာကို ဆံုးျဖတ္ဖုိ႔အတြက္ ဓာတ္ပံုေတြ၊ အသံုးျပဳသူေတြရဲ႕ မွတ္ခ်က္ေတြနဲ႔ အဆင့္သတ္မွတ္ခ်က္တုိ႔ကို ၾကည့္ႏိုင္မွာပါ။ ၿပီးရင္ အဲဒီေနရာမွာ သြားေရာက္စားေသာက္ဖုိ႔အတြက္ လမ္းညႊန္ေပးႏိုင္မယ့္ map feature လည္း ပါရွိပါတယ္။ အိႏၵိယႏိုင္ငံ၊ အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စုႏိုင္ငံ ဒါမွမဟုတ္ လက္ဘႏြန္ႏိုင္ငံတို႔မွာ ေရာက္ေနတယ္ဆိုရင္ေတာ့ သင့္အေနနဲ႔ အစားအေသာက္ေတြကို အိမ္အေရာက္ပို႔စနစ္နဲ႔ ေအာ္ဒါမွာယူႏိုင္မွာျဖစ္ၿပီး အစားအေသာက္ေတြ အိမ္အေရာက္ပို႔ေပးတဲ့ စားေသာက္ဆိုင္ေကာင္းေတြ အမ်ားႀကီးထဲကေန ေရြးခ်ယ္ႏိုင္မွာပါ။ စားေသာက္ဆိုင္ေတြ၊ ကေဖးဆိုင္ေတြနဲ႔ ဘားေတြကို တည္ေနရာအလိုက္၊ တ႐ုတ္၊ အီတလီ၊ အိႏၵိယ အစားအစာ စတဲ့ အစားအစာေတြ ရႏုိင္တဲ့ ဆိုင္အလိုက္၊ Starbucks, Domino’s Pizza, Amaya စသျဖင့္ နာမည္အလိုက္ အလြယ္တကူ ရွာေဖြႏိုင္ပါတယ္။ အသံုးျပဳဖုိ႔အတြက္ Android 5.0 နဲ႔အထက္မွာ အသံုးျပဳႏိုင္ပါတယ္။

NetGuide Journal (Every Wednesday)