Website စာမျက်နှာများ

https://www.myanlearn.com/search-tutor/

www.myanlearn.com/search-tutor အလုပ်တစ်ဖက်နဲ့ ကလေးကိုကိုယ်တိုင်စာပြဖို့ သိပ်မလွယ်တော့တဲ့ ဒီဘက်ခေတ်မိဘတွေအတွက် အိမ်ခေါ်သင်ဖို့ဆရာရှာဖွေနိုင်တဲ့ဝက်ဘ် ဆိုက်ဖြစ်ပါတယ်။ ကျွမ်းကျင်ဆရာ တွေနဲ့ ချိတ်ဆက်ပေးပြီး ဆရာတွေနဲ့ တည့်တည့်ဖြေရှင်းလို့မရတဲ့ကိစ္စတွေကိုပါ ဝင်ပြီးညှိနှိုင်းပေးတာကိုလည်း လုပ်ပေးတာဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်ထဲဝင်ပြီး ဇယားမှာလိုအပ်တဲ့အချက်အလက်တွေဝင်ဖြည့်လိုက်ရုံနဲ့ အိမ်ခေါ်သင်မယ့်ဆရာတွေကို အလွယ်တကူရှာဖွေနိုင်ပါတယ်။

http://cmmd-environmental.com/

http://cmmd-environmental.com/ ဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းဆောင်းပါးရေးသားခြင်း အထောက်အကူပြု ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ သတင်းမီဒီယာသမားတွေအနေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်တွေကို အချိန်တိုအတွင်းရှာဖွေကိုးကားနိုင်ပြီး သတင်းမီဒီယာများကိုးကားရ လွယ်ကူစေဖို့ အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းဆောင်းပါးတွေ၊ ဗီဒီယိုတွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေတွေ၊ ဓာတ်ပုံတွေစတဲ့ ကဏ္ဍများစွာကို မြန်မာဘာသာနဲ့ဖော်ပြပေးနေတာဖြစ်ပါတယ်။

https://www.myanmardevjobs.com/

www.myanmardevjobs.com ဟာ အလုပ်ရှင်နဲ့အလုပ်လိုချင်သူတွေကို ချိတ်ဆက်ပေးတဲ့ ဝက်ဘ်ဆိုက်ဖြစ်ပြီး Developer တွေ၊ Graphic Designer တွေအတွက် မိမိနဲ့သင့်တော်မယ့် အလုပ်တွေကို အလွယ်တကူရှာဖွေ နိုင်မှာဖြစ်ပါတယ်။ Register လုပ်ပြီး အသုံးပြုရမှာဖြစ်ကာ Facebook, Google, Twitter အကောင့်တို့နဲ့ ချိတ်ဆက်ဝင်ရောက်နိုင်ပါတယ်။ အလုပ် နေရာ၊ လစာ၊ full time (သို့) part time ၊ ကုမ္ပဏီအမည်တို့ကို အရင်ကြည့်ပြီး အသေးစိတ်ကိုပါကြည့်ရှုနိုင်လို့ အလုပ်လျှောက်ထားရတာအဆင်ပြေမှာဖြစ်ပါတယ်။

Facebook စာမျက်နှာများ

https://www.facebook.com/Nandaraye1994/

The Shine Society ဟာ အလှအပနဲ့ပတ်သက်လို့ အမြဲတမ်းစောင့်ကြည့်သင့်တဲ့ ဖေ့စ်ဘွတ်စာမျက်နှာ တစ်ခုဖြစ်ပါတယ်။ အသားအရေထိန်းသိမ်းရေး skincare အဆင့်တွေ အကြောင်းနဲ့အတူ အသားအရေ ထိန်းသိမ်းတဲ့ပစ္စည်းသစ်တွေရဲ့ review တွေကိုပါ ဖတ်ရမှာဖြစ်လို့ ပျိုမေတို့အမြဲတမ်း တောက်ပလှပနေ ရအောင် အသားအရေကို စောင့်ရှောက်တတ်ဖို့ like လုပ်ထားပြီး စောင့်ကြည့်သင့်ပါတယ်။ Luxury ပစ္စည်းတွေအကြောင်းကိုပါ သိချင်တယ်ဆိုရင်တော့ ဒီ page ကို follow လုပ်ထားသင့်ပါတယ်။

https://www.facebook.com/newtraveller.mm/

The New Traveller ဟာ ခရီးသွားဝါသနာပါသူတွေ သိထားသင့်တဲ့ ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုဖြစ်ပြီး ခရီးသွား Vlog တွေကို ပုံမှန်တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ခရီးသွားရတာဝါသနာပါသူတွေ၊ ဒေသန္တရ ဗဟုသုတရှာလိုသူတွေအတွက် ပြည်တွင်းခရီးသွားမှတ်စုတွေ၊ ခရီးသွားဆောင်းပါးတွေကို ဖတ်ရှုရမှာပါ။ နေရာဒေသအနှံ့က သွားရောက်လည်ပတ်ချင်စရာနေရာဒေသတွေ၊ ရှုမျှော်ခင်းတွေ၊ တိုင်းရင်းသားဒေသ ပေါင်းစုံက ရိုးရာယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးစံတွေ၊ အလေ့အထတွေကို လေ့လာရမှာပါ။

https://www.facebook.com/TheCreatorsEntertainment/

The Creators Entertainment ဆိုတဲ့ဖေ့စ်ဘွတ်စာမျက်နှာကတော့ တစ်နေ့တစ်နေ့ ဘာစားရင်ကောင်းမလဲ ဆိုတာပဲ စဉ်းစားနေတတ်တဲ့ အစားချစ်သူတို့အတွက် သိထားသင့်တဲ့ ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုဖြစ်ပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ အစားအသောက် ကောင်းကောင်းလေးတွေရတဲ့ ဆိုင်တွေကိုသွားပြီး အစားကောင်း လေးတွေစားပြတဲ့ လျှောက်သွားလျှောက်စားအစီအစဉ်ကို ကြည့်ရမှာဖြစ်ပြီး အစားအသောက်မျိုးစုံကို အားရပါးရစားပြနေတဲ့ဗီဒီယိုတွေကို ကြည့်ရမှာဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Websites & Facebook စာမျက်နှာများ














