Veritas Demo ဟာ လျှို့ဝှက်ဆန်းကြယ်မှုနဲ့ စူးစမ်းရှာဖွေမှုတို့ ပေါင်းစပ်ထားတဲ့ ဂိမ်းတစ်ခုဖြစ်ပြီး Glitch Games စတူဒီယိုရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ ပဟေဠိစွန့်စားရေးဂိမ်း အမျိုးအစား ဖြစ်ပါတယ်။ ဘယ်မှာမှန်းမသိတဲ့ သော့ပိတ်ထားတဲ့ အခန်းတစ်ခုကနေ လွတ်မြောက်အောင် ပဟေဠိတွေ ဖြေရှင်းရင်း ထွက်ပေါက်ရှာရမယ့်ဂိမ်းပုံစံ ဖြစ်ပါတယ်။ ဘာတွေဖြစ်ပျက်ခဲ့တယ်။ အဲဒီကနေ ဘယ်လိုလွတ်မြောက်နိုင်မလဲဆိုတာကို ဖော်ထုတ်ဖို့အတွက် အဆောက်အအုံတစ်ခုလုံးကို စူးစမ်းသွားလာဖို့ လိုပါတယ်။ Glitch Camera ကို အသုံးပြုပြီး တွေ့သမျှအရာအားလုံးကို ဓာတ်ပုံရိုက်ယူပါ။ ပြီးရင် အဲဒါတွေကို ပဟေဠိတွေ ဖြေရှင်းဖို့နဲ့ လျှို့ဝှက်ချက်တွေကို ဆက်စပ်ယူဖို့ ပြန်အသုံးချရမှာ ဖြစ်ပါတယ်။ ဓာတ်ပုံတွေပေါ်မှာ တကယ့်စုံထောက်တစ်ယောက်လို note တွေ ချရေးပြီးတော့ ဒီ note တွေကို အသုံးပြုပြီး ပဟေဠိတွေကို ဖြေရှင်းသွားရမှာပါ။ တီထွင်မှုအခြေခံတဲ့ ပစ္စည်းတွေပါဝင်တဲ့ ပဟေဠိတွေကနေ စကားအသုံးအနှုန်းကို အခြေခံတဲ့ ပဟေဠိတွေအဆုံး ပဟေဠိအမျိုးမျိုးကို ဖြေရှင်းရမှာပါ။ ဘယ်အရာက သင့်ကို ထွက်ပေါက်ဆီ ခေါ်ဆောင်ပေးနိုင်မလဲဆိုတာကို ဖော်ထုတ်ဖို့အတွက် သဲလွန်စဖြစ်နိုင်သမျှကို လိုက်ရှာရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းကို Android 4.0.3 နဲ့အထက်မှာ ကစားနိုင်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Veritas Demo

Veritas Demo ဟာ လွ်ိဳ႕ဝွက္ဆန္းၾကယ္မႈနဲ႔ စူးစမ္းရွာေဖြမႈတို႔ ေပါင္းစပ္ထားတဲ့ ဂိမ္းတစ္ခုျဖစ္ၿပီး Glitch Games စတူဒီယိုရဲ႕ ေနာက္ဆံုးထြက္ရွိထားတဲ့ ပေဟဠိစြန္႔စားေရးဂိမ္း အမ်ိဳးအစား ျဖစ္ပါတယ္။ ဘယ္မွာမွန္းမသိတဲ့ ေသာ့ပိတ္ထားတဲ့ အခန္းတစ္ခုကေန လြတ္ေျမာက္ေအာင္ ပေဟဠိေတြ ေျဖရွင္းရင္း ထြက္ေပါက္ရွာရမယ့္ဂိမ္းပံုစံ ျဖစ္ပါတယ္။ ဘာေတြျဖစ္ပ်က္ခဲ့တယ္။ အဲဒီကေန ဘယ္လုိလြတ္ေျမာက္ႏိုင္မလဲဆိုတာကို ေဖာ္ထုတ္ဖို႔အတြက္ အေဆာက္အအံုတစ္ခုလံုးကို စူးစမ္းသြားလာဖုိ႔ လိုပါတယ္။ Glitch Camera ကို အသံုးျပဳၿပီး ေတြ႕သမွ်အရာအားလံုးကို ဓာတ္ပံု႐ိုက္ယူပါ။ ၿပီးရင္ အဲဒါေတြကို ပေဟဠိေတြ ေျဖရွင္းဖို႔နဲ႔ လွ်ိဳ႕ဝွက္ခ်က္ေတြကို ဆက္စပ္ယူဖို႔ ျပန္အသံုးခ်ရမွာ ျဖစ္ပါတယ္။ ဓာတ္ပံုေတြေပၚမွာ တကယ့္စံုေထာက္တစ္ေယာက္လုိ note ေတြ ခ်ေရးၿပီးေတာ့ ဒီ note ေတြကို အသံုးျပဳၿပီး ပေဟဠိေတြကို ေျဖရွင္းသြားရမွာပါ။ တီထြင္မႈအေျခခံတဲ့ ပစၥည္းေတြပါဝင္တဲ့ ပေဟဠိေတြကေန စကားအသံုးအႏႈန္းကို အေျခခံတဲ့ ပေဟဠိေတြအဆံုး ပေဟဠိအမ်ိဳးမ်ိဳးကို ေျဖရွင္းရမွာပါ။ ဘယ္အရာက သင့္ကို ထြက္ေပါက္ဆီ ေခၚေဆာင္ေပးႏိုင္မလဲဆိုတာကို ေဖာ္ထုတ္ဖုိ႔အတြက္ သဲလြန္စျဖစ္ႏိုင္သမွ်ကို လိုက္ရွာရမွာ ျဖစ္ပါတယ္။ ဒီဂိမ္းကို Android 4.0.3 နဲ႔အထက္မွာ ကစားႏိုင္ပါတယ္။

NetGuide Journal (Every Wednesday)