အဆင့်မြင့်စမတ်ဖုန်းတွေကြီးပဲ တောက်လျှောက်ထွက်နေတဲ့အချိန်မှာ လူအများစုအတွက် စျေးပေါတဲ့ စမတ်ဖုန်းတွေဆိုတာလည်း လိုအပ်နေပြန်ပါတယ်။ အခြားနှစ်တွေမှာလည်း ကျွန်တော်တို့အနေနဲ့ ဘတ်ဂျတ်ဖုန်းတွေထဲကနေ စျေးသက်သာပြီး စွမ်းဆောင်ရည်ကောင်းတဲ့ဖုန်းတွေ ရွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ ဘတ်ဂျတ်ဖုန်းလည်း ဖြစ်ရမယ်။ လူအများစုလည်း အသုံးပြုနိုင်ရမယ်။ ပြီးတော့ အဲ့ဒီဖုန်းက အရည်အသွေးပိုင်းမှာလည်း အနေအထားတစ်ခုလောက်မှာ ရှိနေရမယ်ဆိုပြီး အချက်အလက်ပေါင်းများစွာနဲ့ ကိုက်ညီတဲ့ ဖုန်းတွေကို ရှာဖွေခဲ့ပါတယ်။ အဲ့ဒီဖုန်းတွေကတော့

(1). Best Cheap Phone : Xiaomi Redmi Note 7

Redmi Note 7 ဟာ ကုမ္ပဏီရဲ့ သီးသန့်အမှတ်တံဆိပ်အဖြစ် စတင်ပြီး ထုတ်လိုက်ရတဲ့ဖုန်းပဲ ဖြစ်ပါတယ်။ ဒီဖုန်းရဲ့ အားသာချက်ပိုင်းအနေနဲ့ ဘက်ထရီသက်တမ်း တာရှည်ခံမယ်၊ စွမ်းဆောင်ရည်ကောင်းမယ်၊ အားနည်းချက်လို့ ဆိုရမှာက NFC မပါဘူး။ မိုနိုစပီကာကို သုံးပေးထားတယ်။ အဲ့ဒါတွေကလွဲရင် ဒီဖုန်းဟာ ဘတ်ဂျတ်ဖုန်းတွေထဲမှာ အတော်စွမ်းဆောင်ရည်ကောင်းတဲ့ဖုန်းလို့ သတ်မှတ်နိုင်လိမ့်မယ်။ 48-megapixel ကင်မရာကို သုံးလာပြီး 5-megapixel depth module ထပ်ထည့်ပေးထားတယ်။ ဒီလိုဆင်ဆာအမျိုးအစားကိုတော့ Motorola One Vision က စလို့ OnePlus 7 Pro လောက်ထိတောင် တွေ့နိုင်လိမ့်မယ်။ ကင်မရာအတွက် optical image stabilisation (OIS) မထည့်ထားဘူးဆိုရင်တောင် ဓာတ်ပုံတွေရိုက်ဖို့ အတော်ကောင်းတဲ့ ဖုန်းအဖြစ် သတ်မှတ်နိုင်လိမ့်မယ်။ မျက်နှာပြင် 6.3-inch 2340×1080 pixel LCD display မှာ Qualcomm Snapdragon 660 ကို သုံးထားတယ်။ အရှေ့ကင်မရာကတော့ 13-megapixel ဖြစ်တယ်။ ဘက်ထရီကတော့ တာရှည်ခံဆိုတဲ့အတိုင်းပဲ 4000 mAh ကို သုံးနိုင်မှာပါ။

(2). Best For £300 : Moto G8 Plus

စျေးနှုန်းနဲ့လိုက်ဖက်ညီတဲ့ အရည်အသွေးနဲ့အတူ ပိုကောင်းတဲ့ စပီကာကို ဒီဖုန်းမှာ တွေ့ရမှာပါ။ G7 Plus ဖုန်းထက် ပိုကောင်းတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဒီဖုန်းမှာ မတွေ့ရဘူး။ ပြီးတော့ ကင်မရာမှာလည်း အကန့်အသတ်ရှိနေတယ်။ ပြီးတော့ စျေးနှုန်းနဲ့ လိုက်ဖက်ညီတဲ့ စွမ်းဆောင်ချက်ကို ဒီဖုန်းမှာ တွေ့ရမှာပါ။ ဒီဖုန်းမှာ 6.3-inch မျက်နှာပြင်နဲ့ဖြစ်ပြီး ကျောဘက်မှာ ကင်မရာဆင်ဆာ 3 ခု ပါဝင်မှာ ဖြစ်ပါတယ်။ ကင်မရာတွေက 48-megapixel, f/1.7 main, 16-megapixel ultra-wide နဲ့ 5-megapixel depth ဆင်ဆာတို့ ဖြစ်ပါတယ်။ ဒါကြောင့် သင့်တင့်လျောက်ပတ်တဲ့ အရောင်နဲ့ ကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ထုတ်ပေးမှာပါ။ Android 10 ကို အဆင့်မြှင့်ပေးမှာဖြစ်ပြီး 2 နှစ်အထိ Security Patch တွေ ရမှာပါ။ အနောက်ဘက်မှာ လက်ဗွေရာကိရိယာ တပ်ဆင်ထားပါတယ်။ ဘက်ထရီကတော့ 4000 mAh ဖြစ်ပြီး တစ်ခါအားသွင်းထားရင် နာရီ 40 သုံးနိုင်ပါတယ်။ 15W TurboPower ပါပါတယ်။ ပရိုဆက်ဆာပိုင်းအတွက် Snapdragon 665 chipset နဲ့အတူ 4GB RAM ကို သုံးနိုင်ပါလိမ့်မယ်။ ပလတ်စတစ်ကိုယ်ထည် တပ်ဆင်ထားပြီး ရေစက်ရေပေါက်တွေကို ခံနိုင်ပါတယ်။

(3). Best For Flagship Quality : Xiaomi Mi 9

နောက်ထပ် Xiaomi ဖုန်းတစ်လုံးဖြစ်ပြီး စွမ်းဆောင်ရည်ပိုင်းမှာ ကောင်းတဲ့အပြင် မျက်နှာပြင်ရော၊ ကင်မရာရောက သုံးစွဲသူစိတ်တိုင်းကျ စွမ်းဆောင်ပေးနိုင်လိမ့်မယ်။ အားနည်းချက်ကတော့ ရေစိုဒဏ်မခံနိုင်တာပဲ။ ဒါကလည်း သိပ်တော့ ပြဿနာမဟုတ်ပါဘူး။ ဖုန်းသုံးမှာဆိုတော့ စွမ်းဆောင်ရည်ကောင်းဖို့ကပဲ အဓိကကျမှာပါ။ စျေးနှုန်းနဲ့ စွမ်းဆောင်ချက်ပိုင်းမှာ 2 ဆလောက်ကွာတဲ့ ဖုန်းကို ရှာမယ်ဆိုရင် Mi9 က အဲ့လိုဖုန်းမျိုးပါ။ ဒီဖုန်းမှာ စျေးမြင့်တဲ့ ဖုန်းတွေမှာသာပါတဲ့ စွမ်းဆောင်ချက်တွေဖြစ်တဲ့ Snapdragon 855 chipset ၊ 6.4-inch OLED display တွေနဲ့ ကင်မရာ 3 လုံး ထည့်ပေးထားပါတယ်။ ဒီလိုစျေးနှုန်းနဲ့ ဖုန်းမျိုးဆိုတာ ရှာရှင်မတွေ့နိုင်လောက်သလိုပါဘဲ။ Mi 9 ဟာ Xiaomi ရဲ့ ပထမဆုံး ကင်မရာသုံးလုံးတွဲဖုန်းဖြစ်ပြီး အဲ့ဒီအချိန်တုန်းက ထွက်ခဲ့တဲ့ စမတ်ဖုန်းတွေထဲမှာ အမြန်ဆုံး ကြိုးမဲ့အားသွင်းစနစ်ပါဝင်တဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။ နောက်ကျောက်ဘက်မှာ 48MP  ကင်မရာဖြစ်ပြီး Quad Bayer filer နဲ့ Sony IMX586 sensor ကို အသုံးပြုထားပါတယ်။ Wide angle ရိုက်ဖို့အတွက် 16MP ultra-wide camera ပါဝင်ပြီး 117 ဒီဂရီအထိ မြင်ကွင်းကျယ် ရိုက်ကူးနိုင်ပါတယ်။ Autofocus ပါတဲ့ f/2.2 lens နဲ့ 4 စင်တီမီတာအကွာကနေ macros ပုံတွေလည်း ရိုက်နိုင်မှာပါ။ မျက်နှာပြင် 6.39 လက်မ အရွယ်အစားထိရှိပြီး FHD+ အရည်အသွေးရှိ Super AMOLED Display ဖြစ်ပါတယ်။ ဘက်ထရီကတော့ 3300 mAh ဖြစ်ပါတယ်။ Chipset အနေနဲ့ Snapdragon 855 သုံးထားပြီး 6GB နဲ့ 8GB RAM ပါဝင်ကာ 64GB Storage နဲ့ 128GB Storage ရွေးချယ်နိုင်ပါတယ်။ CPU နဲ့ GPU လုပ်ဆောင်မှုကို ချိန်ညှိပေးမယ့် Game Turbo စနစ်လည်း တွေ့ရဦးမှာပါ။

(4). Best For Battery Life : OPPO A5 2020

ကြီးမားတဲ့ မျက်နှာပြင်၊ ကြီးမားတဲ့ ဘက်ထရီဆိုတဲ့ အတွဲအဖက်ကပဲ ဒီဖုန်းကို ဘတ်ဂျတ်ဖုန်းတွေထဲမှာ အကောင်းဆုံး စာရင်းဝင်သွားတာပါ။ အကောင်းဆုံးတွေထဲက ဆိုးတာလေးတွေ ဖြည့်ပြောရရင်တော့ 720p screen နဲ့ နောက်ကျောဘက်က ပလပ်စတစ်ဖြစ်နေတာပါဘဲ။ OPPO A5 2020 ဟာ ဘက်ထရီသက်တမ်း အကောင်းဆုံးဖုန်းတွေထဲမှာ ထိပ်တန်းအဆင့်ရှိတဲ့ဖုန်းလို့ ဆိုရမှာပါ။ ကြီးမားတဲ့ Screen အတွက် နည်းပါးတဲ့ resolution က စျေးနှုန်းနဲ့ယှဉ်လိုက်မယ်ဆိုရင် မပြောပလောက်တဲ့ ပြဿနာလို့ ဆိုရမှာပါ။ Snapdragon 665 chipset က ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပေးမှာဖြစ်ပြီး သိုလှောင်မှုအတွက် 64GB ဖြစ်မှာပါ။ 3GB RAM နဲ့အတူ နောက်ဘက် ကင်မရာ 4 လုံးဆိုတာကလည်း ဒီဖုန်းကို ရွေးချယ်ဖို့ နောက်ထပ် အကြောင်းရင်းတစ်ခု ဖြစ်နေပြန်ပါတယ်။ ကင်မရာတွေကတော့ 12MP ၊ 8MP နဲ့ 2MP sensors 2 ခုပါ။ လက်ရှိအချိန်ဆိုရင် 6GB RAM မော်ဒယ်တောင် ထွက်နေပါပြီ။ 119° Ultra Wide ဓာတ်ပုံများကို ရိုက်ကူးနိုင်မယ့်အပြင် Ultra Night Mode 2.0 ပါဝင်လာတဲ့အတွက် ညအချိန် ဓာတ်ပုံတွေ ရိုက်ကူးရာမှာ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ရရှိမှာ ဖြစ်ပါတယ်။

(5). Best For Battery Life (Option 2) : Moto G7 Power

ဒါကလည်း နောက်ထပ် ဘက်ထရီသက်တမ်းကောင်းတဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းမှာလည်း ကြံ့ခိုင်ပြီး ကြည့်ကောင်းတဲ့ ပုံစံဒီဇိုင်းကို တွေ့ရမှာပါ။ voice ခေါ်ဆိုမှုတွေ ရောနှောတာနဲ့ ကင်မရာစွမ်းဆောင်ရည် ပုံမှန်အတိုင်းရှိတာလေးပဲ ပြောစရာပါ။ ဒီဖုန်းဆီကနေ စျေးသက်သာတယ်ဆိုတဲ့ အကြောင်းကိုပဲ သင့်အနေနဲ့ ရရှိမှာပါ။ Moto G7 Power features ပိုင်းအနေနဲ့ low-resolution screen – 1520×720 pixels ကို တွေ့ရမှာဖြစ်ပြီး နောက်ဘက်ကင်မရာကလည်း သိပ်အကောင်းကြီး မဟုတ်ပါဘူး။ 12-megapixel f/2.0 ကင်မရာတစ်လုံးသာပါဝင်ပြီး LED flash တစ်ခု ပါဝင်တာကို တွေ့ရမှာပါ။ ဘတ်ဂျတ်ဖုန်းတွေထဲက ဘတ်ဂျတ်အကျဆုံးလို့ ဆိုနိုင်မယ့် ဒီဖုန်းမှာ ပရိုဆက်ဆာအတွက် Qualcomm Snapdragon 632 CPU သုံးထားပြီး 4GB RAM နဲ့အတူ Adreno 506 GPU ထောက်ပံ့ပေးထားပါတယ်။ ဒီဖုန်းမှာ Android 9.0  ကို ထည့်ပေးထားပြီး stock Android အတွေ့အကြုံနဲ့ သုံးနိုင်မှာပါ။

(6). Best For Under £200 : Honor 10 Lite

Feature တွေ စုံစုံလင်လင် ပါတယ်။ သင့်တင့်တဲ့ ဘက်ထရီဆိုတာနဲ့တင် ဒီဖုန်းက ရွေးချယ်စရာ ဖြစ်နေပါတယ်။ စျေးနှုန်းနဲ့ လိုက်ဖက်ညီတဲ့ ဒီဇိုင်းကိုလည်း ရပါလိမ့်မယ်။ ကောင်းကွက်တွေနဲ့အတူ ဆိုးကွက်လေးတွေလည်း ရှိနေပါတယ်။ အဲ့ဒါတွေကတော့ ပလပ်စတစ်နဲ့ ပြုလုပ်ထားတာဖြစ်ပြီး ဆောဖ့်ဝဲလ်ကလည်း နည်းနည်းလေးပါတယ်။ fingerprints ကလည်း နည်းနည်းလှမ်းတဲ့ပုံစံမျိုး ဖြစ်နေပါတယ်။ Honor 10 2018 flagship ဖုန်းတွေထဲမှာတော့ အတော်ကောင်းတဲ့ဖုန်းလို့ ဆိုရမှာပါ။ နောက်ဆုံးပေါ် Android အခြေပြု UI ကို သုံးနိုင်မှာဖြစ်ပြီး Emotion UI 9 ကို သုံးနိုင်မှာပါ။ သူ့မှာ 6.21 လက်မ Full HD+ Display ပါပြီး 90% Screen-to-body Ratio ဖြစ်ပါတယ်။ မျက်နှာပြင်မှာ Waterdrop Notch ပါပါတယ်။ Kirin 710 SoC မောင်းနှင်ထားပါတယ်။ 6GB RAM အထိ ရွေးချယ်နိုင်ပါတယ်။ GPU Turbo 2.0 လည်း ပါပါတယ်။ Android 9.0 Pie အခြေပြု EMUI 9.0 ထည့်ထားပါတယ်။ အနောက်ဘက်မှာ 13MP f/1.8 Camera နဲ့ 2MP Depth Camera များပါပြီး မတူညီတဲ့ ရှုခင်း 22 ခုကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ AI Portrait နဲ့ AI Scene Detection များ ပါပါတယ်။ AI Selfie ပါတဲ့ 24MP Front Camera ထည့်သွင်းထားပါတယ်။ အနောက်ဘက်ကို ဖန်ဖြင့် ဖုံးအုပ်ထားပါတယ်။ လက်ဗွေရာကိရိယာကို အနောက်ဘက်မှာ မြှုပ်နှံထားပြီး 3400 mAh Battery ပါပါတယ်။

(7). Solid All-Rounder : Huawei P Smart (2019)

သင့်တင့်တဲ့ စျေးနှုန်း၊ ကောင်းမွန်တဲ့ ကင်မရာနဲ့ software ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များစွာ ပါဝင်မှုဟာ ဒီဖုန်းကို ဘတ်ဂျတ်တွေထဲမှာ လူသိများစေပြီး earpiece speaker နေရာချထားတဲ့ပုံစံနဲ့ micro USB အသုံးပြုမှု၊ ပလပ်စတစ်ကိုယ်ထည်မှာ လက်ဗွေဖတ်စနစ်ထားသိုမှု မမှန်တာတွေက ဒီဖုန်းကို အားနည်းသွားစေပါတယ်။ သူ့မှာ 6.2 လက်မ FullHD+ Display ထည့်သွင်းထားပြီး Waterdrop Notch ပါတယ်။ P Smart+ လိုပဲ သူ့မှာ Kirin 710 Chipset မောင်းနှင်ထားပါတယ်။ သူ့အတွက် မန်မိုရီတစ်မျိုးသာ ထုတ်လုပ်ထားပြီး 3GB RAM, 64GB Storage များ ဖြစ်ပါတယ်။ Hybrid Dual SIM Slot ပါတဲ့အတွက် micro SD Card စိုက်နိုင်ပါတယ်။ အနောက်ဘက်မှာ 13MP + 2MP Dual Camera နဲ့ အရှေ့ဘက်မှာ 8MP Camera များ ထည့်သွင်းထားပါတယ်။ Android 9 Pie အခြေပြု EMUI ထည့်ထားပါတယ်။ 3400 mAh Battery ပါပါတယ်။ micro USB, 3.5mm Headphone Jack များ ပါပါတယ်။

(8). Best For £100 : Motorola Moto E6 Plus

ပြည့်စုံတဲ့ အရည်အသွေး၊ ရှင်းပတဲ့ မျက်နှာပြင်တွေဟာ ဒီဖုန်းရဲ့ ကောင်းကွက်တွေလို့ ဆိုနိုင်ပြီး အားသွင်းတဲ့အပိုင်း နှေးတာမျိုးနဲ့ Apps နဲ့ games တွေ သုံးတဲ့အချိန်မှာ နှေးတာမျိုးကလည်း ပုံမှန်ဖုန်းသုံးတဲ့ သူတစ်ယောက်အတွက်ဆိုရင် အတော်မကောင်းတာပါ။ ဒါပေမယ့် စျေးနှုန်းကို ကြည့်လိုက်ရင်တော့ ဒီဖုန်းမှာ ဒီလောက်ပဲပါတယ်ဆိုတာက ဖြစ်သင့်ပါတယ်။ HD+ Max Vision Display နဲ့ Dual Rear ကင်မရာတွေက ဒီဖုန်းနဲ့ ဒီစျေး တန်ပါတယ်။ သူ့မှာ 6.1 လက်မ HD+ Max Vision Display နဲ့ MediaTekHelio P22 Chipset ထည့်ထားပါတယ်။ 2GB RAM, Android 9.0 Pie ပါပါတယ်။ အနောက်ဘက်မှာ 13MP နဲ့ 2MP Dual Cameras တွေ ထည့်ထားပါတယ်။ 8MP Front Camera ပါပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာအာရုံခံကိရိယာ မြှုပ်နှံထားပါတယ်။ ဘက်ထရီစွမ်းအားကတော့ 3000 mAh ဖြစ်ပြီး ကွန်ရက်ချိတ်ဆက်မှုအတွက် 4G VoLTE, WiFi 802.11 a/b/g/n, Bluetooth 4.2, GPS, Micro USB တွေ ပါဝင်ပါတယ်။

(9). Good For Quality : Xiaomi Mi A2

စွမ်းဆောင်ရည်နဲ့ စျေးနှုန်း ထပ်တူကျတဲ့ဖုန်းလို့ သတ်မှတ်နိုင်ပြီး Dual cameras နဲ့ Pure Android ဖြစ်တာတွေက ဒီဖုန်းရဲ့ အားသာချက်ပါ။ 5.99” IPS LCD display, Resolution 1080 × 2160 pixel, contrast ratio 1500:1, Gorilla Glass 5 ဒါတွေကတော့ Display ရဲ့ Spec တွေပါ။ Mi A1 နဲ့ယှဉ်ရင်တော့ Dimensiion တူသလောက် နီးနီးကိုမှ သူက 3mm လောက် နည်းနည်းပိုရှည်ပါတယ်။ သူ့ရဲ့ Selfie ကင်မရာက 20MP ရှိတဲ့ Sony IMX376 sensor ကို သုံးထားပြီး Light Sensitivity ပိုကောင်းလာပါတယ်။ Selfie အတွက် LED flash ထည့်ပေးထားတဲ့အပြင် AI Effect နဲ့ ပြုပြင်နိုင်ပြီး ပိုကောင်းလာတာက Selfie အတွက်ပါ HDR mode ကို ထည့်ပေးလာခြင်းပါ။ နောက်ဘက် dual camera ကတော့ aperture f/1.75 ရှိတဲ့ 20MP Sony IMX376 sensor နဲ့ 12MP Sony IMX486 sensor ကို သုံးထားပါတယ်။ sensor 2 ခုလုံးက Aperture size တူပေမယ့် 12MP sensor က 1.25µm ဖြစ်တဲ့အတွက် pixel size ပိုကြီးသွားပါတယ်။ ကိုယ်ရိုက်မယ့် မြင်ကွင်းကိုလိုက်ပြီး sensor 2 ခုကို Manual ပြောင်းလို့ ရပါတယ်။ Mi A2 ဖုန်းတွေမှာတော့ Snapdragon 660 chipset တွေကို သုံးထားပြီး Base Model အတွက် RAM 4GB က စပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

The Best Cheap Smartphones For Every Budget

အဆင့္ျမင့္စမတ္ဖုန္းေတြႀကီးပဲ ေတာက္ေလွ်ာက္ထြက္ေနတဲ့အခ်ိန္မွာ လူအမ်ားစုအတြက္ ေစ်းေပါတဲ့ စမတ္ဖုန္းေတြဆိုတာလည္း လိုအပ္ေနျပန္ပါတယ္။ အျခားႏွစ္ေတြမွာလည္း ကၽြန္ေတာ္တို႔အေနနဲ႔ ဘတ္ဂ်တ္ဖုန္းေတြထဲကေန ေစ်းသက္သာၿပီး စြမ္းေဆာင္ရည္ေကာင္းတဲ့ဖုန္းေတြ ေရြးထုတ္ေပးႏုိင္ခဲ့ပါတယ္။ ဘတ္ဂ်တ္ဖုန္းလည္း ျဖစ္ရမယ္။ လူအမ်ားစုလည္း အသံုးျပဳႏုိင္ရမယ္။ ၿပီးေတာ့ အဲ့ဒီဖုန္းက အရည္အေသြးပိုင္းမွာလည္း အေနအထားတစ္ခုေလာက္မွာ ရွိေနရမယ္ဆိုၿပီး အခ်က္အလက္ေပါင္းမ်ားစြာနဲ႔ ကိုက္ညီတဲ့ ဖုန္းေတြကို ရွာေဖြခဲ့ပါတယ္။ အဲ့ဒီဖုန္းေတြကေတာ့

(1). Best Cheap Phone : Xiaomi Redmi Note 7

Redmi Note 7 ဟာ ကုမၸဏီရဲ႕ သီးသန္႔အမွတ္တံဆိပ္အျဖစ္ စတင္ၿပီး ထုတ္လုိက္ရတဲ့ဖုန္းပဲ ျဖစ္ပါတယ္။ ဒီဖုန္းရဲ႕ အားသာခ်က္ပိုင္းအေနနဲ႔ ဘက္ထရီသက္တမ္း တာရွည္ခံမယ္၊ စြမ္းေဆာင္ရည္ေကာင္းမယ္၊ အားနည္းခ်က္လို႔ ဆိုရမွာက NFC မပါဘူး။ မိုႏိုစပီကာကို သံုးေပးထားတယ္။ အဲ့ဒါေတြကလြဲရင္ ဒီဖုန္းဟာ ဘတ္ဂ်တ္ဖုန္းေတြထဲမွာ အေတာ္စြမ္းေဆာင္ရည္ေကာင္းတဲ့ဖုန္းလို႔ သတ္မွတ္ႏုိင္လိမ့္မယ္။ 48-megapixel ကင္မရာကို သုံးလာၿပီး 5-megapixel depth module ထပ္ထည့္ေပးထားတယ္။ ဒီလိုဆင္ဆာအမ်ိဳးအစားကိုေတာ့ Motorola One Vision က စလို႔ OnePlus 7 Pro ေလာက္ထိေတာင္ ေတြ႕ႏိုင္လိမ့္မယ္။ ကင္မရာအတြက္ optical image stabilisation (OIS) မထည့္ထားဘူးဆိုရင္ေတာင္ ဓာတ္ပုံေတြ႐ိုက္ဖို႔ အေတာ္ေကာင္းတဲ့ ဖုန္းအျဖစ္ သတ္မွတ္ႏိုင္လိမ့္မယ္။ မ်က္ႏွာျပင္ 6.3-inch 2340×1080 pixel LCD display မွာ Qualcomm Snapdragon 660 ကို သုံးထားတယ္။ အေရွ႕ကင္မရာကေတာ့ 13-megapixel ျဖစ္တယ္။ ဘက္ထရီကေတာ့ တာရွည္ခံဆိုတဲ့အတိုင္းပဲ 4000 mAh ကုိ သုံးႏိုင္မွာပါ။

(2). Best For £300 : Moto G8 Plus

ေစ်းႏႈန္းနဲ႔လိုက္ဖက္ညီတဲ့ အရည္အေသြးနဲ႔အတူ ပိုေကာင္းတဲ့ စပီကာကို ဒီဖုန္းမွာ ေတြ႕ရမွာပါ။ G7 Plus ဖုန္းထက္ ပိုေကာင္းတဲ့ ျပဳျပင္ေျပာင္းလဲမႈေတြ ဒီဖုန္းမွာ မေတြ႕ရဘူး။ ၿပီးေတာ့ ကင္မရာမွာလည္း အကန္႔အသတ္ရွိေနတယ္။ ၿပီးေတာ့ ေစ်းႏႈန္းနဲ႔ လိုက္ဖက္ညီတဲ့ စြမ္းေဆာင္ခ်က္ကို ဒီဖုန္းမွာ ေတြ႕ရမွာပါ။ ဒီဖုန္းမွာ 6.3-inch မ်က္ႏွာျပင္နဲ႔ျဖစ္ၿပီး ေက်ာဘက္မွာ ကင္မရာဆင္ဆာ 3 ခု ပါဝင္မွာ ျဖစ္ပါတယ္။ ကင္မရာေတြက 48-megapixel, f/1.7 main, 16-megapixel ultra-wide နဲ႔ 5-megapixel depth ဆင္ဆာတုိ႔ ျဖစ္ပါတယ္။ ဒါေၾကာင့္ သင့္တင့္ေလ်ာက္ပတ္တဲ့ အေရာင္နဲ႔ ေကာင္းမြန္တဲ့ ဓာတ္ပုံေတြကို ထုတ္ေပးမွာပါ။ Android 10 ကို အဆင့္ျမႇင့္ေပးမွာျဖစ္ၿပီး 2 ႏွစ္အထိ Security Patch ေတြ ရမွာပါ။ အေနာက္ဘက္မွာ လက္ေဗြရာကိရိယာ တပ္ဆင္ထားပါတယ္။ ဘက္ထရီကေတာ့ 4000 mAh ျဖစ္ၿပီး တစ္ခါအားသြင္းထားရင္ နာရီ 40 သုံးႏိုင္ပါတယ္။ 15W TurboPower ပါပါတယ္။ ပ႐ိုဆက္ဆာပိုင္းအတြက္ Snapdragon 665 chipset နဲ႔အတူ 4GB RAM ကို သုံးႏုိင္ပါလိမ့္မယ္။ ပလတ္စတစ္ကိုယ္ထည္ တပ္ဆင္ထားၿပီး ေရစက္ေရေပါက္ေတြကို ခံႏိုင္ပါတယ္။

(3). Best For Flagship Quality : Xiaomi Mi 9

ေနာက္ထပ္ Xiaomi ဖုန္းတစ္လုံးျဖစ္ၿပီး စြမ္းေဆာင္ရည္ပိုင္းမွာ ေကာင္းတဲ့အျပင္ မ်က္ႏွာျပင္ေရာ၊ ကင္မရာေရာက သုံးစြဲသူစိတ္တိုင္းက် စြမ္းေဆာင္ေပးႏိုင္လိမ့္မယ္။ အားနည္းခ်က္ကေတာ့ ေရစိုဒဏ္မခံႏုိင္တာပဲ။ ဒါကလည္း သိပ္ေတာ့ ျပႆနာမဟုတ္ပါဘူး။ ဖုန္းသုံးမွာဆိုေတာ့ စြမ္းေဆာင္ရည္ေကာင္းဖို႔ကပဲ အဓိကက်မွာပါ။ ေစ်းႏႈန္းနဲ႔ စြမ္းေဆာင္ခ်က္ပိုင္းမွာ 2 ဆေလာက္ကြာတဲ့ ဖုန္းကို ရွာမယ္ဆုိရင္ Mi9 က အဲ့လိုဖုန္းမ်ိဳးပါ။ ဒီဖုန္းမွာ ေစ်းျမင့္တဲ့ ဖုန္းေတြမွာသာပါတဲ့ စြမ္းေဆာင္ခ်က္ေတြျဖစ္တဲ့ Snapdragon 855 chipset ၊ 6.4-inch OLED display ေတြနဲ႔ ကင္မရာ 3 လုံး ထည့္ေပးထားပါတယ္။ ဒီလိုေစ်းႏႈန္းနဲ႔ ဖုန္းမ်ိဳးဆိုတာ ရွာရွင္မေတြ႕ႏုိင္ေလာက္သလိုပါဘဲ။ Mi 9 ဟာ Xiaomi ရဲ႕ ပထမဆုံး ကင္မရာသုံးလုံးတြဲဖုန္းျဖစ္ၿပီး အဲ့ဒီအခ်ိန္တုန္းက ထြက္ခဲ့တဲ့ စမတ္ဖုန္းေတြထဲမွာ အျမန္ဆုံး ႀကိဳးမဲ့အားသြင္းစနစ္ပါဝင္တဲ့ ဖုန္းတစ္လုံး ျဖစ္ပါတယ္။ ေနာက္ေက်ာက္ဘက္မွာ 48MP  ကင္မရာျဖစ္ၿပီး Quad Bayer filer နဲ႔ Sony IMX586 sensor ကို အသုံးျပဳထားပါတယ္။ Wide angle ႐ိုက္ဖို႔အတြက္ 16MP ultra-wide camera ပါဝင္ၿပီး 117 ဒီဂရီအထိ ျမင္ကြင္းက်ယ္ ႐ိုက္ကူးႏိုင္ပါတယ္။ Autofocus ပါတဲ့ f/2.2 lens နဲ႔ 4 စင္တီမီတာအကြာကေန macros ပုံေတြလည္း ႐ိုက္ႏိုင္မွာပါ။ မ်က္ႏွာျပင္ 6.39 လက္မ အရြယ္အစားထိရွိၿပီး FHD+ အရည္အေသြးရွိ Super AMOLED Display ျဖစ္ပါတယ္။ ဘက္ထရီကေတာ့ 3300 mAh ျဖစ္ပါတယ္။ Chipset အေနနဲ႔ Snapdragon 855 သုံးထားၿပီး 6GB နဲ႔ 8GB RAM ပါဝင္ကာ 64GB Storage နဲ႔ 128GB Storage ေရြးခ်ယ္ႏိုင္ပါတယ္။ CPU နဲ႔ GPU လုပ္ေဆာင္မႈကို ခ်ိန္ညႇိေပးမယ့္ Game Turbo စနစ္လည္း ေတြ႕ရဦးမွာပါ။

(4). Best For Battery Life : OPPO A5 2020

ႀကီးမားတဲ့ မ်က္ႏွာျပင္၊ ႀကီးမားတဲ့ ဘက္ထရီဆိုတဲ့ အတြဲအဖက္ကပဲ ဒီဖုန္းကို ဘတ္ဂ်တ္ဖုန္းေတြထဲမွာ အေကာင္းဆုံး စာရင္းဝင္သြားတာပါ။ အေကာင္းဆုံးေတြထဲက ဆိုးတာေလးေတြ ျဖည့္ေျပာရရင္ေတာ့ 720p screen နဲ႔ ေနာက္ေက်ာဘက္က ပလပ္စတစ္ျဖစ္ေနတာပါဘဲ။ OPPO A5 2020 ဟာ ဘက္ထရီသက္တမ္း အေကာင္းဆုံးဖုန္းေတြထဲမွာ ထိပ္တန္းအဆင့္ရွိတဲ့ဖုန္းလို႔ ဆိုရမွာပါ။ ႀကီးမားတဲ့ Screen အတြက္ နည္းပါးတဲ့ resolution က ေစ်းႏႈန္းနဲ႔ယွဥ္လိုက္မယ္ဆိုရင္ မေျပာပေလာက္တဲ့ ျပႆနာလို႔ ဆိုရမွာပါ။ Snapdragon 665 chipset က ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ကို ေပးမွာျဖစ္ၿပီး သိုေလွာင္မႈအတြက္ 64GB ျဖစ္မွာပါ။ 3GB RAM နဲ႔အတူ ေနာက္ဘက္ ကင္မရာ 4 လုံးဆိုတာကလည္း ဒီဖုန္းကုိ ေရြးခ်ယ္ဖုိ႔ ေနာက္ထပ္ အေၾကာင္းရင္းတစ္ခု ျဖစ္ေနျပန္ပါတယ္။ ကင္မရာေတြကေတာ့ 12MP ၊ 8MP နဲ႔ 2MP sensors 2 ခုပါ။ လက္ရွိအခ်ိန္ဆိုရင္ 6GB RAM ေမာ္ဒယ္ေတာင္ ထြက္ေနပါၿပီ။ 119° Ultra Wide ဓာတ္ပုံမ်ားကို ႐ိုက္ကူးႏိုင္မယ့္အျပင္ Ultra Night Mode 2.0 ပါဝင္လာတဲ့အတြက္ ညအခ်ိန္ ဓာတ္ပုံေတြ ႐ိုက္ကူးရာမွာ ၾကည္လင္ျပတ္သားတဲ့ ပုံရိပ္ေတြကို ရရွိမွာ ျဖစ္ပါတယ္။

(5). Best For Battery Life (Option 2) : Moto G7 Power

ဒါကလည္း ေနာက္ထပ္ ဘက္ထရီသက္တမ္းေကာင္းတဲ့ ဖုန္းတစ္လုံး ျဖစ္ပါတယ္။ စြမ္းေဆာင္ရည္ပိုင္းမွာလည္း ႀကံ႕ခိုင္ၿပီး ၾကည့္ေကာင္းတဲ့ ပုံစံဒီဇုိင္းကို ေတြ႕ရမွာပါ။ voice ေခၚဆိုမႈေတြ ေရာေႏွာတာနဲ႔ ကင္မရာစြမ္းေဆာင္ရည္ ပုံမွန္အတုိင္းရွိတာေလးပဲ ေျပာစရာပါ။ ဒီဖုန္းဆီကေန ေစ်းသက္သာတယ္ဆိုတဲ့ အေၾကာင္းကိုပဲ သင့္အေနနဲ႔ ရရွိမွာပါ။ Moto G7 Power features ပိုင္းအေနနဲ႔ low-resolution screen – 1520×720 pixels ကို ေတြ႕ရမွာျဖစ္ၿပီး ေနာက္ဘက္ကင္မရာကလည္း သိပ္အေကာင္းႀကီး မဟုတ္ပါဘူး။ 12-megapixel f/2.0 ကင္မရာတစ္လုံးသာပါဝင္ၿပီး LED flash တစ္ခု ပါဝင္တာကို ေတြ႕ရမွာပါ။ ဘတ္ဂ်တ္ဖုန္းေတြထဲက ဘတ္ဂ်တ္အက်ဆံုးလုိ႔ ဆိုႏိုင္မယ့္ ဒီဖုန္းမွာ ပ႐ိုဆက္ဆာအတြက္ Qualcomm Snapdragon 632 CPU သုံးထားၿပီး 4GB RAM နဲ႔အတူ Adreno 506 GPU ေထာက္ပံ့ေပးထားပါတယ္။ ဒီဖုန္းမွာ Android 9.0  ကို ထည့္ေပးထားၿပီး stock Android အေတြ႕အႀကံဳနဲ႔ သုံးႏုိင္မွာပါ။

(6). Best For Under £200 : Honor 10 Lite

Feature ေတြ စုံစုံလင္လင္ ပါတယ္။ သင့္တင့္တဲ့ ဘက္ထရီဆိုတာနဲ႔တင္ ဒီဖုန္းက ေရြးခ်ယ္စရာ ျဖစ္ေနပါတယ္။ ေစ်းႏႈန္းနဲ႔ လိုက္ဖက္ညီတဲ့ ဒီဇိုင္းကိုလည္း ရပါလိမ့္မယ္။ ေကာင္းကြက္ေတြနဲ႔အတူ ဆုိးကြက္ေလးေတြလည္း ရွိေနပါတယ္။ အဲ့ဒါေတြကေတာ့ ပလပ္စတစ္နဲ႔ ျပဳလုပ္ထားတာျဖစ္ၿပီး ေဆာဖ့္ဝဲလ္ကလည္း နည္းနည္းေလးပါတယ္။ fingerprints ကလည္း နည္းနည္းလွမ္းတဲ့ပုံစံမ်ိဳး ျဖစ္ေနပါတယ္။ Honor 10 2018 flagship ဖုန္းေတြထဲမွာေတာ့ အေတာ္ေကာင္းတဲ့ဖုန္းလို႔ ဆိုရမွာပါ။ ေနာက္ဆံုးေပၚ Android အေျချပဳ UI ကို သုံးႏိုင္မွာျဖစ္ၿပီး Emotion UI 9 ကို သံုးႏုိင္မွာပါ။ သူ႔မွာ 6.21 လက္မ Full HD+ Display ပါၿပီး 90% Screen-to-body Ratio ျဖစ္ပါတယ္။ မ်က္ႏွာျပင္မွာ Waterdrop Notch ပါပါတယ္။ Kirin 710 SoC ေမာင္းႏွင္ထားပါတယ္။ 6GB RAM အထိ ေရြးခ်ယ္ႏိုင္ပါတယ္။ GPU Turbo 2.0 လည္း ပါပါတယ္။ Android 9.0 Pie အေျချပဳ EMUI 9.0 ထည့္ထားပါတယ္။ အေနာက္ဘက္မွာ 13MP f/1.8 Camera နဲ႔ 2MP Depth Camera မ်ားပါၿပီး မတူညီတဲ့ ရႈခင္း 22 ခုကို ခြဲျခမ္းစိတ္ျဖာႏိုင္တဲ့ AI Portrait နဲ႔ AI Scene Detection မ်ား ပါပါတယ္။ AI Selfie ပါတဲ့ 24MP Front Camera ထည့္သြင္းထားပါတယ္။ အေနာက္ဘက္ကို ဖန္ျဖင့္ ဖုံးအုပ္ထားပါတယ္။ လက္ေဗြရာကိရိယာကို အေနာက္ဘက္မွာ ျမႇဳပ္ႏွံထားၿပီး 3400 mAh Battery ပါပါတယ္။

(7). Solid All-Rounder : Huawei P Smart (2019)

သင့္တင့္တဲ့ ေစ်းႏႈန္း၊ ေကာင္းမြန္တဲ့ ကင္မရာနဲ႔ software ပိုင္းဆိုင္ရာ လုပ္ေဆာင္ခ်က္မ်ားစြာ ပါဝင္မႈဟာ ဒီဖုန္းကို ဘတ္ဂ်တ္ေတြထဲမွာ လူသိမ်ားေစၿပီး earpiece speaker ေနရာခ်ထားတဲ့ပုံစံနဲ႔ micro USB အသုံးျပဳမႈ၊ ပလပ္စတစ္ကိုယ္ထည္မွာ လက္ေဗြဖတ္စနစ္ထားသိုမႈ မမွန္တာေတြက ဒီဖုန္းကို အားနည္းသြားေစပါတယ္။ သူ႔မွာ 6.2 လက္မ FullHD+ Display ထည့္သြင္းထားၿပီး Waterdrop Notch ပါတယ္။ P Smart+ လိုပဲ သူ႔မွာ Kirin 710 Chipset ေမာင္းႏွင္ထားပါတယ္။ သူ႔အတြက္ မန္မိုရီတစ္မ်ိဳးသာ ထုတ္လုပ္ထားၿပီး 3GB RAM, 64GB Storage မ်ား ျဖစ္ပါတယ္။ Hybrid Dual SIM Slot ပါတဲ့အတြက္ micro SD Card စိုက္ႏိုင္ပါတယ္။ အေနာက္ဘက္မွာ 13MP + 2MP Dual Camera နဲ႔ အေရွ႕ဘက္မွာ 8MP Camera မ်ား ထည့္သြင္းထားပါတယ္။ Android 9 Pie အေျချပဳ EMUI ထည့္ထားပါတယ္။ 3400 mAh Battery ပါပါတယ္။ micro USB, 3.5mm Headphone Jack မ်ား ပါပါတယ္။

(8). Best For £100 : Motorola Moto E6 Plus

ျပည့္စုံတ့ဲ အရည္အေသြး၊ ရွင္းပတဲ့ မ်က္ႏွာျပင္ေတြဟာ ဒီဖုန္းရဲ႕ ေကာင္းကြက္ေတြလို႔ ဆိုႏိုင္ၿပီး အားသြင္းတဲ့အပိုင္း ေႏွးတာမ်ိဳးနဲ႔ Apps နဲ႔ games ေတြ သုံးတဲ့အခ်ိန္မွာ ေႏွးတာမ်ိဳးကလည္း ပုံမွန္ဖုန္းသုံးတဲ့ သူတစ္ေယာက္အတြက္ဆုိရင္ အေတာ္မေကာင္းတာပါ။ ဒါေပမယ့္ ေစ်းႏႈန္းကို ၾကည့္လုိက္ရင္ေတာ့ ဒီဖုန္းမွာ ဒီေလာက္ပဲပါတယ္ဆိုတာက ျဖစ္သင့္ပါတယ္။ HD+ Max Vision Display နဲ႔ Dual Rear ကင္မရာေတြက ဒီဖုန္းနဲ႔ ဒီေစ်း တန္ပါတယ္။ သူ႔မွာ 6.1 လက္မ HD+ Max Vision Display နဲ႔ MediaTekHelio P22 Chipset ထည့္ထားပါတယ္။ 2GB RAM, Android 9.0 Pie ပါပါတယ္။ အေနာက္ဘက္မွာ 13MP နဲ႔ 2MP Dual Cameras ေတြ ထည့္ထားပါတယ္။ 8MP Front Camera ပါပါတယ္။ အေနာက္ဘက္မွာ လက္ေဗြရာအာ႐ုံခံကိရိယာ ျမႇဳပ္ႏွံထားပါတယ္။ ဘက္ထရီစြမ္းအားကေတာ့ 3000 mAh ျဖစ္ၿပီး ကြန္ရက္ခ်ိတ္ဆက္မႈအတြက္ 4G VoLTE, WiFi 802.11 a/b/g/n, Bluetooth 4.2, GPS, Micro USB ေတြ ပါဝင္ပါတယ္။

(9). Good For Quality : Xiaomi Mi A2

စြမ္းေဆာင္ရည္နဲ႔ ေစ်းႏႈန္း ထပ္တူက်တဲ့ဖုန္းလို႔ သတ္မွတ္ႏုိင္ၿပီး Dual cameras နဲ႔ Pure Android ျဖစ္တာေတြက ဒီဖုန္းရဲ႕ အားသာခ်က္ပါ။ 5.99” IPS LCD display, Resolution 1080 × 2160 pixel, contrast ratio 1500:1, Gorilla Glass 5 ဒါေတြကေတာ့ Display ရဲ႕ Spec ေတြပါ။ Mi A1 နဲ႔ယွဥ္ရင္ေတာ့ Dimensiion တူသေလာက္ နီးနီးကိုမွ သူက 3mm ေလာက္ နည္းနည္းပိုရွည္ပါတယ္။ သူ႔ရဲ႕ Selfie ကင္မရာက 20MP ရွိတဲ့ Sony IMX376 sensor ကို သုံးထားၿပီး Light Sensitivity ပိုေကာင္းလာပါတယ္။ Selfie အတြက္ LED flash ထည့္ေပးထားတဲ့အျပင္ AI Effect နဲ႔ ျပဳျပင္ႏိုင္ၿပီး ပိုေကာင္းလာတာက Selfie အတြက္ပါ HDR mode ကို ထည့္ေပးလာျခင္းပါ။ ေနာက္ဘက္ dual camera ကေတာ့ aperture f/1.75 ရွိတဲ့ 20MP Sony IMX376 sensor နဲ႔ 12MP Sony IMX486 sensor ကို သုံးထားပါတယ္။ sensor 2 ခုလုံးက Aperture size တူေပမယ့္ 12MP sensor က 1.25µm ျဖစ္တဲ့အတြက္ pixel size ပိုႀကီးသြားပါတယ္။ ကိုယ္႐ိုက္မယ့္ ျမင္ကြင္းကိုလိုက္ၿပီး sensor 2 ခုကို Manual ေျပာင္းလို႔ ရပါတယ္။ Mi A2 ဖုန္းေတြမွာေတာ့ Snapdragon 660 chipset ေတြကို သုံးထားၿပီး Base Model အတြက္ RAM 4GB က စပါတယ္။

NetGuide Journal (Every Wednesday)