Author: GT (Excellent)

ဒီတစ်ပတ်အတွက် Survival ဂိမ်းကောင်းတွေထဲက State of Decays 2 ဆိုတဲ့ဂိမ်းလေးကို သည်းထိတ်ရင်ဖိုကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဒီဂိမ်းလေးဟာ ပြီးခဲ့တဲ့ 2013 ခုနှစ်ကထွက်ရှိခဲ့တဲ့ State of Decay ရဲ့ နောက်ဆက်တွဲဖြစ်ပြီး ဒီတစ်ခါမှာလည်း Developer(s) Undead Labs ကနေ ဖန်တီးပေးထားပြီး Microsoft Studios ကနေ Publisher အဖြစ် ဖြန့်ချိပေးထားတာဖြစ်ပါတယ်။ ပလက်ဖောင်းတွေအနေနဲ့ကတော့ PC သမားတွေအတွက်သာမက Xbox One သမားတွေအတွက်ပါ ကစားနိုင်မှာပါ။

ဒီဂိမ်းမှာအခြား Horror ဂိမ်းတွေနဲ့မတူတာတစ်ခုကတော့ ဇွမ်ဘီတွေလက်ကနေ အမြဲတမ်းပြေးနေရတာမျိုး မဟုတ်ဘဲနဲ့ အသက်ရှင်ရပ်တည်ဖို့ အစားအသောက်၊ ရေ၊ ဆေးဝါး၊ ရိက္ခာ၊ လက်နက် အစရှိတာတွေကိုစုဆောင်းပြီး စနစ်တကျခံစစ်ပြင်ဆင်နိုင်တာပဲ ဖြစ်ပါတယ်။ အဝေးကြည့်မျှော်စင်တွေ၊ ကတုတ်ကျင်းနဲ့ ဘန်ကာတွေ၊ သီးခြားအိပ်ခန်းတွေ၊ မီးဖိုချောင်၊ ဆေးထည့်ခန်းတွေ၊ စတိုခန်း၊ ဂိုဒေါင်၊ ဆက်သွယ်ရေးခန်း၊ ပါဝါဆပ်ပလိုင်းခန်း စတာတွေအပြင် ယာဉ်လက်နက်တွေပြင်ဆင်ဖို့ ဝပ်ရှော့တွေကအစ ဖန်တီးတည်ဆောက်ခွင့်တွေ ထည့်သွင်းပေးထားပါတယ်။ စားနပ်ရိက္ခာတွေရရှိဖို့အတွက် ပျက်စီးနေတဲ့ စူပါမတ်ကတ်တွေ၊ အရောင်းဆိုင်တွေ၊ စားသောက်ဆိုင်တွေ အစရှိတဲ့ နေရာစုံကို လိုက်လံရှာဖွေရမှာဖြစ်ပြီး မိမိအတွက်သိုလှောင်ထားနိုင်တဲ့အပြင် ပိုလျှံနေမယ့်အရာတွေကိုလည်း အခြားလိုအပ်နေတဲ့အဖွဲ့တွေနဲ့ ကိုယ်လိုချင်တဲ့အရာချင်း ဖလှယ်ရမှာ၊ ရောင်းဝယ်ရမှာဖြစ်ပါတယ်။

ဂိမ်းထဲမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာနိုင်အောင် 16 စတုရန်းကီလိုမီတာကျယ်ဝန်းတဲ့ နယ်မြေဧရိယာ ထည့်သွင်းပေးထားတဲ့ အတွက် မိမိစိတ်ကြိုက် ဆော့ကစားနိုင်မှာပါ။ မြေပုံတွေအနေနဲ့ကတော့ Cascade Hills, Meagher Valley, Drucker County, Trumbull Valley, Providence Ridge ဆိုပြီး (5)မျိုးပါဝင်မှာဖြစ်ပြီး Cascade Hills မှာ Location (14)မျိုး၊ Meagher Valley မှာ Location (9)မျိုး၊ Drucker County မှာ Location (3)မျိုး ပါဝင်မှာဖြစ်ပါတယ်။ ရောဂါအမျိုးအစားတွေနဲ့ခြိမ်းခြောက်မှုတွေအနေနဲ့ Blood Plague, Hostile Survivors, Infestations, Plague Hearts, Plague Walls, Zombies and Freaks ဆိုပြီး Threat တွေနဲ့အတူ ဇာတ်လမ်းတစ်ခုလုံးမှာ ပံ့ပိုးပေးမယ့် သီးခြားဇာတ်ကောင်တွေအနေနဲ့ အယောက်(30)ဝန်းကျင်အထိ ပါဝင်ပြီး ဇာတ်ကောင်တိုင်းမှာ Cardio, Wits, Fighting, Shooting စတဲ့ Skill (4)မျိုးစီ ပိုင်ဆိုင်မှာပါ။

Zombies ပိုင်းကိုလည်း Armored Zombies, Plague Zombies, Screamers, Bloaters, Ferals, Juggernauts စသဖြင့် ပါဝါတွေအလိုက် အုပ်စုတွေခွဲထားပါသေးတယ်။ တိုက်ခိုက်ရေးလက်နက်ပိုင်းကိုတော့ Bladed Weapons (44)မျိုး၊ Blunt Weapons (47)မျိုး၊ Close Combat Weapons (13)မျိုး၊ Heavy Weapons (10)မျိုး၊ Pistol (41)မျိုး၊ Assault Pistols (10)မျိုး၊ Revolvers (12)မျိုး၊ Rifles (30)ကျော်၊ Assault weapons (46)မျိုး၊ Short Gun (20)ကျော်၊ Assault Shotguns (6)မျိုး၊ Anti-Materiel Rifles (3) မျိုး၊ B50FG Cannons, Launchers (4)ခု၊ MGL-N Firewhirl Napalm Launchers, Crossbows (8)မျိုး၊ Pyro နဲ့ Starshank ဆိုပြီး Special Launcher (2)မျိုးနဲ့အတူ Vehicle တွေအဖြစ် Ambulance, Rhames V, Legendre, Utility Truck, Road Racer, Cargo Van, Vagabond, Military Truck, Survey Car, Taxi, Miragra, Pilato CR, Repair Van အစရှိတဲ့ ယာဉ်အမျိုးမျိုးကိုလည်း Heavy, Medium, Light ဆိုပြီး အုပ်စုလိုက်ထည့်သွင်းပေးထားတာ တွေ့ရပါမယ်။

ရုပ်ထွက်ကြည်လင်ပြတ်သားမှုအတွက်ကိုတော့ အမှောင် ခန်း ဦးစားပေး Unreal Engine 4 ကိုအသုံးပြုထားပြီး Single Player အပြင် Co-Operative (3)ဦးထိ ဆော့ကစားနိုင်မှာဖြစ်တာကြောင့် Horror ဂိမ်းပရိသတ်တွေအတွက် အကြိုက်တွေ့စေမှာ အသေအချာပါ။ ဒီဂိမ်းလေးကိုကစားမယ်ဆိုရင်တော့ OS: Windows 10 64-bit., CPU: Intel Core i5-2500 2.7GHz or AMD FX-6300 3.5 GHz., RAM: 8 GB, Graphics: NVIDIA GeForce GTX 760 2GB / AMD Radeon HD 7870, HDD: 30GB အနည်းဆုံး လိုအပ်မှာဖြစ်ပြီး အမြို့မြို့အနယ်နယ်တိုင်းမှာရှိတဲ့ Excellent Softwares & Games ဆိုင်တိုင်းမှာ ဝယ်ယူရရှိနိုင်ပြီဖြစ်တဲ့အကြောင်း သတင်းကောင်းလေး ပေးလိုက်ရပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

State of Decay 2 (PC)

Author: GT (Excellent)

ဒီတစ္ပတ္အတြက္ Survival ဂိမ္းေကာင္းေတြထဲက State of Decays 2 ဆိုတဲ့ဂိမ္းေလးကို သည္းထိတ္ရင္ဖိုႀကိဳက္ႏွစ္သက္တဲ့ ပရိသတ္ေတြအတြက္ တင္ဆက္ေပးလိုက္ပါတယ္။ ဒီဂိမ္းေလးဟာ ၿပီးခဲ့တဲ့ 2013 ခုႏွစ္ကထြက္ရွိခဲ့တဲ့ State of Decay ရဲ႕ ေနာက္ဆက္တြဲျဖစ္ၿပီး ဒီတစ္ခါမွာလည္း Developer(s) Undead Labs ကေန ဖန္တီးေပးထားၿပီး Microsoft Studios ကေန Publisher အျဖစ္ ျဖန္႔ခ်ိေပးထားတာျဖစ္ပါတယ္။ ပလက္ေဖာင္းေတြအေနနဲ႔ကေတာ့ PC သမားေတြအတြက္သာမက Xbox One သမားေတြအတြက္ပါ ကစားႏိုင္မွာပါ။

ဒီဂိမ္းမွာအျခား Horror ဂိမ္းေတြနဲ႔မတူတာတစ္ခုကေတာ့ ဇြမ္ဘီေတြလက္ကေန အျမဲတမ္းေျပးေနရ တာမ်ိဳး မဟုတ္ဘဲနဲ႔ အသက္ရွင္ရပ္တည္ဖို႔ အစားအေသာက္၊ ေရ၊ ေဆး၀ါး၊ ရိကၡာ၊ လက္နက္ အစရွိတာေတြကိုစုေဆာင္းၿပီး စနစ္တက်ခံစစ္ျပင္ဆင္ႏိုင္တာပဲ ျဖစ္ပါတယ္။ အေ၀းၾကည့္ေမွ်ာ္စင္ေတြ၊ ကတုတ္က်င္းနဲ႔ ဘန္ကာေတြ၊ သီးျခားအိပ္ခန္းေတြ၊ မီးဖိုေခ်ာင္၊ ေဆးထည့္ခန္းေတြ၊ စတိုခန္း၊ ဂိုေဒါင္၊ ဆက္သြယ္ေရးခန္း၊ ပါ၀ါဆပ္ပလိုင္းခန္း စတာေတြအျပင္ ယာဥ္လက္နက္ေတြျပင္ဆင္ဖို႔ ၀ပ္ေရွာ့ေတြကအစ ဖန္တီးတည္ေဆာက္ခြင့္ေတြ ထည့္သြင္းေပးထားပါတယ္။ စားနပ္ရိကၡာေတြရရွိဖို႔အတြက္ ပ်က္စီးေနတဲ့ စူပါမတ္ကတ္ေတြ၊ အေရာင္းဆိုင္ေတြ၊ စားေသာက္ဆိုင္ေတြ အစရွိတဲ့ ေနရာစံုကို လိုက္လံရွာေဖြရမွာျဖစ္ၿပီး မိမိအတြက္သိုေလွာင္ထားႏိုင္တဲ့အျပင္ ပိုလွ်ံေနမယ့္အရာေတြကိုလည္း အျခားလိုအပ္ေနတဲ့အဖြဲ႕ေတြနဲ႔ ကိုယ္လိုခ်င္တဲ့အရာခ်င္း ဖလွယ္ရမွာ၊ ေရာင္း၀ယ္ရမွာျဖစ္ပါတယ္။

ဂိမ္းထဲမွာ လြတ္လြတ္လပ္လပ္ လႈပ္ရွားသြားလာႏိုင္ေအာင္ 16 စတုရန္းကီလိုမီတာက်ယ္၀န္းတဲ့ နယ္ေျမဧရိယာ ထည့္သြင္းေပးထားတဲ့ အတြက္ မိမိစိတ္ႀကိဳက္ ေဆာ့ကစားႏိုင္မွာပါ။ ေျမပံုေတြအေနနဲ႔ကေတာ့ Cascade Hills, Meagher Valley, Drucker County, Trumbull Valley, Providence Ridge ဆိုၿပီး (5)မ်ိဳးပါ၀င္မွာျဖစ္ၿပီး Cascade Hills မွာ Location (14)မ်ိဳး၊ Meagher Valley မွာ Location (9)မ်ိဳး၊ Drucker County မွာ Location (3)မ်ိဳး ပါ၀င္မွာျဖစ္ပါတယ္။ ေရာဂါအမ်ိဳးအစားေတြနဲ႔ၿခိမ္းေျခာက္မႈေတြအေနနဲ႔ Blood Plague, Hostile Survivors, Infestations, Plague Hearts, Plague Walls, Zombies and Freaks ဆိုၿပီး Threat ေတြနဲ႔အတူ ဇာတ္လမ္းတစ္ခုလံုးမွာ ပ့ံပိုးေပးမယ့္ သီးျခားဇာတ္ေကာင္ေတြအေနနဲ႔ အေယာက္(30)၀န္းက်င္အထိ ပါ၀င္ၿပီး ဇာတ္ေကာင္တိုင္းမွာ Cardio, Wits, Fighting, Shooting စတဲ့ Skill (4)မ်ိဳးစီ ပိုင္ဆိုင္မွာပါ။

Zombies ပိုင္းကိုလည္း Armored Zombies, Plague Zombies, Screamers, Bloaters, Ferals, Juggernauts စသျဖင့္ ပါ၀ါေတြအလိုက္ အုပ္စုေတြခြဲထားပါေသးတယ္။ တိုက္ခိုက္ေရးလက္နက္ပိုင္းကိုေတာ့ Bladed Weapons (44)မ်ိဳး၊ Blunt Weapons (47)မ်ိဳး၊ Close Combat Weapons (13)မ်ိဳး၊ Heavy Weapons (10)မ်ိဳး၊ Pistol (41)မ်ိဳး၊ Assault Pistols (10)မ်ိဳး၊ Revolvers (12)မ်ိဳး၊ Rifles (30)ေက်ာ္၊ Assault weapons (46)မ်ိဳး၊ Short Gun (20)ေက်ာ္၊ Assault Shotguns (6)မ်ိဳး၊ Anti-Materiel Rifles (3) မ်ိဳး၊ B50FG Cannons, Launchers (4)ခု၊ MGL-N Firewhirl Napalm Launchers, Crossbows (8)မ်ိဳး၊ Pyro နဲ႔ Starshank ဆိုၿပီး Special Launcher (2)မ်ိဳးနဲ႔အတူ Vehicle ေတြအျဖစ္ Ambulance, Rhames V, Legendre, Utility Truck, Road Racer, Cargo Van, Vagabond, Military Truck, Survey Car, Taxi, Miragra, Pilato CR, Repair Van အစရွိတဲ့ ယာဥ္အမ်ိဳးမ်ိဳးကိုလည္း Heavy, Medium, Light ဆိုၿပီး အုပ္စုလိုက္ထည့္သြင္းေပးထားတာ ေတြ႕ရပါမယ္။

႐ုပ္ထြက္ၾကည္လင္ျပတ္သားမႈအတြက္ကိုေတာ့ အေမွာင္ ခန္း ဦးစားေပး Unreal Engine 4 ကိုအသံုးျပဳထားၿပီး Single Player အျပင္ Co-Operative (3)ဦးထိ ေဆာ့ကစားႏိုင္မွာျဖစ္တာေၾကာင့္ Horror ဂိမ္းပရိသတ္ေတြအတြက္ အႀကိဳက္ေတြ႕ေစမွာ အေသအခ်ာပါ။ ဒီဂိမ္းေလးကိုကစားမယ္ဆိုရင္ေတာ့ OS: Windows 10 64-bit., CPU: Intel Core i5-2500 2.7GHz or AMD FX-6300 3.5 GHz., RAM: 8 GB, Graphics: NVIDIA GeForce GTX 760 2GB / AMD Radeon HD 7870, HDD: 30GB အနည္းဆံုး လိုအပ္မွာျဖစ္ၿပီး အၿမိဳ႕ၿမိဳ႕အနယ္နယ္တိုင္းမွာရွိတဲ့ Excellent Softwares & Games ဆိုင္တိုင္းမွာ ၀ယ္ယူရရွိႏိုင္ၿပီျဖစ္တဲ့အေၾကာင္း သတင္းေကာင္းေလး ေပးလိုက္ရပါတယ္။

NetGuide Journal (Every Wednesday)