Samsung Galaxy A71 ကို မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးမှာ ရောင်းချလာတာ အနည်းငယ် ကြာမြင့်နေပြီ ဖြစ်ပါတယ်။ ယနေ့ထွက်ပေါ်လာတဲ့ သတင်းအရ Samsung Galaxy A71 ကို မကြာမီကာလအတွင်းမှာ တရုတ်ဈေးကွက်မှာ ကြေညာရောင်းချလာတော့မှာဖြစ်ကြောင်း သိရပါတယ်။ တရုတ်မှာ ရောင်းချလာမယ့် Samsung Galaxy A71 က လက်ရှိဈေးကွက်မှာ ရောင်းချနေတဲ့ ဗားရှင်းနှင့် ကွဲပြားလာပါမယ်။

တရုတ်မှာ ရောင်းချလာမယ့် Samsung Galaxy A71 က 5G ထောက်ပံ့လာမှာ ဖြစ်ပြီး 2019 ခုနှစ်ထွက် အဆင့်မြင့် စမတ်ဖုန်းများမှာ အသုံးပြုခဲ့တဲ့ Qualcomm Snapdragon 855 SoC သုံးလာမှာ ဖြစ်ပါတယ်။ Snapdragon 855 မှာ 5G Modem တပါတည်း မပါဝင်ပေမယ့် 5G Modem တပ်ဆင်ကာ အသုံးပြုနိုင်ပါတယ်။

Samsung Galaxy A71 5G ရဲ့ မော်ဒယ်နံပါတ်က SM-A7106 ဖြစ်ပါတယ်။ ဒီဖုန်းကို Snapdragon 855 ၊ RAM8GB နှင့် ပါဝါထောက်ပံ့ထားပြီး Android 10 OS သုံးထားပါတယ်။ ဒီဖုန်းမှာ Bluetooth 5.0 ပါဝင်လာမယ့်အပြင် ဘက်ထရီလည်း များစွာ ပါဝင်လာပါမယ်။

ကျန်အချက်တွေမှာ အော်ရီဂျင်နယ် Galaxy A71 နှင့် အတူတူ ဖြစ်လာဖို့ ရှိနေပါတယ်။ Samsung Galaxy A71 မှာ မျက်နှာပြင် 6.7 လက်မ Punch-Hole Display သုံးထားပါတယ်။ 64MP ကင်မရာပါ ကျောဘက်ကင်မရာလေးလုံးပါဝင်လာပါမယ်။ ကျောဘက်ကင်မရာလေးလုံးက 64MP+12MP Ultrawide+5MP Macro+5MP Depth တို့ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Snapdragon 855 အသုံးျပဳထားတဲ့ Samsung Galaxy A71 5G ကို ေရာင္းခ်မည္

Samsung Galaxy A71 ကို ျမန္မာနိုင္ငံအပါအဝင္ တစ္ကမၻာလုံးမွာ ေရာင္းခ်လာတာ အနည္းငယ္ ၾကာျမင့္ေနၿပီ ျဖစ္ပါတယ္။ ယေန႔ထြက္ေပၚလာတဲ့ သတင္းအရ Samsung Galaxy A71 ကို မၾကာမီကာလအတြင္းမွာ တ႐ုတ္ေဈးကြက္မွာ ေၾကညာေရာင္းခ်လာေတာ့မွာျဖစ္ေၾကာင္း သိရပါတယ္။ တ႐ုတ္မွာ ေရာင္းခ်လာမယ့္ Samsung Galaxy A71 က လက္ရွိေဈးကြက္မွာ ေရာင္းခ်ေနတဲ့ ဗားရွင္းႏွင့္ ကြဲျပားလာပါမယ္။

တ႐ုတ္မွာ ေရာင္းခ်လာမယ့္ Samsung Galaxy A71 က 5G ေထာက္ပံ့လာမွာ ျဖစ္ၿပီး 2019 ခုႏွစ္ထြက္ အဆင့္ျမင့္ စမတ္ဖုန္းမ်ားမွာ အသုံးျပဳခဲ့တဲ့ Qualcomm Snapdragon 855 SoC သုံးလာမွာ ျဖစ္ပါတယ္။ Snapdragon 855 မွာ 5G Modem တပါတည္း မပါဝင္ေပမယ့္ 5G Modem တပ္ဆင္ကာ အသုံးျပဳနိုင္ပါတယ္။

Samsung Galaxy A71 5G ရဲ့ ေမာ္ဒယ္နံပါတ္က SM-A7106 ျဖစ္ပါတယ္။ ဒီဖုန္းကို Snapdragon 855 ၊ RAM8GB ႏွင့္ ပါဝါေထာက္ပံ့ထားၿပီး Android 10 OS သုံးထားပါတယ္။ ဒီဖုန္းမွာ Bluetooth 5.0 ပါဝင္လာမယ့္အျပင္ ဘက္ထရီလည္း မ်ားစြာ ပါဝင္လာပါမယ္။

က်န္အခ်က္ေတြမွာ ေအာ္ရီဂ်င္နယ္ Galaxy A71 ႏွင့္ အတူတူ ျဖစ္လာဖို႔ ရွိေနပါတယ္။ Samsung Galaxy A71 မွာ မ်က္ႏွာျပင္ 6.7 လက္မ Punch-Hole Display သုံးထားပါတယ္။ 64MP ကင္မရာပါ ေက်ာဘက္ကင္မရာေလးလုံးပါဝင္လာပါမယ္။ ေက်ာဘက္ကင္မရာေလးလုံးက 64MP+12MP Ultrawide+5MP Macro+5MP Depth တို႔ ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)