Xiaomi ဟာ Redmi Note 9S ကို ကြေညာလာပါတယ်။ Redmi Note 9S က Redmi Note 9 Pro ကို အမည်ပြောင်းပြီး ရောင်းချလာတဲ့ စမတ်ဖုန်းဆိုရင်လည်း မမှားပါဘူး။

Redmi Note 9S မှာ မျက်နှာပြင် 6.67 လက်မ IPS LCD 1080x2400px ၊ 20:9 Aspect Ratio သုံးထားပါတယ်။ 450nits အလင်းပေးမှုရှိကာ HDR10 ထောက်ပံ့ထားပါတယ်။ ရုပ်ထွက်ပိုင်းက မျက်လုံးကို ထိခိုက်မှု မရှိစေကြောင်းကို TUV Rheinland က ထောက်ခံချက် ပေးထားပါတယ်။ ရှေ့ကင်မရာကို Punch-Hole မှာ ထည့်သွင်းထားပါတယ်။ Xiaomi က Tiny DotDisplay လို့ အမည်ပေးထားပါတယ်။ မျက်နှာပြင်နှင့် ကျောဘက်တို့မှာ Gorilla Glass 5 မှန်သုံးထားပါတယ်။

Snapdragon 720G နှင့်အထိုင်ချထားပြီး RAM4GB ၊ RAM6GB တို့နှင့် ရွေးချယ်နိုင်ပါမယ်။ Storage 64GB ၊ 128GB တို့နှင့် ရွေးချယ်နိုင်ပါမယ်။ microSD ကနေ ထပ်တိုးနိုင်ပါမယ်။ နားကြပ်ပေါက်နှင့် IR Blaster တို့ ပါဝင်ပါတယ်။

ကျောဘက်ကင်မရာလေးလုံး ပါဝင်ပြီး စတုရန်းကွက်ထဲမှာ ထည့်သွင်းထားပါတယ်။ 48MP f/1.8+8MP f/2.2 Ultrawide+5MP Macro+2MP Depth တို့ ဖြစ်ပါတယ်။ ရှေ့ကင်မရာက 16MP f/2.5 ဖြစ်ပြီး အနှေးဗီဒီယိုကို 120fps ဖြင့် ရိုက်ကူးနိုင်ပါမယ်။

ဘက်ထရီ 5020 mAh ပါဝင်ကာ အလေးချိန် 209 ဂရမ်လေးပါတယ်။ အားသွင်းမှုကို 18W ဖြင့် ပြုလုပ်နိုင်ပါမယ်။ ဒါပေမယ့် ဗူးအတွင်းမှာ 22.5W Charger ကို ထည့်သွင်းပေးထားပါတယ်။
လက်ဗွေရာစနစ်ကို ဘောင်မှာ ထည့်သွင်းထားပါတယ်။ ပါဝါခလုတ်မှာဘဲ လက်ဗွေရာစနစ်ကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။

Redmi Note 9S ကို 4GB/64GB ကို ယူရို 249၊ 6GB/128GB ကို ယူရို 279 အသီးသီး သတ်မှတ်ထားပါတယ်။ ဒီဖုန်းကို ဧပြီလ 7 ရက်နေ့မှာ စ၏တင်ရောင်းချသွားမှာ ဖြစ်ပြီး Aurora Blue ၊ Glacier White ၊ Interstellar Grey အရောင်တို့နှင့် ရွေးချယ်နိုင်ပါမယ်။ ဒါ့အပြင် ဒီဖုန်းကို MFF 2020 Limited Edition နှင့်လည်း ရွေးချယ်နိုင်ပါမယ်။ ဒီဖုန်းက Mi Fan Festival 10 နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ထုတ်လုပ်တာ ဖြစ်ပြီး အလုံးရေ 2020 ဘဲ ရောင်းချသွားမှာ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Snapdragon 720G ၊ 48MP Quad Camera ၊ ဘက္ထရီ 5020 mAh ပါဝင္တဲ့ Redmi Note 9S ကို ေၾကညာ

Xiaomi ဟာ Redmi Note 9S ကို ေၾကညာလာပါတယ္။ Redmi Note 9S က Redmi Note 9 Pro ကို အမည္ေျပာင္းၿပီး ေရာင္းခ်လာတဲ့ စမတ္ဖုန္းဆိုရင္လည္း မမွားပါဘူး။

Redmi Note 9S မွာ မ်က္ႏွာျပင္ 6.67 လက္မ IPS LCD 1080x2400px ၊ 20:9 Aspect Ratio သုံးထားပါတယ္။ 450nits အလင္းေပးမႈရွိကာ HDR10 ေထာက္ပံ့ထားပါတယ္။ ႐ုပ္ထြက္ပိုင္းက မ်က္လုံးကို ထိခိုက္မႈ မရွိေစေၾကာင္းကို TUV Rheinland က ေထာက္ခံခ်က္ ေပးထားပါတယ္။ ေရွ႕ကင္မရာကို Punch-Hole မွာ ထည့္သြင္းထားပါတယ္။ Xiaomi က Tiny DotDisplay လို႔ အမည္ေပးထားပါတယ္။ မ်က္ႏွာျပင္ႏွင့္ ေက်ာဘက္တို႔မွာ Gorilla Glass 5 မွန္သုံးထားပါတယ္။

Snapdragon 720G ႏွင့္အထိုင္ခ်ထားၿပီး RAM4GB ၊ RAM6GB တို႔ႏွင့္ ေ႐ြးခ်ယ္ႏိုင္ပါမယ္။ Storage 64GB ၊ 128GB တို႔ႏွင့္ ေ႐ြးခ်ယ္ႏိုင္ပါမယ္။ microSD ကေန ထပ္တိုးႏိုင္ပါမယ္။ နားၾကပ္ေပါက္ႏွင့္ IR Blaster တို႔ ပါဝင္ပါတယ္။

ေက်ာဘက္ကင္မရာေလးလုံး ပါဝင္ၿပီး စတုရန္းကြက္ထဲမွာ ထည့္သြင္းထားပါတယ္။ 48MP f/1.8+8MP f/2.2 Ultrawide+5MP Macro+2MP Depth တို႔ ျဖစ္ပါတယ္။ ေရွ႕ကင္မရာက 16MP f/2.5 ျဖစ္ၿပီး အေႏွးဗီဒီယိုကို 120fps ျဖင့္ ႐ိုက္ကူးႏိုင္ပါမယ္။

ဘက္ထရီ 5020 mAh ပါဝင္ကာ အေလးခ်ိန္ 209 ဂရမ္ေလးပါတယ္။ အားသြင္းမႈကို 18W ျဖင့္ ျပဳလုပ္ႏိုင္ပါမယ္။ ဒါေပမယ့္ ဗူးအတြင္းမွာ 22.5W Charger ကို ထည့္သြင္းေပးထားပါတယ္။
လက္ေဗြရာစနစ္ကို ေဘာင္မွာ ထည့္သြင္းထားပါတယ္။ ပါဝါခလုတ္မွာဘဲ လက္ေဗြရာစနစ္ကို ထည့္သြင္းထားတာ ျဖစ္ပါတယ္။

Redmi Note 9S ကို 4GB/64GB ကို ယူ႐ို 249၊ 6GB/128GB ကို ယူ႐ို 279 အသီးသီး သတ္မွတ္ထားပါတယ္။ ဒီဖုန္းကို ဧၿပီလ 7 ရက္ေန႔မွာ စ၏တင္ေရာင္းခ်သြားမွာ ျဖစ္ၿပီး Aurora Blue ၊ Glacier White ၊ Interstellar Grey အေရာင္တို႔ႏွင့္ ေ႐ြးခ်ယ္ႏိုင္ပါမယ္။ ဒါ့အျပင္ ဒီဖုန္းကို MFF 2020 Limited Edition ႏွင့္လည္း ေ႐ြးခ်ယ္ႏိုင္ပါမယ္။ ဒီဖုန္းက Mi Fan Festival 10 ႏွစ္ျပည့္အထိမ္းအမွတ္အျဖစ္ ထုတ္လုပ္တာ ျဖစ္ၿပီး အလုံးေရ 2020 ဘဲ ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)