Samsung ဟာ ပြီးခဲ့တဲ့လတုန်းက အဆင့်မြင့် စမတ်ဖုန်းသစ်များအဖြစ် Galaxy S20 စီးရီးကို ကြေညာ ရောင်းချခဲ့ပါတယ်။ Samsung ဟာ ယမန်နှစ်များတုန်းက Galaxy S စီးရီးကို ရောင်းချပြီး ရက်သတ္တပတ်(သို့မဟုတ်)လပိုင်း ကြာတဲ့အခါ အရောင်သစ်များ၊ အထူးဗားရှင်းများကို ကြေညာ ရောင်းချလေ့ရှိပါတယ်။ မကြာသေးမီတုန်းက ၎င်းတို့ဟာ Galaxy S20 အထူးဗားရှင်းအဖြစ် Olympic Games Edition ကို ကြေညာရောင်းချခဲ့ပါတယ်။ ယနေ့မှာလည်း တောင်ကိုရီးယားကုမ္ပဏီဟာ တရုတ်နိုင်ငံမှာ Galaxy S20 5G Iron Man Edition ကို ကြေညာရောင်းချလာပါတယ်။

Iron Man Edition ကို Galaxy S20 ၊ Galaxy S20+ ၊ Galaxy S20 Ultra ဗားရှင်းတို့နှင့် ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ယင်းဖုန်းများကို တိုနီစတပ်ခ်လက်မှတ်ပါဝင်တဲ့ အထူးစပါယ်ရှယ်အနီရောင်ဗူးမှာ ထည့်သွင်းထားပါတယ်။ ဗူးအတွင်းမှာလည်း အထူးထုတ်ကာဗာ၊ အထူးထုတ် နားကြပ်၊ Iron Man ဝတ်စုံလို ဖန်တီးထားတဲ့ Ring တို့ ပါဝင်ပါတယ်။ ဒါ့အပြင် ဖုန်းရဲ့ UI ကိုလည်း အထူးဖန်တီးထားတာ ဖြစ်တဲ့အပြင် Wallpapers နှင့် Ringtones တို့လည်း ပါဝင်ပါတယ်။

Samsung Galaxy S20 5G Iron Man Edition ကို JD.com မှာ ရောင်းချနေပါတယ်။ S20 5G Iron Man Edition ကို ဒေါ်လာ 986 သတ်မှတ်ထားပြီး RAM12GB နှင့် Storage 128GB ပါဝင်ပါတယ်။ Samsung Galaxy S20+ ကို ဒေါ်လာ 1127 သတ်မှတ်ထားပြီး RAM12GB နှင့် Storage 128GB ဘဲ ပါဝင်ပါတယ်။ Samsung Galaxy S20 Ultra ကိုတော့ ဗားရှင်းနှစ်မျိုးနှင့် ရွေးချယ်နိုင်ပါတယ်။ 12GB/256GB ကို ဒေါ်လာ 1409 နှင့် 16GB/512GB ကို ဒေါ်လာ 1831 သတ်မှတ်ထားပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Samsung Galaxy S20 5G Iron Man Edition ကို စတင္ေရာင္းခ်ေနၿပီ

Samsung ဟာ ၿပီးခဲ့တဲ့လတုန္းက အဆင့္ျမင့္ စမတ္ဖုန္းသစ္မ်ားအျဖစ္ Galaxy S20 စီးရီးကို ေၾကညာ ေရာင္းခ်ခဲ့ပါတယ္။ Samsung ဟာ ယမန္ႏွစ္မ်ားတုန္းက Galaxy S စီးရီးကို ေရာင္းခ်ၿပီး ရက္သတၱပတ္(သို႔မဟုတ္)လပိုင္း ၾကာတဲ့အခါ အေရာင္သစ္မ်ား၊ အထူးဗားရွင္းမ်ားကို ေၾကညာ ေရာင္းခ်ေလ့ရွိပါတယ္။ မၾကာေသးမီတုန္းက ၎တို႔ဟာ Galaxy S20 အထူးဗားရွင္းအျဖစ္ Olympic Games Edition ကို ေၾကညာေရာင္းခ်ခဲ့ပါတယ္။ ယေန႔မွာလည္း ေတာင္ကိုရီးယားကုမၸဏီဟာ တ႐ုတ္နိုင္ငံမွာ Galaxy S20 5G Iron Man Edition ကို ေၾကညာေရာင္းခ်လာပါတယ္။

Iron Man Edition ကို Galaxy S20 ၊ Galaxy S20+ ၊ Galaxy S20 Ultra ဗားရွင္းတို႔ႏွင့္ ေရြးခ်ယ္နိုင္မွာ ျဖစ္ပါတယ္။ ယင္းဖုန္းမ်ားကို တိုနီစတပ္ခ္လက္မွတ္ပါဝင္တဲ့ အထူးစပါယ္ရွယ္အနီေရာင္ဗူးမွာ ထည့္သြင္းထားပါတယ္။ ဗူးအတြင္းမွာလည္း အထူးထုတ္ကာဗာ၊ အထူးထုတ္ နားၾကပ္၊ Iron Man ဝတ္စုံလို ဖန္တီးထားတဲ့ Ring တို႔ ပါဝင္ပါတယ္။ ဒါ့အျပင္ ဖုန္းရဲ့ UI ကိုလည္း အထူးဖန္တီးထားတာ ျဖစ္တဲ့အျပင္ Wallpapers ႏွင့္ Ringtones တို႔လည္း ပါဝင္ပါတယ္။

Samsung Galaxy S20 5G Iron Man Edition ကို JD.com မွာ ေရာင္းခ်ေနပါတယ္။ S20 5G Iron Man Edition ကို ေဒၚလာ 986 သတ္မွတ္ထားၿပီး RAM12GB ႏွင့္ Storage 128GB ပါဝင္ပါတယ္။ Samsung Galaxy S20+ ကို ေဒၚလာ 1127 သတ္မွတ္ထားၿပီး RAM12GB ႏွင့္ Storage 128GB ဘဲ ပါဝင္ပါတယ္။ Samsung Galaxy S20 Ultra ကိုေတာ့ ဗားရွင္းႏွစ္မ်ိဳးႏွင့္ ေရြးခ်ယ္နိုင္ပါတယ္။ 12GB/256GB ကို ေဒၚလာ 1409 ႏွင့္ 16GB/512GB ကို ေဒၚလာ 1831 သတ္မွတ္ထားပါတယ္။

NetGuide Journal (Every Wednesday)