ပြီးခဲ့တဲ့ 2019 အောက်တိုဘာလက One Plus ရဲ့နောက်ဆုံးပေါ် အဆင့်မြင့်မော်ဒယ်အသစ်တစ်ခုဖြစ်တဲ့ One Plus 7T Pro ကိုစတင်ထုတ်လုပ်ပေးခဲ့ပြီး အခုဆိုရင်ဈေးကွက်ထဲမှာလည်း ရောင်းအားကောင်းလျက် ရှိပါတယ်။ One Plus 7T Pro ဟာ Pro version ဖြစ်တဲ့အတွက် အဆင့်မြင့် Premium Smartphone တစ်လုံးဖြစ်ပြီး One Plus ရဲ့ နောက်ဆုံးပေါ် Specs တွေနဲ့ features တွေကို ထည့်သွင်းပေးထားပါတယ်။ ၎င်းရဲ့အားသာချက် တွေကတော့ မျက်နှာပြင်ကြီးမားကျယ်ပြန့်ခြင်း၊ စက်စွမ်းဆောင်ရည် ကောင်းမွန်ခြင်း၊ အဆင့်မြင့်ကင်မရာတွေ ပါရှိခြင်းတွေအပြင် ဒီဇိုင်းပုံစံက အကြမ်းလည်းခံပါတယ်။ ဒါကြောင့် အဘက်ဘက်က ပြီးပြည့်စုံမှုရှိတဲ့ အဆင့်မြင့် စမတ်ဖုန်းတစ်လုံးလို့တောင် ပြောနိုင်ပါတယ်။

၎င်းကို GSM, CDMA, HSPA နဲ့ LTE networks တွေမှာအသုံးပြုနိုင်ပြီး Nano Dual SIM စနစ်ပါရှိလို့ Nano SIM card 2 card ကို တစ်ပြိုင်နက်တည်း ထည့်သုံးနိုင်ပါတယ်။ ဒီဇိုင်းပုံစံက Premium ကျကျနဲ့ ခေတ်မီဆန်းသစ်လှပပြီး ကိုယ်ထည်တစ်ခုလုံးကလည်း ပြောင်လက်တောက်ပနေပါတယ်။ အရှေ့၊ အနောက်၊ အပေါ်၊ အောက်ဘောင်တွေလုံးဝမပါရှိပဲ အရှေ့ ကင်မရာကိုလည်း Motorized pop-up Camera ကို ထည့်ပေးထားတာကြောင့် ထောက်ပံ့ထားတဲ့ မျက်နှာပြင် အကျယ်အတိုင်း မြင်ကွင်းတွေကိုတွေ့မြင်ရမှာပါ။ အရှေ့မျက်နှာပြင်နဲ့ နောက်ကျောဘက်ကိုတော့ Corning Gorilla Glass 5 နဲ့ ဖုံးအုပ်ကာကွယ်ပေးထားသလို ဘေးဘောင်တွေက aluminum frame တွေဖြစ်လို့ တော်တော်လေးလည်း အကြမ်းခံပါတယ်။ နောက်ကျောဘက် အပေါ်အလယ်တည့်တည့်မှာ အနောက် Triple Camera Lens နဲ့ LED Flash မီးလုံးတို့ကို ဒေါင်လိုက်တပ်ဆင်ပေးထားပါတယ်။

Fingerprint scanner က လည်း အရှေ့မျက်နှာပြင်မှာအောက်မှာ အဆင့်မြင့် Under-Display Fingerprint Scanner ကို တပ်ဆင်ပေး ထားလို့ စမတ်ကျကျအသုံးပြုနိုင်ပါတယ်။ ဖုန်းအရွယ်အစားက 162.6 x 75.9 x 8.8 mm (6.40 x 2.99 x 0.35 in) ရှိပြီး 206g လေးပါတယ်။ 6.67-inch ကျယ်တဲ့မျက်နှာပြင်ကို Fluid AMOLED capacitive touchscreen, 16M colors display အမျိုးအစားနဲ့ပြုလုပ်ပေးထားပြီး ၎င်းမျက်နှာပြင်က 19.5:9 ratio မှာ 1440 x 3120 pixels ရှိတဲ့ မြင်ကွင်းစွမ်းအား တွေကိုပြသပေးနိုင်ပါတယ်။ 1 လက်မသိပ်သည်းဆ ပမာဏ ကတော့ ~516 ppi pixels ရှိပါတယ်။ မျက်နှာပြင်ပေါ်မှာ multi-touch စနစ်ကို ထောက်ပံ့ပေးထားပြီး နောက်ဆုံးပေါ် Corning Gorilla 5 နဲ့ ထပ်မံဖုံးအုပ်ပေးထားတာကြောင့် မတော်တဆပြုတ်ကျမှုဒဏ်ကို ခံနိုင်ရည်ရှိပြီး အဆင်းရာ၊ အခြစ်ရာတွေကိုလည်း အလွယ်တကူ မဖြစ်စေနိုင်ပါဘူး။ အထဲမှာ Android 10.0 ကို အခြေခံထားတဲ့ အဆင့်မြင့် OxygenOS 10.0.4 User Interface ကို run ပေးထားလို့ အသုံးပြုရတာ အရမ်းအဆင်ပြေပါတယ်။

၎င်းရဲ့အနောက်ကင်မရာက 48 MP, f/1.6, (wide), 1/2.0″, 0.8µm, PDAF, Laser AF, OIS + 8 MP, f/2.4, 78mm (telephoto), 3x optical zoom, PDAF, Laser AF, OIS + 16 MP, f/2.2, 13mm (ultrawide), AFၤ စွမ်းအားတွေကိုထောက်ပံ့ပေးနိုင်ပြီး အရှေ့ကင်မရာကလည်း Motorized pop-up 16 MP, f/2.0, 25mm (wide), 1/3.0″, 1.0µm စွမ်းအားတွေပါရှိပါတယ်။ ဒါကြောင့် တကယ့် Professional ကင်မရာနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံမျိုးနဲ့ အရည်အသွေးမြင့် ဗီဒီယိုတွေကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။ လျင်မြန်တိကျတဲ့ စက်စွမ်းဆောင်ရည်ပိုင်းကို ရရှိစေဖို့အတွက် အဆင့်မြင့် Chipset, processor တွေနဲ့ အရည်အသွေးမြင့် Graphics card တွေကိုအသုံးပြုထားပါတယ်။

ဒါ့အပြင် ဖုန်းပြောတဲ့အခါမှာ အသံတွေက ကြည်လင်ပြတ်သားမှုရှိပြီး Dolby Atmos sound စနစ်ပါရှိလို့ စပီကာကနေ အကောင်းဆုံးအသံစွမ်းအား တွေကို ထုတ်လွှတ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဖုန်းတစ်လုံးရဲ့ အဓိကလိုအပ်ချက်တွေ နဲ့ အားလုံးပြည့်စုံပြီး ဒီဇိုင်းပုံစံပိုင်းကပါ ခေတ်မီဆန်းသစ်လှပမှုရှိတာကြောင့် One Plus ချစ်သူတွေကတော့ တကယ့်ကိုဝယ်ယူ အသုံးပြုသင့်တဲ့ အဆင့်မြင့် စမတ်ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။

Battery Life
Non-removable Li-Po 40850 mAh battery က တစ်ခါအားအပြည့်သွင်းထားရင် နာရီပေါင်းများစွာ အသုံးပြုနိုင်ပြီး ဒါ့အပြင် ဖုန်းအားသွင်းရတာ မြန်ဆန်တဲ့ Fast battery charging 30W (Warp Charge) စနစ်လည်းပါရှိပါသေးတယ်။

Design
တည်ဆောက်ပုံဒီဇိုင်းက ကျစ်ကျစ်လျစ်လျစ်နဲ့ တောင့်တင်းခိုင်မာပြီး သစ်လွင်တောက်ပနေတဲ့ ကိုယ်ထည် ဒီဇိုင်းကြောင့် ဆွဲဆောင်မှုလည်း ရှိပါတယ်။ ၎င်းဖုန်းကို ဈေးကွက်ထဲမှာ ရွေးချယ်ဝယ်ယူနိုင်မယ့် အရောင် တွေကတော့ Haze Blue နဲ့ McLaren Edition ဆိုတဲ့ အရောင် 2 မျိုးပဲဖြစ်ပါတယ်။

Processor
ဖုန်းစွမ်းဆောင်ရည်ပိုင်းအတွက် RAM 8 GB ပါရှိတဲ့ Octa-core (1×2.96 GHz Kryo 485 & 3×2.42 GHz Kryo 485 & 4×1.78 GHz Kryo 485) processor နဲ့ Qualcomm SM8150 Snapdragon 855+ (7 nm) chipset တို့ကိုထည့်ထားပြီး Adreno 640 (700 MHz) GPU က ရုပ်ထွက်ပိုင်းကိုလည်း ထောက်ပံ့ထားပါတယ်။

Display and Camera
6.67 inches ကျယ်တဲ့ Fluid AMOLED capacitive touchscreen, 16M colors display က 1440 x 3120 pixels ရှိတဲ့ full HD မြင်ကွင်းစွမ်းအားတွေကို ပြသ ပေးနိုင်ပါတယ်။ အရည်အသွေးမြင့် အနောက်ကင်မရာ 3 လုံးနဲ့ အရှေ့ကင်မရာ 1 လုံးပါရှိပြီး အလွန်အသုံးဝင်တဲ့ features တွေလည်း ပါရှိ ပါတယ်။

Verdict
One Plus 7T Pro စမတ်ဖုန်းဟာ အဆင့်မြင့်စမတ်ဖုန်းတစ်လုံးရဲ့ အင်္ဂါရပ်တွေနဲ့ ကိုက်ညီမှုရှိပြီး ဒီဇိုင်းပုံစံကလည်း လှပဆန်းသစ်မှုရှိပါ တယ်။ ဒါကြောင့် နောက်ဆုံးပေါ် အဆင့်မြင့်စမတ်ဖုန်းတွေကိုမှ ကိုင် တွယ်သုံးစွဲချင်တဲ့သူတွေအတွက် ဒီဖုန်းလေးဟာလည်း ရွေးချယ်သင့်တဲ့ ဖုန်းတစ်လုံးပါပဲ။

Specification
» Network : GSM/CDMA/HSPA/LTE (Dual SIM)
» Weight : 206 g
» Display : 6.67″, Fluid AMOLED capacitive touchscreen
» Resolution : 1440 x 3120 pixels, 19.5:9 ratio (~516ppi)
» Dimensions : 162.6 x 75.9 x 8.8 mm
» Memory : 256 GB, 8GB RAM
» Camera : Triple 48MP, f/1.6, 1/2.0″, 0.8µm, 8MP, f/2.4, 3x optical zoom, PDAF, Laser AF, OIS, 16MP, f/2.2, 13 mm (Ultrawide), AF, Dual-LED Flash, HDR, Panorama Selfie : Motorized pop-up 16MP, f/2.0, 1.0µm
» Connectivity : GPS, WLAN, Bluetooth 5.0, Type-C 1.0
» OS : Android 10.0, OxygenOS 10.0.4
» Chipset : Qualcomm SM8150 Snapdragon 855+(7nm) CPU : Octa-core (1×2.96GHz Kryo 485 & 3×2.42 GHz Kryo 485 & 4×1.78 GHz Kryo 485) GPU : Adreno 640 (700 HMz) » Battery : Non-removable Li-Ion 3000mAh
» Price : 889,000 Ks
» Contact Phone : 09-785222888 ( Win Mobile World )

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

One Plus 7T Pro

ၿပီးခဲ့တဲ့ 2019 ေအာက္တိုဘာလက One Plus ရဲ႕ေနာက္ဆံုးေပၚ အဆင့္ျမင့္ေမာ္ဒယ္အသစ္တစ္ခုျဖစ္တဲ့ One Plus 7T Pro ကိုစတင္ထုတ္လုပ္ေပးခဲ့ၿပီး အခုဆိုရင္ေစ်းကြက္ထဲမွာလည္း ေရာင္းအားေကာင္းလ်က္ ရွိပါတယ္။ One Plus 7T Pro ဟာ Pro version ျဖစ္တဲ့အတြက္ အဆင့္ျမင့္ Premium Smartphone တစ္လံုးျဖစ္ၿပီး One Plus ရဲ႕ ေနာက္ဆံုးေပၚ Specs ေတြနဲ႔ features ေတြကို ထည့္သြင္းေပးထားပါတယ္။ ၎ရဲ႕အားသာခ်က္ ေတြကေတာ့ မ်က္ႏွာျပင္ႀကီးမားက်ယ္ျပန္႔ျခင္း၊ စက္စြမ္းေဆာင္ရည္ ေကာင္းမြန္ျခင္း၊ အဆင့္ျမင့္ကင္မရာေတြ ပါရွိျခင္းေတြအျပင္ ဒီဇိုင္းပံုစံက အၾကမ္းလည္းခံပါတယ္။ ဒါေၾကာင့္ အဘက္ဘက္က ၿပီးျပည့္စံုမႈရွိတဲ့ အဆင့္ျမင့္ စမတ္ဖုန္းတစ္လံုးလုိ႔ေတာင္ ေျပာႏုိင္ပါတယ္။

၎ကို GSM, CDMA, HSPA နဲ႔ LTE networks ေတြမွာအသံုးျပဳႏုိင္ၿပီး Nano Dual SIM စနစ္ပါရွိလုိ႔ Nano SIM card 2 card ကို တစ္ၿပိဳင္နက္တည္း ထည့္သံုးႏုိင္ပါတယ္။ ဒီဇုိင္းပံုစံက Premium က်က်နဲ႔ ေခတ္မီဆန္းသစ္လွပၿပီး ကိုယ္ထည္တစ္ခုလံုးကလည္း ေျပာင္လက္ေတာက္ပေနပါတယ္။ အေရွ႕၊ အေနာက္၊ အေပၚ၊ ေအာက္ေဘာင္ေတြလံုးဝမပါရွိပဲ အေရွ႕ ကင္မရာကိုလည္း Motorized pop-up Camera ကို ထည့္ေပးထားတာေၾကာင့္ ေထာက္ပံ့ထားတဲ့ မ်က္ႏွာျပင္ အက်ယ္အတိုင္း ျမင္ကြင္းေတြကိုေတြ႕ျမင္ရမွာပါ။ အေရွ႕မ်က္ႏွာျပင္နဲ႔ ေနာက္ေက်ာဘက္ကိုေတာ့ Corning Gorilla Glass 5 နဲ႔ ဖံုးအုပ္ကာကြယ္ေပးထားသလို ေဘးေဘာင္ေတြက aluminum frame ေတြျဖစ္လုိ႔ ေတာ္ေတာ္ေလးလည္း အၾကမ္းခံပါတယ္။ ေနာက္ေက်ာဘက္ အေပၚအလယ္တည့္တည့္မွာ အေနာက္ Triple Camera Lens နဲ႔ LED Flash မီးလံုးတုိ႔ကို ေဒါင္လုိက္တပ္ဆင္ေပးထားပါတယ္။

Fingerprint scanner က လည္း အေရွ႕မ်က္ႏွာျပင္မွာေအာက္မွာ အဆင့္ျမင့္ Under-Display Fingerprint Scanner ကို တပ္ဆင္ေပး ထားလုိ႕ စမတ္က်က်အသံုးျပဳႏိုင္ပါတယ္။ ဖုန္းအရြယ္အစားက 162.6 x 75.9 x 8.8 mm (6.40 x 2.99 x 0.35 in) ရွိၿပီး 206g ေလးပါတယ္။ 6.67-inch က်ယ္တဲ့မ်က္ႏွာျပင္ကို Fluid AMOLED capacitive touchscreen, 16M colors display အမ်ိဳးအစားနဲ႔ျပဳလုပ္ေပးထားၿပီး ၎မ်က္ႏွာျပင္က 19.5:9 ratio မွာ 1440 x 3120 pixels ရွိတဲ့ ျမင္ကြင္းစြမ္းအား ေတြကိုျပသေပးႏိုင္ပါတယ္။ 1 လက္မသိပ္သည္းဆ ပမာဏ ကေတာ့ ~516 ppi pixels ရွိပါတယ္။ မ်က္ႏွာျပင္ေပၚမွာ multi-touch စနစ္ကို ေထာက္ပံ့ေပးထားၿပီး ေနာက္ဆံုးေပၚ Corning Gorilla 5 န႔ဲ ထပ္မံဖုံးအုပ္ေပးထားတာေၾကာင့္ မေတာ္တဆျပဳတ္က်မႈဒဏ္ကို ခံႏုိင္ရည္ရွိၿပီး အဆင္းရာ၊ အျခစ္ရာေတြကိုလည္း အလြယ္တကူ မျဖစ္ေစႏုိင္ပါဘူး။ အထဲမွာ Android 10.0 ကို အေျခခံထားတဲ့ အဆင့္ျမင့္ OxygenOS 10.0.4 User Interface ကို run ေပးထားလုိ႔ အသံုးျပဳရတာ အရမ္းအဆင္ေျပပါတယ္။

၎ရဲ႕အေနာက္ကင္မရာက 48 MP, f/1.6, (wide), 1/2.0″, 0.8µm, PDAF, Laser AF, OIS + 8 MP, f/2.4, 78mm (telephoto), 3x optical zoom, PDAF, Laser AF, OIS + 16 MP, f/2.2, 13mm (ultrawide), AFၤ စြမ္းအားေတြကိုေထာက္ပံ့ေပးႏုိင္ၿပီး အေရွ႕ကင္မရာကလည္း Motorized pop-up 16 MP, f/2.0, 25mm (wide), 1/3.0″, 1.0µm စြမ္းအားေတြပါရွိပါတယ္။ ဒါေၾကာင့္ တကယ့္ Professional ကင္မရာနဲ႔ ႐ိုက္ထားတဲ့ ဓာတ္ပံုမ်ိဳးနဲ႔ အရည္အေသြးျမင့္ ဗီဒီယိုေတြကို ရရွိႏိုင္မွာပဲျဖစ္ပါတယ္။ လ်င္ျမန္တိက်တဲ့ စက္စြမ္းေဆာင္ရည္ပိုင္းကို ရရွိေစဖုိ႔အတြက္ အဆင့္ျမင့္ Chipset, processor ေတြနဲ႔ အရည္အေသြးျမင့္ Graphics card ေတြကိုအသံုးျပဳထားပါတယ္။

ဒါ့အျပင္ ဖုန္းေျပာတဲ့အခါမွာ အသံေတြက ၾကည္လင္ျပတ္သားမႈရွိၿပီး Dolby Atmos sound စနစ္ပါရွိလုိ႔ စပီကာကေန အေကာင္းဆံုးအသံစြမ္းအား ေတြကို ထုတ္လႊတ္ေပးႏုိင္ပါတယ္။ ဒါေၾကာင့္ ဖုန္းတစ္လံုးရဲ႕ အဓိကလုိအပ္ခ်က္ေတြ နဲ႔ အားလံုးျပည့္စံုၿပီး ဒီဇုိင္းပံုစံပိုင္းကပါ ေခတ္မီဆန္းသစ္လွပမႈရွိတာေၾကာင့္ One Plus ခ်စ္သူေတြကေတာ့ တကယ့္ကိုဝယ္ယူ အသံုးျပဳသင့္တဲ့ အဆင့္ျမင့္ စမတ္ဖုန္းတစ္လံုးပဲျဖစ္ပါတယ္။

Battery Life
Non-removable Li-Po 40850 mAh battery က တစ္ခါအားအျပည့္သြင္းထားရင္ နာရီေပါင္းမ်ားစြာ အသံုးျပဳႏုိင္ၿပီး ဒါ့အျပင္ ဖုန္းအားသြင္းရတာ ျမန္ဆန္တဲ့ Fast battery charging 30W (Warp Charge) စနစ္လည္းပါရွိပါေသးတယ္။

Design
တည္ေဆာက္ပံုဒီဇုိင္းက က်စ္က်စ္လ်စ္လ်စ္နဲ႔ ေတာင့္တင္းခုိင္မာၿပီး သစ္လြင္ေတာက္ပေနတဲ့ ကိုယ္ထည္ ဒီဇုိင္းေၾကာင့္ ဆြဲေဆာင္မႈလည္း ရွိပါတယ္။ ၎ဖုန္းကို ေစ်းကြက္ထဲမွာ ေရြးခ်ယ္ဝယ္ယူႏိုင္မယ့္ အေရာင္ ေတြကေတာ့ Haze Blue နဲ႔ McLaren Edition ဆိုတဲ့ အေရာင္ 2 မ်ိဳးပဲျဖစ္ပါတယ္။

Processor
ဖုန္းစြမ္းေဆာင္ရည္ပိုင္းအတြက္ RAM 8 GB ပါရွိတဲ့ Octa-core (1×2.96 GHz Kryo 485 & 3×2.42 GHz Kryo 485 & 4×1.78 GHz Kryo 485) processor နဲ႔ Qualcomm SM8150 Snapdragon 855+ (7 nm) chipset တို႔ကိုထည့္ထားၿပီး Adreno 640 (700 MHz) GPU က ႐ုပ္ထြက္ပိုင္းကိုလည္း ေထာက္ပံ့ထားပါတယ္။

Display and Camera
6.67 inches က်ယ္တဲ့ Fluid AMOLED capacitive touchscreen, 16M colors display က 1440 x 3120 pixels ရွိတဲ့ full HD ျမင္ကြင္းစြမ္းအားေတြကို ျပသ ေပးႏိုင္ပါတယ္။ အရည္အေသြးျမင့္ အေနာက္ကင္မရာ 3 လံုးနဲ႔ အေရွ႕ကင္မရာ 1 လံုးပါရွိၿပီး အလြန္အသံုးဝင္တဲ့ features ေတြလည္း ပါရွိ ပါတယ္။

Verdict
One Plus 7T Pro စမတ္ဖုန္းဟာ အဆင့္ျမင့္စမတ္ဖုန္းတစ္လံုးရဲ႕ အဂၤါရပ္ေတြနဲ႔ ကိုက္ညီမႈရွိၿပီး ဒီဇုိင္းပံုစံကလည္း လွပဆန္းသစ္မႈရွိပါ တယ္။ ဒါေၾကာင့္ ေနာက္ဆံုးေပၚ အဆင့္ျမင့္စမတ္ဖုန္းေတြကိုမွ ကိုင္ တြယ္သံုးစြဲခ်င္တဲ့သူေတြအတြက္ ဒီဖုန္းေလးဟာလည္း ေရြးခ်ယ္သင့္တဲ့ ဖုန္းတစ္လံုးပါပဲ။

Specification
» Network : GSM/CDMA/HSPA/LTE (Dual SIM)
» Weight : 206 g
» Display : 6.67″, Fluid AMOLED capacitive touchscreen
» Resolution : 1440 x 3120 pixels, 19.5:9 ratio (~516ppi)
» Dimensions : 162.6 x 75.9 x 8.8 mm
» Memory : 256 GB, 8GB RAM
» Camera : Triple 48MP, f/1.6, 1/2.0″, 0.8µm, 8MP, f/2.4, 3x optical zoom, PDAF, Laser AF, OIS, 16MP, f/2.2, 13 mm (Ultrawide), AF, Dual-LED Flash, HDR, Panorama Selfie : Motorized pop-up 16MP, f/2.0, 1.0µm
» Connectivity : GPS, WLAN, Bluetooth 5.0, Type-C 1.0
» OS : Android 10.0, OxygenOS 10.0.4
» Chipset : Qualcomm SM8150 Snapdragon 855+(7nm) CPU : Octa-core (1×2.96GHz Kryo 485 & 3×2.42 GHz Kryo 485 & 4×1.78 GHz Kryo 485) GPU : Adreno 640 (700 HMz) » Battery : Non-removable Li-Ion 3000mAh
» Price : 889,000 Ks
» Contact Phone : 09-785222888 ( Win Mobile World )

NetGuide Journal (Every Wednesday)