ဒီတစ်ပတ်မှာတော့ Nokia ဖုန်းတွေထဲကမှ Nokia 7 နဲ့ အကောင်းဆုံး Midrange စမတ်ဖုန်းဖြစ်တဲ့ Nokia 7 Plus လေးနဲ့ နှိုင်းယှဉ်ကြည့်ရအောင်။ Nokia 7 နဲ့ Nokia 7 Plus တို့ ထွက်ရှိလာတာ လပိုင်းလောက်ပဲ ကွာခြားခဲ့ပါတယ်။ Nokia 7 Plus ကတော့ Nokia 7 ထက် ဖုန်းဒီဇိုင်းပိုင်းရော၊ Display, Specs နဲ့ Features တွေအပြင် ကင်မရာပိုင်းကလည်း ပိုပြီး ကောင်းမွန်လာတာ တွေ့မြင်ရပါတယ်။ Nokia 7 Plus မှာ ကင်မရာကို ပိုပြီး အဆင့်မြင့်တဲ့ Zeiss ကို သုံးစွဲလာတာ တွေ့ရပါတယ်။ တူညီတာဆိုလို့ Fingerprint Sensor ကို နောက်ကျောဘက် အလယ်ကင်မရာတွေရဲ့ အောက်ဘက်နားမှာ တပ်ဆင်ပေးထားတာခြင်းပဲ တူညီပါတယ်။ Nokia 7 Plus မှာ မျက်နှာပြင် 6.0 လက်မနဲ့ Nokia 7 ဟာ 5.2 လက်မပဲ ဖြစ်ပါတယ်။ Nokia 7 Plus နဲ့ Nokia 7 ဖုန်းနှစ်လုံးစလုံးမှာ Fast Battery Charging ပါ၀င်တာခြင်းလည်း တူညီပါတယ်။

(1). Design

Nokia 7

Nokia ရဲ့ 7 ဟာ 141.2 x 71.5 x 7.9 mm အရွယ်အစားရှိကာ 157g အလေးချိန် ရှိပါတယ်။ အရောင်အနေနဲ့ Gloss Black, Matt White ဆိုပြီး ရရှိနိုင်ပါတယ်။ Fingerprint Sensor ကိုတော့ နောက်ကျောဘက်မှာ တပ်ဆင်ပေးထားပါတယ်။

Nokia 7 Plus

Nokia 7 Plus ကတော့ 158.4 x 75.6 x 8 mm အရွယ်အစားရှိကာ 183g အလေးချိန် ရှိပါတယ်။ Black/Copper, White/Copper ဆိုတဲ့ အရောင်တွေ ရရှိနိုင်ပါတယ်။ နောက်ကျောဘက်မှာတော့ Fingerprint Sensor ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

(2). Processor

Nokia 7

Nokia 7 မှာ Qualcomm SDM630 Snapdragon 630 Octa-core Processor ကို သုံးထားပြီး 2.2GHz မြန်နှုန်းရှိ Cortex-A53 ကို သုံးထားပါတယ်။ ဂရပ်ဖစ်က Adreno 508 ဖြစ်ပါတယ်။ RAM 4GB/6GB ပါ၀င်ပြီး Storage 64GB ပါ၀င်ပါတယ်။

Nokia 7 Plus

Qualcomm SDM660 Snpadragon 600 Octa-core Processor ကို 2.2GHz မြန်နှုန်းရှိ Kryo 260 core 4 ခုနှင့် 1.8GHz မြန်နှုန်းရှိ Kryo 260 core 4 ခုကို သုံးထားပါတယ်။ ဂရပ်ဖစ်က Adreno 512 ဖြစ်ပါတယ်။ RAM 4GB ပါ၀င်ပြီး Storage 64GB ပါ၀င်ပါတယ်။

(3). Display

Nokia 7

Nokia 7 ဟာ 5.2 လက်မ Display ဟာ 1080 x 1920 pixels resolution ရှိပြီး 16:9 ratio ရှိတဲ့ IPS LCD အမျိုးအစား ဖြစ်ပါတယ်။ Screen-to-body အချိုးဟာ 73.8% ရှိပါတယ်။ Pixel density 424 ppi ရှိပါတယ်။

Nokia 7 Plus

Nokia 7 Plus မှာ မျက်နှာပြင် 6.0 လက်မ Display ဟာ 1080 x 2160 pixels resolution ရှိပြီး 18:9 ratio ရှိတဲ့ IPS LCD အမျိုးအစား ဖြစ်ပါတယ်။ Screen-to-body အချိုးဟာ 77.2% ရှိပြီး Pixel density 403 ppi ဖြစ်ပါတယ်။

(4). Verdict

Nokia 7

Nokia 7 မှာ အဓိက ကင်မရာဟာ 16MP ဖြစ်ပြီး Selfie အတွက် 5MP ကင်မရာ အရှေ့မှာ ပါ၀င်ပါတယ်။ နောက်ကင်မရာကို ကျောဘက်အလယ်နားလောက်မှာ တပ်ဆင်ထားပါတယ်။ Android 7.1.1 (Nougat) ပါ၀င်ပြီး ဘက်ထရီအနေနဲ့ကတော့ Non-removable Li-Ion 3000 mAh ဘက်ထရီကို သုံးစွဲထားပါတယ်။

Nokia 7 Plus

Nokia 7 Plus မှာ အဓိက ကင်မရာဟာ Dual 12MP + 13MP ဖြစ်ပြီး Selfie အတွက် 16MP ကင်မရာ အရှေ့မှာ ပါ၀င်ပါတယ်။ Android 8.1 (Oreo) ကို သုံးထားပြီး Android ရဲ့ အခုလက်ရှိ Version အသစ်ဖြစ်တဲ့ Android 9 (Pie) ကို အဆင့်မြင့်တင် သုံးစွဲနိုင်ပါတယ်။ ဘက်ထရီအနေနဲ့ Non-removable Li-Ion 3800 mAh တပ်ဆင်ပေးထားပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Nokia 7 VS Nokia 7 Plus


(1). Design

Nokia 7


Nokia 7 Plus


(2). Processor

Nokia 7


Nokia 7 Plus


(3). Display

Nokia 7


Nokia 7 Plus


(4). Verdict

Nokia 7


Nokia 7 Plus

