Honor 30 စီးရီးရဲ့ မိသားစုဝင်သစ်ကို နောက်တစ်ပတ်အတွင်းမှာ ကြေညာလာတော့မှာ ဖြစ်ပါတယ်။ Honor Play 9A ကိုလည်း တစ်ဆက်တည်းမှာ ကြေညာလာမှာ ဖြစ်ပါတယ်။ ယနေ့မှာ Honor က Honor Play 9A ကို လာမယ့် မတ်လ 30 ရက်နေ့မှာ မိတ်ဆက်သွားမှာ ဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာလာခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် Honor က Honor Play 9A မှာ များပြားတဲ့ ဘက်ထရီ ပါဝင်မယ်လို့လည်း အတည်ပြုသွားပါတယ်။
Honor Play 9A ကို MediaTek Helio P35 Chipset ၊ RAM4GB နှင့် ပါဝါထောက်ပံ့ထားပြီး Storage 128GB ပါဝင်ပါမယ်။ အစောပိုင်းတုန်းက ပေါက်ကြားထားတဲ့သတင်းအရ ဒီဖုန်းမှာ ဘက်ထရီ 5000 mAh ပါဝင်လာမယ်လို့ သိရပါတယ်။
စိတ်ဝင်စားဖို့ကောင်းတာကတော့ Honor Play 9A မှာ သုံးထားတဲ့ Chipset က ယမန်နှစ်ထွက် Honor Play 8A မှာ သုံးထားတဲ့ Chipset အတူတူ ဖြစ်နေတာ ဖြစ်ပါတယ်။ Honor Play 9A မှာ ကင်မရာပိုင်းကိုတော့ မြှင့်လာဖို့ ရှိပါတယ်။ ဒီဖုန်းဈေးနှုန်းက ဒေါ်လာ 120 ဝန်းကျင် ဖြစ်လာဖို့ ရှိပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Honor Play 9A ကို မတ်လ 30 ရက်နေ့တွင် မိတ်ဆက်မည်

