ကျစ်လျစ်တဲ့ instant film camera လေးကတော့ flamingo pink INSTAX Mini 9 ဖြစ်ကာ FUJIFILM ကနေ ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။ ဆယ်လ်ဖီရိုက်ရတာ ကြိုက်သူတွေအတွက် အဆင်ပြေစေမှာဖြစ်ပြီး credit card-sized prints တွေ ထုတ်ဖို့အတွက် အမျိုးမျိုးသော အဆင်ပြေလှတဲ့ controls တွေကို ထည့်သွင်းပေးထားပါတယ်။ FUJINON 60mm f/12.7 lens ပါရှိပြီး fixed focus ကို 2′ ကနေ infinity အထိ ပေးစွမ်းကာ သေးငယ်တဲ့ selfie mirror ကိုတော့ lens design ရဲ့ ရှေ့ဘက်မှာ ထည့်သွင်းပေးထားတာကြောင့် တိကျပြတ်သားတဲ့ self-portraits တွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် macro attachment lens တစ်ခုလည်းပါဝင်ပြီး အရမ်းနီးကပ်နေတဲ့ အရာဝတ္ထုတွေကို ရိုက်ကူးတဲ့အခါ အဆင်ပြေစေအောင် ပြုလုပ်ပေးပါတယ်။ ပုံမှန်ရိုက်ကူးမှုတွေအတွက် optical viewfinder လည်းပါရှိပြီး aperture setting ကိုလည်း အဆင့် 4 ဆင့် လိုသလို ပြောင်းလဲနိုင်ကာ hi-key mode လည်း ပါဝင်ပါတယ်။ ၎င်းရဲ့ automatic flash ကလည်း အလင်းရောင်အားနည်းတဲ့နေရာတွေမှာ ရိုက်ကူးတဲ့အခါ အဆင်ပြေစေပါတယ်။ တန်ဖိုးကတော့ USD 73 ကျသင့်မှာဖြစ်ကာ Fujifilm Myanmar, Ph : 09-761690847 တွင် ဝယ်ယူနိုင်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Fujifilm Instax Mini 9

