FITE ဟာ တိုက်ခိုက်ရေးအားကစားပွဲတွေကို ပွဲမှာ ကိုယ်တိုင်သွားရောက် မကြည့်ရှုနိုင်သူတွေအတွက် တိုက်ခိုက်ရေးအားကစားပွဲတွေ တိုက်ရိုက်ကြည့်ရှုနိုင်မယ့် app ဖြစ်ပါတယ်။ MMA ပွဲတွေ၊ လက်ဝှေ့ပွဲတွေ၊ Bare-Knuckle လက်ဝှေ့ပွဲတွေ၊ ဂျူဒိုနဲ့ ကရာတေးတို့လို ကိုယ်ခံပညာပြိုင်ပွဲတွေကို ဒီ app ရှိရုံနဲ့ အိမ်ကနေ အလွယ်တကူ ထိုင််ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ အခမဲ့ကြည့်ရှုနိုင်တဲ့ ပွဲတွေရှိသလို အခပေးကြည့်ရတဲ့ ပွဲတွေလည်း ရှိတာဖြစ်ပါတယ်။ ONE Championship, Rizin, Brave, M-1, Shamrock FC, UFC, KSW, UAW Warriors တို့က ကျင်းပတဲ့ MMA ပွဲတွေ၊ All Elite Wrestling(AEW), Ring of Honor( ROH), Impact Wrestling, New Japan Pro Wrestling တို့က ကျင်းပတဲ့ နပန်းပွဲတွေ၊ Top Rank/ESPN, PBC/Fox, DAZN, Golden Boy Promotions/ HBO, Star Boxing တို့က ကျင်းပတဲ့ လက်ဝှေ့ပွဲတွေ အပါအဝင် တစ်နှစ်မှာ ပွဲပေါင်း 1000 ကျော်ကို တိုက်ရိုက်ကြည့်ရှုနိုင်မှာပါ။ အခြားတိုက်ခိုက်ရေး အားကစားပွဲတွေကိုလည်း ကြည့်ရှုနိုင်ပြီး WiFi ကတစ်ဆင့် Smart TV မှာ ချိတ်ဆက်ကြည့်ရှုနိုင်ပါတယ်။ အခမဲ့ကြည့်ရှုနိုင်တဲ့ ပွဲတွေကို အပတ်စဉ်တိုင်း ထည့်ပေးပြီး replay ပါ ပြန်ကြည့်နိုင်ပါတယ်။ Android 4.2 နဲ့အထက်မှာ အသုံးပြုနိုင်ပါတယ်။
NetGuide Journal (Every Wednesday)
——————————————————————————————————
(Zawgyi Version)
FITE – Boxing, Wrestling, MMA & More