Samsung ဟာ COVID-19 ကပ်ရောဂါ ကူးစက်နေမှုကြောင့် အူတာပရာတာပြည်နယ်၊ နွိုင်ဒါရှိ စမတ်ဖုန်း စက်ရုံကို ယာယီပိတ်သိမ်းလိုက်ပါတယ်။ ယင်း စမတ်ဖုန်းစက်ရုံက 2018 ခုနှစ်၊ နွေရာသီတုန်းကမှ ဖွင့်တဲ့ စက်ရုံဖြစ်ပြီး ကမ္ဘာ့အကြီးမားဆုံး စမတ်ဖုန်း စက်ရုံလည်း ဖြစ်ပါတယ်။ ယင်းစမတ်ဖုန်းက တစ်နှစ်လျှင် စမတ်ဖုန်း အလုံးရေ သန်း 120 အထိ ထုတ်လုပ်နိုင်စွမ်း ရှိပါတယ်။ Samsung ဟာ အစိုးရထံမှ ညွှန်ကြားချက် ရရှိပြီးနောက် ယင်းစက်ရုံကို မတ်လ 25 ရက်အထိ ပိတ်လိုက်တာလည်း ဖြစ်ပါတယ်။
Samsung ဟာ အိန္ဒိယမှ စမတ်ဖုန်း စက်ရုံကို မပိတ်မီ တောင်ကိုရီးယားနိုင်ငံ၊ ဂူမီရှိ စမတ်ဖုန်း စက်ရုံကိုလည်း ပိတ်ခဲ့ရဖူးပါတယ်။ လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မပိတ်ရသေးတဲ့ Samsung စက်ရုံအဖြစ် ဗီယက်နမ်မှာဘဲ ရှိပါတော့တယ်။
အခြားတစ်ဖက်မှာ တောင်ကိုရီးယားစမတ်ဖုန်းကုမ္ပဏီ LG ဟာလည်း နွိုင်ဒါနှင့် ပူနေးတို့မှ စက်ရုံနှစ်ခုတို့ကိုလည်း ယခုလ လကုန်အထိ ပိတ်လိုက်ပါတယ်။
ဒါ့အပြင် Vivo ၊ Oppo တို့ဟာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်ရေးအတွက် စက်ရုံများကို ယာယီပိတ်ထားလိုက်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

COVID-19 ေၾကာင့္ အိႏၵိယရွိ စမတ္ဖုန္းစက္႐ုံကို Samsung ယာယီပိတ္

Samsung ဟာ COVID-19 ကပ္ေရာဂါ ကူးစက္ေနမႈေၾကာင့္ အူတာပရာတာျပည္နယ္၊ ႏြိဳင္ဒါရွိ စမတ္ဖုန္း စက္႐ုံကို ယာယီပိတ္သိမ္းလိုက္ပါတယ္။ ယင္း စမတ္ဖုန္းစက္႐ုံက 2018 ခုႏွစ္၊ ေႏြရာသီတုန္းကမွ ဖြင့္တဲ့ စက္႐ုံျဖစ္ၿပီး ကမာၻ႔အႀကီးမားဆုံး စမတ္ဖုန္း စက္႐ုံလည္း ျဖစ္ပါတယ္။ ယင္းစမတ္ဖုန္းက တစ္ႏွစ္လွ်င္ စမတ္ဖုန္း အလုံးေရ သန္း 120 အထိ ထုတ္လုပ္ႏိုင္စြမ္း ရွိပါတယ္။ Samsung ဟာ အစိုးရထံမွ ၫႊန္ၾကားခ်က္ ရရွိၿပီးေနာက္ ယင္းစက္႐ုံကို မတ္လ 25 ရက္အထိ ပိတ္လိုက္တာလည္း ျဖစ္ပါတယ္။
Samsung ဟာ အိႏၵိယမွ စမတ္ဖုန္း စက္႐ုံကို မပိတ္မီ ေတာင္ကိုရီးယားႏိုင္ငံ၊ ဂူမီရွိ စမတ္ဖုန္း စက္႐ုံကိုလည္း ပိတ္ခဲ့ရဖူးပါတယ္။ လက္ရွိအခ်ိန္မွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ မပိတ္ရေသးတဲ့ Samsung စက္႐ုံအျဖစ္ ဗီယက္နမ္မွာဘဲ ရွိပါေတာ့တယ္။
အျခားတစ္ဖက္မွာ ေတာင္ကိုရီးယားစမတ္ဖုန္းကုမၸဏီ LG ဟာလည္း ႏြိဳင္ဒါႏွင့္ ပူေနးတို႔မွ စက္႐ုံႏွစ္ခုတို႔ကိုလည္း ယခုလ လကုန္အထိ ပိတ္လိုက္ပါတယ္။
ဒါ့အျပင္ Vivo ၊ Oppo တို႔ဟာလည္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ပ်ံ႕ႏွံ႔မႈကို တားဆီးႏိုင္ေရးအတြက္ စက္႐ုံမ်ားကို ယာယီပိတ္ထားလိုက္ပါတယ္။

NetGuide Journal (Every Wednesday)