ယခုနှစ်အစောပိုင်းမှ စတင်ပြီး COVID-19 ကပ်ရောဂါကူးစပ်ပျံ့နှံ့နေမှုက ကမ္ဘာ့စီးပွားရေးကို အကြီးအကျယ် ရိုက်ခတ်လျက်ရှိပါတယ်။ ယင်းဗိုင်းရပ်စ်ကူးစက်မှုက တရုတ်မှာ စတင်ခဲ့ပေမယ့် ယခု အမေရိကန်နှင့် ဥရောပနိုင်ငံများမှာ ဆိုးဆိုးရွားရွား ကူးစက်ပျံ့နှံ့နေပါတယ်။ ကမ္ဘာ့စီးပွားရေး ကပ်ဆိုက်လျက်ရှိကာ စမတ်ဖုန်း စီးပွားရေးကလည်း ကပ်ဆိုက်နေပါတယ်။ 2020 ခုနှစ်၊ ဖေဖော်ဝါရီလမှာ စမတ်ဖုန်း ရောင်းအား သန်း 30 အထိ ကျဆင်းသွားမှုက အဓိက သာဓကတစ်ခု ဖြစ်ပါတယ်။ ထုတ်လုပ်ရေး ကုမ္ပဏီအမြောက်အမြားတို့ဟာလည်း COVID-19 ကူးစက်နေမှုကြောင့် ရပ်ဆိုင်းခဲ့ရပါတယ်။ ယင်းအထဲမှာ Samsung လည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။

Samsung ဟာ COVID-19 စက်ရုံများကို ရပ်တန့်ထားခဲ့ရမှုရဲ့ အကျိုးဆက်အဖြစ် အလုပ်သမား လိုအပ်ချက် စံချိန်တင် ငှားရမ်းလာရဖို့ ရှိနေပါတယ်။ Samsung ရဲ့ DS Divison ဟာ Chip များ ထုတ်လုပ်မှုအပိုင်းအတွက် ကျွမ်းကျင်ဝန်ထမ်းများ လိုအပ်နေတာလည်း ဖြစ်ပါတယ်။

Samsung ဟာ ရှိရင်းစွဲ လူများအပြင် Chipset ထုတ်လုပ်မှုအပိုင်းကိုပါ မြှင့်တင်နိုင်ရေးအတွက် အလုပ်သမား လိုအပ်နေတာ ဖြစ်ပြီး ယခုကဲ့သို့ လုပ်ဆောင်မှုက အလုပ်လက်မဲ့ ဦးရေကိုလည်း လျှော့ချနိုင်မယ်လို့ ယုံကြည်ရပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Chipset ထုတ္လုပ္မွုအပိုင္းအတြက္ စံခ်ိန္တင္ အလုပ္သမားအေရအတြက္ ငွားရမ္းသြားမယ့္ Samsung

ယခုႏွစ္အေစာပိုင္းမွ စတင္ၿပီး COVID-19 ကပ္ေရာဂါကူးစပ္ပ်ံ႕ႏွံ့ေနမွုက ကမၻာ့စီးပြားေရးကို အႀကီးအက်ယ္ ရိုက္ခတ္လ်က္ရွိပါတယ္။ ယင္းဗိုင္းရပ္စ္ကူးစက္မွုက တ႐ုတ္မွာ စတင္ခဲ့ေပမယ့္ ယခု အေမရိကန္ႏွင့္ ဥေရာပနိုင္ငံမ်ားမွာ ဆိုးဆိုးရြားရြား ကူးစက္ပ်ံ႕ႏွံ့ေနပါတယ္။ ကမၻာ့စီးပြားေရး ကပ္ဆိုက္လ်က္ရွိကာ စမတ္ဖုန္း စီးပြားေရးကလည္း ကပ္ဆိုက္ေနပါတယ္။ 2020 ခုႏွစ္၊ ေဖေဖာ္ဝါရီလမွာ စမတ္ဖုန္း ေရာင္းအား သန္း 30 အထိ က်ဆင္းသြားမွုက အဓိက သာဓကတစ္ခု ျဖစ္ပါတယ္။ ထုတ္လုပ္ေရး ကုမၸဏီအေျမာက္အျမားတို႔ဟာလည္း COVID-19 ကူးစက္ေနမွုေၾကာင့္ ရပ္ဆိုင္းခဲ့ရပါတယ္။ ယင္းအထဲမွာ Samsung လည္း တစ္ခုအပါအဝင္ ျဖစ္ပါတယ္။

Samsung ဟာ COVID-19 စက္႐ုံမ်ားကို ရပ္တန႔္ထားခဲ့ရမွုရဲ့ အက်ိဳးဆက္အျဖစ္ အလုပ္သမား လိုအပ္ခ်က္ စံခ်ိန္တင္ ငွားရမ္းလာရဖို႔ ရွိေနပါတယ္။ Samsung ရဲ့ DS Divison ဟာ Chip မ်ား ထုတ္လုပ္မွုအပိုင္းအတြက္ ကၽြမ္းက်င္ဝန္ထမ္းမ်ား လိုအပ္ေနတာလည္း ျဖစ္ပါတယ္။

Samsung ဟာ ရွိရင္းစြဲ လူမ်ားအျပင္ Chipset ထုတ္လုပ္မွုအပိုင္းကိုပါ ျမႇင့္တင္နိုင္ေရးအတြက္ အလုပ္သမား လိုအပ္ေနတာ ျဖစ္ၿပီး ယခုကဲ့သို႔ လုပ္ေဆာင္မွုက အလုပ္လက္မဲ့ ဦးေရကိုလည္း ေလၽွာ့ခ်နိုင္မယ္လို႔ ယုံၾကည္ရပါတယ္။

NetGuide Journal (Every Wednesday)