ပြီးခဲ့တဲ့လတွေအတွင်းမှာ ဂိမ်းဈေးကွက်က အကြီးအကျယ်မြင့်မားနေပါတယ်။ အထူးသဖြင့် COVID-19 ကပ်ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် လူတိုင်း အိမ်ထဲမှာဘဲ တံခါးပိတ်နေထိုင်ရမှုနဲ့အတူ ဂိမ်းကစားတဲ့သူပမာဏနှင့် ဂိမ်းကစားချိန်က အလွန်ဘဲ မြင့်မားလာတာ ဖြစ်ပါတယ်။ ယခုကဲ့သို့ ဂိမ်းကစားမှု မြင့်မားနေတဲ့အချိန်မှာ Asus ROG ဟာ အဆင့်မြင့် ဂိမ်းနားကြပ်ကို ဒေါ်လာ 282 နှင့် စတင်ရောင်းချလာပါတယ်။

Asus ROG Popular Go Gaming Headphone ဖြစ်ပါတယ်။ ဒီနားကြပ်က ကမ္ဘာ့ပထမဆုံး Type C 2.4GHz Wireless Headset ဖြစ်ပြီး Switch ၊ PS4 ၊ Xbox ၊ PC အပါအဝင် ပလက်ဖောင်းများစွာကို ထောက်ပံ့ပေးထားပါတယ်။

Asus ROG Popular Go Gaming Headphone ရဲ့ နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ 2-Ways Detachable AI Noise Reduction Microphone ပါဝင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနားကြပ်မှာ Fast Charging လည်း ထောက်ပံ့ထားပါတယ်။တစ်ကြိမ် အားအပြည့်သွင်းထားရင် 25 နာရီအထိ အသုံးပြုနိုင်ပါမယ်။ Noise Reduction လုပ်ရာမှာ တိကျကောင်းမွန်တဲ့အပြင် ကီးဘုတ်သံအပြင် အခြားနောက်ခံစကားပြောသံများမှ ဆူညံသံကိုလည်း လျှော့ချပေးနိုင်ပါတယ်။

Asus ROG Popular Go Gaming Headphone ရဲ့ အလေးချိန်က 290 ဂရမ်ရှိတာကြောင့် မပေါ့ပါဘူး။ USB Type C to USB 2.0 လည်းပါဝင်တာကြောင့် 3.5 မီလီမီတာကြိုးဖြင့်လည်း ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ နားကြပ်ပေါက်ချိတ်ဆက်သုံးမှုအတွက် Hi-Res Audio ထောက်ပံ့ထားပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Asus ROG Popular Go Gaming Headphone ကို ေဈးႏွုန္း ေဒၚလာ 282 ျဖင့္ ေရာင္းခ်ေနၿပီ

ၿပီးခဲ့တဲ့လေတြအတြင္းမွာ ဂိမ္းေဈးကြက္က အႀကီးအက်ယ္ျမင့္မားေနပါတယ္။ အထူးသျဖင့္ COVID-19 ကပ္ေရာဂါကူးစက္ပ်ံ႕ႏွံ့မွုေၾကာင့္ လူတိုင္း အိမ္ထဲမွာဘဲ တံခါးပိတ္ေနထိုင္ရမွုနဲ႔အတူ ဂိမ္းကစားတဲ့သူပမာဏႏွင့္ ဂိမ္းကစားခ်ိန္က အလြန္ဘဲ ျမင့္မားလာတာ ျဖစ္ပါတယ္။ ယခုကဲ့သို႔ ဂိမ္းကစားမွု ျမင့္မားေနတဲ့အခ်ိန္မွာ Asus ROG ဟာ အဆင့္ျမင့္ ဂိမ္းနားၾကပ္ကို ေဒၚလာ 282 ႏွင့္ စတင္ေရာင္းခ်လာပါတယ္။

Asus ROG Popular Go Gaming Headphone ျဖစ္ပါတယ္။ ဒီနားၾကပ္က ကမၻာ့ပထမဆုံး Type C 2.4GHz Wireless Headset ျဖစ္ၿပီး Switch ၊ PS4 ၊ Xbox ၊ PC အပါအဝင္ ပလက္ေဖာင္းမ်ားစြာကို ေထာက္ပံ့ေပးထားပါတယ္။

Asus ROG Popular Go Gaming Headphone ရဲ့ ေနာက္ထပ္ စိတ္ဝင္စားဖို႔ေကာင္းတဲ့အခ်က္ကေတာ့ 2-Ways Detachable AI Noise Reduction Microphone ပါဝင္တာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီနားၾကပ္မွာ Fast Charging လည္း ေထာက္ပံ့ထားပါတယ္။တစ္ႀကိမ္ အားအျပည့္သြင္းထားရင္ 25 နာရီအထိ အသုံးျပဳနိုင္ပါမယ္။ Noise Reduction လုပ္ရာမွာ တိက်ေကာင္းမြန္တဲ့အျပင္ ကီးဘုတ္သံအျပင္ အျခားေနာက္ခံစကားေျပာသံမ်ားမွ ဆူညံသံကိုလည္း ေလၽွာ့ခ်ေပးနိုင္ပါတယ္။

Asus ROG Popular Go Gaming Headphone ရဲ့ အေလးခ်ိန္က 290 ဂရမ္ရွိတာေၾကာင့္ မေပါ့ပါဘူး။ USB Type C to USB 2.0 လည္းပါဝင္တာေၾကာင့္ 3.5 မီလီမီတာႀကိဳးျဖင့္လည္း ခ်ိတ္ဆက္အသုံးျပဳနိုင္ပါတယ္။ နားၾကပ္ေပါက္ခ်ိတ္ဆက္သုံးမွုအတြက္ Hi-Res Audio ေထာက္ပံ့ထားပါတယ္။

NetGuide Journal (Every Wednesday)