မေး – မင်္ဂလာပါအစ်ကိုရေ။ ကျွန်တော့်ဖုန်းလေးက ကိုယ့်ဘက်က ပြောရင် အခြားတစ်ဖက်က ကြားရပါတယ်။ တစ်ဖက်က ပြောတာကိုကြတော့ ကိုယ့်ဘက်က ဘာမှပြန်မကြားရလို့ပါအစ်ကို။ အဲ့ဒါက ဘာကြောင့်ပါလဲခင်ဗျာ။
ဖြေ – Earpiece Speaker မကောင်းလို့ ဖြစ်တာပါ။ ပြင်လို့ ရပါတယ်။ မပြင်ပဲထားမယ်ဆိုရင် Speaker ဖွင့်ပြီး စကားပြောရင် ကြားလိမ့်မယ်ခင်ဗျာ။ နားကြပ်နဲ့လည်း အသုံးပြုပြီး ပြောလို့ရပါတယ်။
မေး – အစ်ကိုရေ Play Store ဖွင့်တာ မရလို့ပါ။ ဘယ်လိုဖွင့်ရတာပါလဲခင်ဗျာ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ဖြေ – ဖုန်းအမျိုးအစားလေး သေချာသိရရင် ဖြေရတာ ပိုအဆင်ပြေပါမယ်။ Google Service နဂိုပါပြီးသားဖုန်းတွေမှာ Play Store မရတော့ရင် Reset ချရပြီး Play Store ကို Zapya နဲ့ ကူးထည့်ထားတဲ့ ဖုန်းတွေမှာ မရရင်တော့ Google Installer နဲ့ Google Service Framework ကို ထည့်သွင်းပြီး Play Store ကို အသုံးပြုလို့ ရပါတယ်။
မေး – ဂိမ်းတွေ ဆော့လွန်းတာက ဖုန်းတစ်လုံးရဲ့ တာရှည်ခံမှုကို ထိခိုက်နိုင်ပါသလားခင်ဗျာ။ ဖုန်းတစ်လုံးကိုလည်း အမြန်ပျက်စီးလွယ်စေပါသလားခင်ဗျာ။
ဖြေ – RAM နိုင်ဖို့တော့ အဓိက လိုအပ်ပါတယ်။ ဖုန်းပူလာအောင် ဆော့တာမျိုးဆိုရင်တော့ အမြန်ပျက်စီးစေနိုင်ပါတယ်။
မေး – မင်္ဂလာပါအစ်ကိုရေ။ ကျွန်တော်သုံးနေတဲ့ဖုန်းက Samsung Galaxy A50 ပါ။ နောက်ဖက်ကင်မရာက ကွဲသွားလို့ ပြန်ပြင်မယ်ဆို ရပါသလား။ ဘယ်လောက်လောက် ကုန်ကျနိုင်ပါသလဲခင်ဗျာ။
ဖြေ – လဲလို့ ရပါတယ်ခင်ဗျာ။ မှန်ခွာပြီး ပြုပြင်ရမှာဖြစ်လို့ Service ခ စျေးများနိုင်ပါတယ်။ အနည်းဆုံး သုံးသောင်းနဲ့အထက်မှာ ရှိပါတယ်။
မေး – Facebook ရဲ့ Comment က Video File တွေကို Download ဆွဲချင်လို့ပါ။ အဲ့ဒါကို ဘယ်လိုလုပ်ဆောင်ရတာပါလဲ အစ်ကိုရေ။ ကျေးဇူးပြုပြီးတော့ ပြောပြပေးပါဦးခင်ဗျာ။
ဖြေ – Comment ရှိတဲ့ Post ကို Copy Link ယူ Tubemate ထဲဝင် Copy ယူထားတဲ့ Link ကို Paste လုပ်ပြီး Comment ထဲက ဗီဒီယိုကို ထောက်ပြီး Normal Quality နဲ့ ဒေါင်းလို့ရပါတယ်။
မေး – အစ်ကိုရေ ကျွန်တော့်ဖုန်းက Download ဆွဲတဲ့ Data တွေရော Zaypa နဲ့ ကူးတဲ့ Data တွေရော File Manager ထဲမှာ မတွေ့ရလို့ပါ။ အဲ့ဒါ ဘာဖြစ်လို့ပါလဲခင်ဗျာ။
ဖြေ – Zapya History မှာ ကူးခဲ့တဲ့ ဖိုင်ကိုထောက်ပြီး Properties ထဲက Location မှာ ရောက်ရှိနေတဲ့နေရာကို သိနိုင်ပါတယ်။ အဲ့လိုဖြစ်တာက ဖုန်းနဲ့ Zapya Version မကိုက်လို့ပါ။ Zapya Update လုပ်ပြီး သုံးကြည့်ပါ။
မေး – ကျွန်တော့် iPhone ကို Second Hand လေး ၀ယ်ချင်တာ ဘာတွေကို စစ်ဖို့ လိုမလဲခင်ဗျာ။
ဖြေ – Setting ထဲက iCloud ထဲမှာ အကောင့်ဝင်ထားတာ မရှိဖို့ အဓိက စစ်ဆေးသင့်ပါတယ်။ iOS Version ကိုလည်း 10 လောက် အနည်းဆုံး ရှိသင့်ပါတယ်။ ကျန်တာကတော့ Touch ကောင်းမကောင်း၊ Body ကောင်းမကောင်းနဲ့ Storage ကို ကြည့်ပါ။ ပေါက်စျေးကို လေ့လာပြီးတော့ ၀ယ်ယူသင့်ပါတယ်။
မေး – အိမ်က Mi ဖုန်းလေး မသုံးတာ 4 လလောက် ရှိပါပြီ။ အခု ပါ၀ါဖွင့်မရတော့လို့ပါ။ အားတစ်ညလုံးသွင်းလဲ မပွင့်လို့ပါ။ ဘယ်လိုလုပ်ရမလဲအစ်ကိုရေ။
ဖြေ – ဘက်ထရီပျက်သွားတာကြောင့် ဖြစ်နိုင်ပါတယ်။ Power IC ထိခိုက်သွားတာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဆိုင်ကို ပြကြည့်လိုက်ပါ။ ဘက်ထရီလဲရမယ်ဆိုရင် အကုန်အကျ မများပါဘူး။ Power IC ထိသွားရင်တော့ မော်ဒယ်ပေါ်မူတည်ပြီး စျေးများနိုင်ပါတယ်။
မေး – မင်္ဂလာပါအစ်ကိုရေ။ ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်လို့ ကွန်ပျူတာမှာ Virus ရှိနေရင် ဖုန်းဆီကို Virus ၀င်နိုင်ပါသလားခင်ဗျာ။ ကျေးဇူးပြုပြီးတော့ ပြောပြပေးပါဦး အစ်ကိုရေ။
ဖြေ – ဟုတ်ကဲ့ပါ။ အစ်ကိုရေ ယေဘုယျအားဖြင့်တော့ ကွန်ပျူတာတွေက စမတ်ဖုန်းကို မထိခိုက်စေနိုင်ပါဘူးခင်ဗျာ။ များသောအားဖြင့် ဖုန်း Virus ၀င်တယ်ဆိုတာက Online ကနေ Download လုပ်ခြင်းနဲ့ Playstore မှာ မရှိတဲ့ Application တွေကို အသုံးပြုခြင်းတွေကြောင့်ပဲ Virus ဖြစ်ပေါ်စေတာပါ။
ပန်းသတင်း မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်းကျောင်း (ပဲခူးမြို့) ဖုန်း-09-956559760, 09-683746227, 09-459212592 မှ ပံ့ပိုးကူညီသည်။
NetGuide Journal (Every Wednesday)
——————————————————————————————————
(Zawgyi Version)
အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ