ZTE ဟာ စမတ်ဖုန်းသစ် Axon 11 ကို ကြေညာလာပါတယ်။ ZTE Axon 11 က 5G ထောက်ပံ့ထားပြီး ZTE ရဲ့ တတိယမြောက် 5G စမတ်ဖုန်းလည်း ဖြစ်ပါတယ်။

ZTE Axon 11 5G Specs and Features

ZTE Axon 11 5G မှာ မျက်နှာပြင် 6.47 လက်မ ထောင့်ကွေး ရုပ်ထွက်သုံးထားပါတယ်။ Opppo Find X မှာ သုံးထားတဲ့ ရုပ်ထွက်ဒီဇိုင်းမျိုး သုံးထားပါတယ်။ ZTE Axon 11 5G မှာ ထူးခြားတာကတော့ ပါးလျပြီး ပေါ့ပါးနေတာ ဖြစ်ပါတယ်။ ဖုန်းအထူက 7.9 မီလီမီတာ ဖြစ်ပြီး အလေးချိန် ၁၆၈ ဂရမ်ဘဲ ရှိပါတယ်။ ကမ္ဘာ့အပေါ့ပါးဆုံး 5G စမတ်ဖုန်း ဖြစ်ပါတယ်။
ZTE Axon 11 5G ကို Qualcomm Snapdragon 765G Chipset နှင့်ပါဝါထောက်ပံ့ထားပြီး ဘက်ထရီ 4000 mAh ပါဝင်ပါတယ်။ 18W Quick Charge 4+ ဖြင့် အားသွင်းနိုင်ပါတယ်။ AI Facial Recognition ပါဝင်ပါတယ်။ ကျောဘက်ကင်မရာလေးလုံး ပါဝင်ပြီး 64MP+8MP Ultrawide+2MP Macro+2MP Depth တို့ ဖြစ်ပါတယ်။ Waterdrop Notch မှာ ရှေ့ကင်မရာ 20MP ပါဝင်ပါတယ်။

အဓိကကင်မရာမှာ f/1.89 Aperture သုံးထားပြီး Dual Video Image Stabilization Technology ထောက်ပံ့ထားပါတယ်။ Stabilization က အဓိကကင်မရာကိုသာမက မြင်ကွင်းကျယ်ကင်မရာနှင့် ဗီဒီယို ရိုက်ကူးမှုမှာလည်း ထောက်ပံ့ထားပါတယ်။
Hybrid SIM သုံးနိုင်ပြီး SIM ကတ်နှစ်ကတ်သုံးမယ်ဆိုရင် microSD သုံးလို့ မရပါဘူး။ ဒီဖုန်းမှာ Bluetooth 5.1 ၊ NFC ၊ DTS:X Ultra ၊ HI-Fi Audio ၊ In-Display Fingerprint Scanner တို့ ပါဝင်ပါတယ်။ Android 10 အခြေခံ MiFavor 10 သုံးထားပါတယ်။

ဈေးနှုန်း

ZTE Axon 11 5G ကို ဗားရှင်းသုံးမျိုးနှင့် ရွေးချယ်နိုင်ပါတယ်။ 6GB+128GB ကို ဒေါ်လာ 380၊ 8GB+128GB ကို ဒေါ်လာ 421 နှင့် 8GB+256GB ကို ဒေါ်လာ 477 သတ်မှတ်ထားပါတယ်။
ZTE Axon 11 5G ကို ဘယ်တော့ ရောင်းချမလဲဆိုတာကိုတော့ မကြေညာသေးပါဘူး။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

ေထာင့္ေကြး ႐ုပ္ထြက္၊ Snapdragon 765G အသုံးျပဳထားတဲ့ ZTE Axon 11 5G ကို ေၾကညာ

ZTE ဟာ စမတ္ဖုန္းသစ္ Axon 11 ကို ေၾကညာလာပါတယ္။ ZTE Axon 11 က 5G ေထာက္ပံ့ထားၿပီး ZTE ရဲ႕ တတိယေျမာက္ 5G စမတ္ဖုန္းလည္း ျဖစ္ပါတယ္။

ZTE Axon 11 5G Specs and Features

ZTE Axon 11 5G မွာ မ်က္ႏွာျပင္ 6.47 လက္မ ေထာင့္ေကြး ႐ုပ္ထြက္သုံးထားပါတယ္။ Opppo Find X မွာ သုံးထားတဲ့ ႐ုပ္ထြက္ဒီဇိုင္းမ်ိဳး သုံးထားပါတယ္။ ZTE Axon 11 5G မွာ ထူးျခားတာကေတာ့ ပါးလ်ၿပီး ေပါ့ပါးေနတာ ျဖစ္ပါတယ္။ ဖုန္းအထူက 7.9 မီလီမီတာ ျဖစ္ၿပီး အေလးခ်ိန္ ၁၆၈ ဂရမ္ဘဲ ရွိပါတယ္။ ကမာၻ႔အေပါ့ပါးဆုံး 5G စမတ္ဖုန္း ျဖစ္ပါတယ္။
ZTE Axon 11 5G ကို Qualcomm Snapdragon 765G Chipset ႏွင့္ပါဝါေထာက္ပံ့ထားၿပီး ဘက္ထရီ 4000 mAh ပါဝင္ပါတယ္။ 18W Quick Charge 4+ ျဖင့္ အားသြင္းႏိုင္ပါတယ္။ AI Facial Recognition ပါဝင္ပါတယ္။ ေက်ာဘက္ကင္မရာေလးလုံး ပါဝင္ၿပီး 64MP+8MP Ultrawide+2MP Macro+2MP Depth တို႔ ျဖစ္ပါတယ္။ Waterdrop Notch မွာ ေရွ႕ကင္မရာ 20MP ပါဝင္ပါတယ္။
အဓိကကင္မရာမွာ f/1.89 Aperture သုံးထားၿပီး Dual Video Image Stabilization Technology ေထာက္ပံ့ထားပါတယ္။ Stabilization က အဓိကကင္မရာကိုသာမက ျမင္ကြင္းက်ယ္ကင္မရာႏွင့္ ဗီဒီယို ႐ိုက္ကူးမႈမွာလည္း ေထာက္ပံ့ထားပါတယ္။
Hybrid SIM သုံးႏိုင္ၿပီး SIM ကတ္ႏွစ္ကတ္သုံးမယ္ဆိုရင္ microSD သုံးလို႔ မရပါဘူး။ ဒီဖုန္းမွာ Bluetooth 5.1 ၊ NFC ၊ DTS:X Ultra ၊ HI-Fi Audio ၊ In-Display Fingerprint Scanner တို႔ ပါဝင္ပါတယ္။ Android 10 အေျခခံ MiFavor 10 သုံးထားပါတယ္။

ေဈးႏႈန္း

ZTE Axon 11 5G ကို ဗားရွင္းသုံးမ်ိဳးႏွင့္ ေ႐ြးခ်ယ္ႏိုင္ပါတယ္။  6GB+128GB ကို ေဒၚလာ 380၊ 8GB+128GB ကို ေဒၚလာ 421 ႏွင့္ 8GB+256GB ကို ေဒၚလာ 477 သတ္မွတ္ထားပါတယ္။
ZTE Axon 11 5G ကို ဘယ္ေတာ့ ေရာင္းခ်မလဲဆိုတာကိုေတာ့ မေၾကညာေသးပါဘူး။
NetGuide Journal (Every Wednesday)