Change.org မှာ Samsung ပရိသတ်များဟာ လက်မှတ်ရေးထိုးတောင်းဆိုမှုတစ်ခု ပြုလုပ်လာကြပါတယ်။ Samsung ပရိသတ်များက အနာဂတ် Samsung အဆင့်မြင့် စမတ်ဖုန်းများမှာ Exynos Chipset အသုံးမပြုလာဖို့ လက်မှတ်ရေးထိုး တောင်းဆိုလာတာ ဖြစ်ပါတယ်။ ဒါ့အပြင် Samsung ပရိသတ်များဟာ ကိုယ်ပိုင် ကင်မရာဆင်ဆာများ အသုံးပြုမှုကိုလည်း ရပ်ဆိုင်းကာ Sony ကင်မရာဆင်ဆာကိုသာ သုံးရန် တောင်းဆိုထားပါသေးတယ်။

Samsung ပရိသတ်များက Exynos Chipset သုံးစမတ်ဖုန်းများက နှေးကွေးတဲ့အပြင် ဘက်ထရီပိုင်းလည်း ဆိုးရွားလို့ ယခုလို တောင်းဆိုကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်များအတွင်းမှာ Samsung ဟာ အဆင့်မြင့် စမတ်ဖုန်းများကို ထုတ်လုပ်ရောင်းချရာမှာ Chipset နှစ်မျိုးဖြင့် ထုတ်လုပ်ရောင်းချပါတယ်။ ၎င်းတို့ဟာ Exynos Chipset နှင့် Qualcomm Chipset တို့ အသုံးပြုတာလည်း ဖြစ်ပါတယ်။ Qaulcomm Chipset သုံး အဆင့်မြင့် စမတ်ဖုန်းများကို အမေရိကန်၊ တရုတ်ဈေးကွက်မှာသာ ရောင်းချလေ့ရှိပြီး အာရှနှင့် ဥရောပဈေးကွက်တို့မှာ Exynos Chipset သုံးစမတ်ဖုန်းကို ရောင်းချပါတယ်။

Samsung Exynos Chipset က Qualcomm Snapdragon Chipset ရဲ့ စွမ်းဆောင်ရည်ကို လိုက်မီခြင်းမရှိတဲ့အပြင် ဘက်ထရီသုံးစွဲမှုလည်း များပြားပါတယ်။

တကယ်လို့ သင်ဟာလည်း Samsung က အဆင့်မြင့် စမတ်ဖုန်းများမှာ Exynos Chipset သုံးမှုကို ရပ်တန့်စေချင်ရင် Change.org မှာ ထောက်ခံလက်မှတ်ရေးထိုးလို့ ရပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

အနာဂတ္ Samsung အဆင့္ျမင့္ စမတ္ဖုန္းမ်ားတြင္ Exynos Chipset မသုံးရန္ Samsung ပရိသတ္မ်ားလက္မွတ္ေရးထိုးေတာင္းဆို

Change.org မွာ Samsung ပရိသတ္မ်ားဟာ လက္မွတ္ေရးထိုးေတာင္းဆိုမွုတစ္ခု ျပဳလုပ္လာၾကပါတယ္။ Samsung ပရိသတ္မ်ားက အနာဂတ္ Samsung အဆင့္ျမင့္ စမတ္ဖုန္းမ်ားမွာ Exynos Chipset အသုံးမျပဳလာဖို႔ လက္မွတ္ေရးထိုး ေတာင္းဆိုလာတာ ျဖစ္ပါတယ္။ ဒါ့အျပင္ Samsung ပရိသတ္မ်ားဟာ ကိုယ္ပိုင္ ကင္မရာဆင္ဆာမ်ား အသုံးျပဳမွုကိုလည္း ရပ္ဆိုင္းကာ Sony ကင္မရာဆင္ဆာကိုသာ သုံးရန္ ေတာင္းဆိုထားပါေသးတယ္။

Samsung ပရိသတ္မ်ားက Exynos Chipset သုံးစမတ္ဖုန္းမ်ားက ေႏွးေကြးတဲ့အျပင္ ဘက္ထရီပိုင္းလည္း ဆိုးရြားလို႔ ယခုလို ေတာင္းဆိုၾကတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္မ်ားအတြင္းမွာ Samsung ဟာ အဆင့္ျမင့္ စမတ္ဖုန္းမ်ားကို ထုတ္လုပ္ေရာင္းခ်ရာမွာ Chipset ႏွစ္မ်ိဳးျဖင့္ ထုတ္လုပ္ေရာင္းခ်ပါတယ္။ ၎တို႔ဟာ Exynos Chipset ႏွင့္ Qualcomm Chipset တို႔ အသုံးျပဳတာလည္း ျဖစ္ပါတယ္။ Qaulcomm Chipset သုံး အဆင့္ျမင့္ စမတ္ဖုန္းမ်ားကို အေမရိကန္၊ တ႐ုတ္ေဈးကြက္မွာသာ ေရာင္းခ်ေလ့ရွိၿပီး အာရွႏွင့္ ဥေရာပေဈးကြက္တို႔မွာ Exynos Chipset သုံးစမတ္ဖုန္းကို ေရာင္းခ်ပါတယ္။

Samsung Exynos Chipset က Qualcomm Snapdragon Chipset ရဲ့ စြမ္းေဆာင္ရည္ကို လိုက္မီျခင္းမရွိတဲ့အျပင္ ဘက္ထရီသုံးစြဲမွုလည္း မ်ားျပားပါတယ္။

တကယ္လို႔ သင္ဟာလည္း Samsung က အဆင့္ျမင့္ စမတ္ဖုန္းမ်ားမွာ Exynos Chipset သုံးမွုကို ရပ္တန႔္ေစခ်င္ရင္ Change.org မွာ ေထာက္ခံလက္မွတ္ေရးထိုးလို႔ ရပါတယ္။

NetGuide Journal (Every Wednesday)