Website စာမျက်နှာများ
https://www.ictdirectory.com.mm/
www.ictdirectory.com.mm ဟာ မြန်မာ့သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာ လမ်းညွှန်ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ ICT လောကရဲ့ နောက်ဆုံးရ သတင်းတွေနဲ့ လုပ်ငန်းလိပ်စာတွေ အပြည့်အစုံ ရှာဖွေနိုင်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာမှာ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ နောက်ဆုံးရ နည်းပညာသတင်းတွေ၊ တီထွင်သူတွေရဲ့ အတ္ထုပတ္တိတွေ၊ နောက်ဆုံးပေါ်ဖုန်းတွေ၊ ဖုန်း၊ ကွန်ပျူတာဆော့ဖ်ဝဲ hardware အသုံးပြုနည်းတွေအပြင် အခြားနည်းပညာဆိုင်ရာ အထွေထွေဗဟုသုတတွေကို တင်ဆက်ပေးနေပါတယ်။
https://www.planetware.com/
www.planetware.com ဟာ နိုင်ငံတကာ ခရီးသွားလမ်းညွှန်ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းက လည်ပတ်စရာကောင်းတဲ့ နေရာတွေ၊ ဆွဲဆောင်မှုရှိတဲ့ နေရာတွေကို travel writer တွေက လမ်းညွှန်ပေးနေတာဖြစ်ပြီး ခရီးသွားလာရေးဆိုင်ရာ အကြံပြုချက်တွေ၊ အိုင်ဒီယာတွေကို မျှဝေပေးနေတာ ဖြစ်ပါတယ်။ ခရီးသွားမယ့်သူတွေအတွက် ဘယ်နေရာကို သွားမယ်၊ ဘာတွေ သွားရောက်ကြည့်ရှုမယ်ဆိုတာကို ဆုံးဖြတ်ချက် ချမှတ်နိုင်အောင် ကူညီပေးနိုင်တဲ့ ဝက်ဘ်ဆိုက်ပဲ ဖြစ်ပါတယ်။
http://www.MyanmarBookShop.com/
www.MyanmarBookShop.com ဟာ မြန်မာနိုင်ငံ စာဖတ်ပရိသတ်တွေရော၊ နိုင်ငံခြားရောက် မြန်မာစာဖတ် ပရိသတ်တွေပါ အွန်လိုင်းကနေ စာအုပ်တွေ အလွယ်တကူ ဝယ်ယူနိုင်မယ့်ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ ကျန်းမာရေးနဲ့ ဆေးပညာ၊ သမိုင်း၊ ဘာသာရေး၊ နည်းပညာ၊ ဥပဒေ၊ စီမံခန့်ခွဲမှု၊ အချက်အပြုတ်၊ ဝတ္ထုတို/ရှည် စတဲ့ စာအုပ်အမျိုးအစားများစွာကို ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
Facebook စာမျက်နှာများ
https://www.facebook.com/Nandaraye1994/
Beautiful Society ဟာ ကိုယ့်ပတ်ဝန်းကျင်ကို လှပပြီးကျယ်ပြန့်တဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်လာအောင် ဖန်တီးတည်ဆောက်ဖို့အတွက် အပြုသဘောဆောင်တဲ့ အတွေးအခေါ်၊ အယူအဆတွေ၊ အားလုံးအတွက် အသုံးဝင်တဲ့ ဗီဒီယိုလေးတွေကို ဝေမျှပေးနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ဖြစ်ပါတယ်။ စိတ်ခွန်အားဖြစ်စေတဲ့ ဗီဒီယိုလေးတွေကို ကြည့်ရှုရမှာဖြစ်ပြီး ဂျပန်နဲ့ပတ်သက်တဲ့ ဗဟုသုတတွေ၊ lifestyle နဲ့ ပတ်သက်တဲ့ အကြံဉာဏ်တွေကိုပါ ဝေမျှပေးနေတာဖြစ်လို့ like လုပ်ထားသင့်ပါတယ်။
https://www.facebook.com/FoodoKit/
FoodoKit ဟာ အစားအသောက်ဆိုင်ရာတွေ တင်ဆက်ပေးနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာတစ်ခု ဖြစ်ပါတယ်။ အိမ်မှာရှိတာလေးနဲ့ ဘယ်လိုအရသာရှိအောင် လုပ်စားကြမလဲ၊ အပြင်မှာရော စျေးမကြီးဘဲ ကောင်းကောင်းတန်တန်လေးတွေ ဘယ်မှာရနိုင်လဲဆိုတာတွေကို အပတ်စဉ် ည 8 နာရီ၊ 9 နာရီမှာ တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။ အစားအစာနဲ့ပတ်သက်တဲ့ အခြားဗီဒီယိုတွေကိုလည်း မျိုးစုံတင်ဆက်ပေးနေတာဖြစ်လို့ အစားချစ်သူတွေ follow & see first လုပ်ထားသင့်ပါတယ်။
https://www.facebook.com/bkkwartee/
BKK War Tee ဆိုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာကတော့ ဘန်ကောက်ကို သွားလည်ကြမယ့်သူတွေအတွက် ဘယ်နားမှာ ဘယ်လိုစားကောင်းတဲ့ ဆိုင်တွေရှိတယ်ဆိုတာကို တင်ဆက်ပေးနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ဖြစ်ပါတယ်။ ထိုင်းအစားအစာကို ကြိုက်နှစ်သက်သူတွေအတွက် ဘန်ကောက်မြို့မှာ နာမည်ကြီးတဲ့ဆိုင်တွေက အစားအသောက်တွေအကြောင်း၊ လမ်းဘေးအစားအသောက်တွေအကြောင်း ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို အပတ်စဉ် အသစ်အသစ်တွေ ကြည့်ရမှာဖြစ်လို့ like လုပ်ထားနိုင်ပါတယ်။
NetGuide Journal (Every Wednesday)
——————————————————————————————————–
(Zawgyi Version)
Website & Facebook စာမျက်နှာများ