Twitch ဟာ gamer တွေနဲ့ ဂိမ်းတွေကို စိတ်ဝင်စားတဲ့ ဘယ်သူမဆိုအတွက် ထူးခြားတဲ့ app တစ်ခုဖြစ်ပြီး သင်နှစ်သက်ရာ game video တွေ၊ Esport တွေနဲ့ IRL တွေ ထုတ်လွှင့်တာကို သင့်ရဲ့ Android device ပေါ်မှာ တိုက်ရိုက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ အရင်ဆုံး Register လုပ်ပြီး သင်ကြိုက်တဲ့ဂိမ်းတွေကို ရွေးချယ် ပေးထားခြင်းအားဖြင့် သင်နဲ့သင့်တော်မယ့် channel တွေနဲ့ follow လုပ်ထားနိုင်တဲ့ gamer တွေကို ရွေးချယ်ဖော်ပြပေးပါတယ်။ Overwatch, Minecraft, PUBG, FIFA 18, League of Legends စတဲ့ ထိပ်တန်းဂိမ်းတွေ၊ ကစားသမားတွေနဲ့ပွဲတွေကို တိုက်ရိုက် (သို့) record တွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ သင် follow လုပ်ထားတဲ့ ကစားသမားတွေနဲ့အတူ chat လုပ်နိုင်မှာဖြစ်ပါတယ်။ လက်မလွတ်တမ်းကြည့်ရှုလိုတဲ့ channel တွေနဲ့ gamer တွေကိုလည်း follow လုပ်ထားနိုင်မှာဖြစ်ပြီး သင် follow လုပ်ထားတဲ့ channel တွေက live ထုတ်လွှင့်တဲ့အချိန်မှာ notification ဝင်မှာဖြစ်လို့ မလွတ်တမ်းကြည့်ရှုခွင့်ရနိုင်မှာလည်း ဖြစ်ပါတယ်။ သင်က gamer မဟုတ်တဲ့အတွက် တခြားတစ်ယောက် ဂိမ်းကစားနေတာကို reality show တစ်ခုကို ကြည့်ရတဲ့အရသာကို ခံစားရမယ့် app ဖြစ်ပါတယ်။ Android 5.0 နဲ့အထက်မှာအသုံးပြုနိုင်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Twitch

