2020 နှစ်စပိုင်းမှာ Samsung Galaxy Note 10 Series ထဲက စျေးနှုန်းအသက်သာဆုံး ဖုန်းတစ်လုံးဖြစ်တဲ့ Samsung Galaxy Note 10 Lite ကို တရားဝင် ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ Samsung ရဲ့ နောက်ဆုံးပေါ် စမတ်ဖုန်းကိုမှ စျေးနှုန်းအနည်းငယ်သက်သာစွာနဲ့ အသုံးပြုနိုင်မှာဖြစ်လို့ Samsung Fans တွေကတော့ ကြိုက်နှစ်သက်ကြမှာ သေချာပါတယ်။ အထဲမှာ နောက်ဆုံးပေါ် အဆင့်မြင့် Specs တွေနဲ့ Features တွေကို ထည့်သွင်းပေးထားတာကြောင့် ပေးရတဲ့ စျေးနဲ့ သုံးစွဲရတာ ထိုက်တန်မှု ရှိပါတယ်။ ဒီဇိုင်းပုံစံကအစ ပိုမိုဆန်းသစ်တဲ့ Premium စမတ်ဖုန်းပုံစံအတိုင်းဖြစ်ပြီး အရင် Note 9 ထက် ဘောင်တွေက ပိုမိုပါးလွှာပြီး အလေးချိန်အရလည်း ပိုမိုပေါ့ပါးသွားပါတယ်။ ၎င်းရဲ့အားသာချက်တွေကတော့ မျက်နှာပြင် ကြီးမားကျယ်ပြန့်ခြင်း၊ စက်စွမ်းဆောင်ရည် ကောင်းမွန်ခြင်း၊ အဆင့်မြင့် အနောက်ကင်မရာ 3 လုံး ပါရှိခြင်းတွေအပြင် ဘက်ထရီစွမ်းအားကလည်း မြင့်မားမှု ရှိပါတယ်။
Note Series ဖြစ်တဲ့အတွက် စွယ်စုံအသုံးပြုနိုင်တဲ့ အဆင့်မြင့် Stylus Pen လည်း ပါရှိပါတယ်။ ဒါကြောင့် အဘက်ဘက်က ပြီးပြည့်စုံမှုရှိတဲ့ နောက်ဆုံးပေါ် အဆင့်မြင့် စမတ်ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။ ၎င်းကို GSM, HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး Single SIM နဲ့ Dual SIM ဆိုတဲ့ version တွေကို ထုတ်လုပ်ပေးထားပါတယ်။ ထည့်သွင်းသုံးစွဲနိုင်မယ့် SIM card အမျိုးအစားကတော့ Nano SIM ပါ။ ဖုန်းကိုယ်ထည်ကို ပေ့ါပါးအကြမ်းခံတဲ့ အဆင့်မြင့် အလူမီနီယံတွေနဲ့ တည်ဆောက်ပေးထားလို့ ကိုယ်ထည်တစ်ခုလုံးကလည်း ပြောင်လက်တောက်ပနေပြီး ပြုတ်ကျမှုဒဏ်တွေကိုလည်း ခံနိုင်ရည် ရှိပါတယ်။ အရှေ့၊ အနောက်၊ အပေါ်၊ အောက်ဘောင်တွေ လုံးဝမပါရှိပဲ အပေါ်မှာ Circular Notch ပုံစံ အဝိုင်းလေးကိုပဲ ထည့်ထားတာကြောင့် ထောက်ပံ့ထားတဲ့ မျက်နှာပြင်အကျယ်အတိုင်း မြင်ကွင်းတွေကို တွေ့မြင်ရမှာပါ။
နောက်ကျောဘက် ညာဘက်ထောင့်မှာ အနောက် Triples Camera Lens နဲ့ LED Flash မီးလုံးတို့ကို လေးထောင့်ကွက်လေးထဲမှာ ထည့်ထားပြီး Fingerprint scanner ကလည်း နောက်ကျောဘက်မှာ ရှိမနေတော့ပဲ အရှေ့မျက်နှာပြင်မှာ အောက်မှာ နောက်ဆုံးပေါ် အဆင့်မြင့် Under-Display Fingerprint Scanner ကို တပ်ဆင်ပေးထားပါတယ်။ ဖုန်းအရွယ်အစားက 163.7 x 76.1 x 8.7 mm (6.44 x 3.00 x 0.34 in) ရှိပြီး 199g လေးပါတယ်။ 6.7 inches ကျယ်တဲ့ မျက်နှာပြင်ကို Super AMOLED capacitive touchscreen, 16M colors display အမျိုးအစားနဲ့ ပြုလုပ်ပေးထားပြီး ၎င်းမျက်နှာပြင်က 20:9 ratio မှာ 1080 x 2400 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကို ပြသပေးနိုင်ပါတယ်။ အထဲမှာ Android 10.0 ကို အခြေခံထားတဲ့ အဆင့်မြင့် One UI 2 User Interface ကို run ပေးထားလို့ အသုံးပြုရတာ အဆင့်မြင့်မားမှု ရှိပါတယ်။
၎င်းရဲ့ အနောက်ကင်မရာက 12 MP, f/1.7, 27mm (wide), 1/2.55″, 1.4µm, Dual Pixel PDAF, OIS + 12 MP, f/2.4, 52mm (telephoto), 1/3.6″, 1.0µm, PDAF, OIS, 2x optical zoom + 12 MP, f/2.2, 12mm (ultrawide) စွမ်းအားတွေကို ထောက်ပံ့ပေးနိုင်ပြီး အရှေ့ကင်မရာကလည်း 32 MP, f/2.2, 25mm (wide), 1/2.8″, 0.8µm စွမ်းအားတွေ ပါရှိပါတယ်။ ဒါကြောင့် တကယ့် Professional ကင်မရာနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံမျိုးနဲ့ အရည်အသွေးမြင့် ဗီဒီယိုတွေကို ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။
လျင်မြန်တိကျတဲ့ စက်စွမ်းဆောင်ရည်ပိုင်းကို ရရှိစေဖို့အတွက် အဆင့်မြင့် Chipset, processor တွေနဲ့ အရည်အသွေးမြင့် Graphics card တွေကို အသုံးပြုထားလို့ စက်စွမ်းရည်ပိုင်းမှာလည်း ပြောစရာမလိုအောင် ကောင်းမွန်ပါတယ်။ ဒါ့အပြင် ဖုန်းပြောတဲ့အခါမှာ အသံကြည်လင်ပြတ်သားမှုရှိပြီး စပီကာကနေ အကောင်းဆုံး အသံစွမ်းအားတွေကို ထုတ်လွှတ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဖုန်းတစ်လုံးရဲ့ အဓိကလိုအပ်ချက်တွေနဲ့ အားလုံးပြည့်စုံပြီး ဒီဇိုင်းပုံစံပိုင်းကပါ ခေတ်မီဆန်းသစ်လှပမှုရှိတာကြောင့် Samsung ချစ်သူတွေကတော့ တကယ့်ကို ကြိုက်နှစ်သက်ကြမှာ သေချာပါတယ်။
(1). Design
တည်ဆောက်ပုံဒီဇိုင်းက ကျစ်ကျစ်လျစ်လျစ်နဲ့ တောင့်တင်းခိုင်မာပြီး သစ်လွင်တောက်ပနေတဲ့ ကိုယ်ထည်ဒီဇိုင်းကြောင့် ဆွဲဆောင်မှုလည်း ရှိပါတယ်။ ၎င်းဖုန်းကို စျေးကွက်ထဲမှာ ရွေးချယ်ဝယ်ယူနိုင်မယ့် အရောင်တွေကတော့ Aura Glow, Aura Black နဲ့ Aura Red ဆိုတဲ့ အရောင် 3 မျိုးပဲ ဖြစ်ပါတယ်။
(2). Processor
ဖုန်းစွမ်းဆောင်ရည်ပိုင်းအတွက် RAM 6/8GB ပါရှိတဲ့ Octacore (4×2.7 GHz Mongoose M3 & 4×1.7 GHz Cortex-A55) processor နဲ့ Exynos 9810 (10 nm) chipset တို့ကို ထည့်ထားပြီး Mali-G72 MP18 GPU က ရုပ်ထွက်ပိုင်းကိုလည်း ထောက်ပံ့ထားလို့ အံ့မခန်းလောက်အောင် လျင်မြန်တိကျတဲ့ လုပ်ဆောင်ချက်တွေကို ရရှိနိုင်မှာပါ။
(3). Display and Camera
6.7 inches ကျယ်တဲ့ Super AMOLED capacitive touchscreen, 16M colors display က 1080 x 2400 pixels ရှိတဲ့ full HD မြင်ကွင်းစွမ်းအားတွေကို ပြသပေးနိုင်ပါတယ်။ အရည်အသွေးမြင့် အနောက်ကင်မရာ 3 လုံးနဲ့ အရှေ့ကင်မရာ 1 လုံးပါရှိပြီး အလွန်အသုံးဝင်တဲ့ အဆင့်မြင့် features တွေလည်း ပါရှိပါတယ်။
(4). Verdict
Samsung Galaxy Note 10 Lite ဟာ ဒီဇိုင်းပုံစံဆန်းသစ်လှပမှုရှိသလို စက်စွမ်းဆောင်ရည်ပိုင်းလည်း အထူးကောင်းမွန်တာကို တွေ့ရပါတယ်။ ဒါ့အပြင် ထုတ်လုပ်ပေးထားတဲ့ အရောင်လေးတွေကလည်း ဆွဲဆောင်မှုရှိလို့ စျေးကွက်ထဲမှာလည်း ရောင်းအားကောင်းလျက် ရှိပါတယ်။
(5). Battery Life
Non-removable Li-Po 4500 mAh battery က တစ်ခါ အားအပြည့်သွင်းထားရင် နာရီပေါင်းများစွာ အသုံးပြုနိုင်ပြီး ဒါ့အပြင် ဖုန်းအားသွင်းရတာ မြန်ဆန်တဲ့ Fast battery char-ging 25W စနစ်ကြောင့် ဖုန်းအားသွင်းရတာလည်း မြန်ဆန်မှု ရှိပါတယ်။
(6). Specification
» Network : GSM/HSPA/LTE (Single Sim)
» Weight : 199 g
» Display : 6.7″, Super AMOLED capacitive touchscreen
» Resolution : 1080 x 2400 pixels, 20:9 ratio (~394ppi)
» Dimensions : 163.7 x 76.1 x 8.7 mm
» Memory : 128GB, 8GB RAM
» Camera : Dual 12MP, f/1.7, 1/2.55″, 1.4µm, OIS, 12MP, f/2.4, 1/3.6″, 1.0µm, PDAF, OIS, 12MP, f/2.2, 12mm, LED Flash, HDR, Selfie : 32MP, f/2.2, 1/2.8″, 0.8µm
» Connectivity : GPS, WLAN, Bluetooth 5.0, Type-C 1.0
» OS : Android 10.0, One UI 2
» Chipset : Exynos 9810 (10 nm)
» CPU : Octa-core (4×2.7 GHz Mongoose M3 & 4×1.7GHz Cortex A55)
» GPU : Mali-G72 MP18
» Sensor : Fingerprint (under display), accelerometer, gyro
» Battery : Non-removable Li-Po 4500mAh
» Price : 859,000 Ks
» Contact Phone : 09-785222888 (Win Mobile World)
NetGuide Journal (Every Wednesday)
——————————————————————————————————–
(Zawgyi Version)
Samsung Galaxy Note 10 Lite
(1). Design
(2). Processor
(3). Display and Camera
(4). Verdict
(5). Battery Life
(6). Specification
» Weight : 199 g
» Memory : 128GB, 8GB RAM
» OS : Android 10.0, One UI 2
» GPU : Mali-G72 MP18
» Price : 859,000 Ks