Realme ကနေ မော်ဒယ်အသစ်တစ်ခုဖြစ်တဲ့ Realme XT ကို စတင်ထုတ်လုပ်ရောင်းချခဲ့ပြီး အခုဆိုရင် မြန်မာနိုင်ငံစျေးကွက်ထဲမှာ ရောင်းအားကောင်းလျက် ရှိပါတယ်။ ၎င်းဖုန်းဟာ ကင်မရာစွမ်းအား အလွန်ကောင်းမွန်သလို ဘက်ထရီစွမ်းအားလည်း မြင့်မားမှုရှိပြီး မျက်နှာပြင် ကျယ်ပြန့်ပါတယ်။ ဒါတင်မကသေးပဲ စက်စွမ်းဆောင်ရည်လည်း မြင့်မားတာကြောင့် ပေးရတဲ့စျေးနှုန်းနဲ့ ထိုက်တန်မှုရှိတဲ့ အရည်အသွေးမြင့် အလယ်အလတ်တန်းစား စမတ်ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။ ဒါကြောင့် အဘက်ဘက်က ပြီးပြည့်စုံတဲ့ ဖုန်းတစ်လုံးလို့ ပြောနိုင်ပြီး လူငယ်ရော လူကြီးပါ ကြိုက်နှစ်သက်တဲ့ ဒီဇိုင်းပုံစံရှိတာကြောင့် Realme Fans တွေကတော့ ဝယ်ယူသုံးစွဲကြမှာ သေချာပါတယ်။ ၎င်းကို GSM, HSPA နဲ့ LTE networks တွေမှာ အဆင်ပြေပြေ အသုံးပြုနိုင်ပြီး Dual Nano SIM စနစ်ကို ထောက်ပံ့ပေးထားတာကြောင့် SIM card 2 card ကို တစ်ပြိုက်နက်တည်း ထည့်သွင်းသုံးစွဲနိုင်ပါတယ်။

(1). Design & Build

ဒီဇိုင်းပုံစံကလည်း မျက်နှာပြင်ကျယ် Drewdrop Display ဖြစ်ပြီး ရှင်းလင်းတောက်ပြောင်မှု ရှိပါတယ်။ အရှေ့ဘက်နဲ့ နောက်ကျောဘက်ကို Corning Gorilla Glass 5 နဲ့ အခိုင်အခံ့ ဖုံးအုပ်ကာကွယ်ပေးထားပြီး Frame ကတော့ ပလပ်စတစ်ပဲ ဖြစ်ပါတယ်။ ကိုယ်ထည်တစ်ခုလုံးက ပြောင်လက်တောက်ပနေပြီး နောက်ကျောဘက် ညာဘက်ထောင့်မှာ အနောက် Camera 4 လုံး ဒေါင်လိုက်တည်ရှိပြီး ၎င်းတို့ဘေးဘက်မှာတော့ LED Falsh မီးလုံးကို တပ်ဆင်ထားပါတယ်။ မျက်နှာပြင်အောက်ထဲမှာ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်တဲ့ Under Display Fingerprint Sensor ကို ထည့်ပေးထားလို့ စမတ်ကျကျ အသုံးပြုနိုင်ပါတယ်။ ကျန်တဲ့ ဖုန်းအစိတ်အပိုင်းတွေကလည်း သူ့နေရာနဲ့သူ သေသေသပ်သပ် ရှိပါတယ်။ ဖုန်းအရွယ်အစားက 158.7 x 75.2 x 8.6 mm (6.25 x 2.96 x 0.34 in) ရှိပြီး 183g လေးပါတယ်။ ဒါကြောင့် ကိုင်တွယ်သုံးစွဲရတာ အနေတော် အရွယ်အစားလောက်ပဲဖြစ်ပြီး နောက်ကျောဘက်ဒီဇိုင်းက အရောင်ပြေးလေးမို့ ဆန်းသစ်လှပမှု ရှိပါတယ်။ ၎င်းကို GSM, HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး Dual Nano SIM ဖြစ်လို့ Nano SIM card 2 card ကို တစ်ပြိုင်နက်တည်း ထည့်သုံးနိုင်ပါတယ်။ ထုတ်လုပ်ပေးထားတဲ့ အရောင်တွေကတော့ ဆန်းသစ်လှပတဲ့ Pearl White နဲ့ Pearl Blue ဆိုတဲ့ အရောင်ဆန်းလေး 2 မျိုးပဲ ဖြစ်ပါတယ်။

(2). Display

မျက်နှာပြင်က 6.4-inch အကျယ်ရှိပြီး Super AMOLED capacitive touchscreen, 16M colors display နဲ့ ပြုလုပ်ထားပါတယ်။ ၎င်းမျက်နှာပြင်က 19.5:9 ratio မှာ 1080 x 2340 pixels စွမ်းအားရှိတဲ့ မြင်ကွင်းတွေကို ပြသနိုင်ပါတယ်။ ဒါကြောင့် ကျယ်ပြန့်တဲ့ မျက်နှာပြင်က ကောင်းမွန်တဲ့ မြင်ကွင်းစွမ်းအားတွေကို ပြသပေးနိုင်တဲ့အပြင် မျက်နှာပြင်ပေါ်မှာ Corning Gorilla Glass 5 နဲ့ ဖုံးအုပ်ကာကွယ်ပေးထားလို့ အကြမ်းလည်း ခံပါတယ်။

(3). Operating System and Camera

Android 9.0 (Pie) ကို run ထားပြီး Android 10.0 ကို ထပ်မံအဆင့်မြှင့်တင်နိုင်သလို အဆင့်မြင့် Realme UI ကို ထည့်ထားလို့ သုံးရတာ အဆင့်မြင့်မားပါတယ်။ အနောက်ကင်မရာက 64 MP, f/1.8, (wide), 1/1.7″, 0.8µm, PDAF + 8 MP, f/2.3, 13mm (ultrawide), 1/4.0″, 1.12µm + 2 MP, f/2.4, (macro), 1/5.0″, 1.75µm + 2 MP, f/2.4, (depth) စွမ်းအားတွေပါရှိပြီး အရှေ့ကင်မရာက 16 MP, f/2.0, 25mm (wide), 1/3″, 1.0µm စွမ်းအား ရှိပါတယ်။

(4). Performance

ဖုန်းစွမ်းဆောင်ရည်ပိုင်းအတွက် ၎င်းမှာ RAM 4/6/8GB ပါရှိတဲ့ Octa-core (2×2.3 GHz Kryo 360 Gold & 6×1.7 GHz Kryo 360 Silver) processor 360 Gold & 6×1.7 GHz Kryo 360 Silver) processor, Qualcomm SDM712 Snapdragon 712 (10 nm) Chipset နဲ့ Adreno 616 တို့ကြောင့် အကောင်းဆုံး စွမ်းဆောင်ရည်တွေကို အပြည့်အဝ ထောက်ပံ့ပေးနိုင်ပါတယ်။

(5). Battery

ဘက်ထရီစွမ်းအားအနေနဲ့တော့ Non-removable Li-Po 4000 mAh battery ကို ထည့်သွင်းပေးထားတာကြောင့် လုပ်ဆောင်ချက်တွေကို အချိန်ကြာမြင့်စွာ ပြုလုပ်နိုင်တဲ့အပြင် Fast battery charging 20W (VOOC Flash Charge 3.0) စနစ်လည်း ပါရှိပါတယ်။

(6). Specification

» Display : 6.4 inches, Super AMOLED capacitive touchscreen
» Memory : 128GB, 8GB RAM, microSDXC
» Camera : Quad : 64+8+2+2 MP / Single : 16 MP (Front)
» OS : Android 9.0 (Pie)
» Battery : Non-removable Li-Po 4000 mAh battery

» Price : 459,900 Ks

» Phone : 09-787222888 (Win Mobile World)

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Realme XT

Realme ကေန ေမာ္ဒယ္အသစ္တစ္ခုျဖစ္တဲ့ Realme XT ကို စတင္ထုတ္လုပ္ေရာင္းခ်ခဲ့ၿပီး အခုဆိုရင္ ျမန္မာႏုိင္ငံေစ်းကြက္ထဲမွာ ေရာင္းအားေကာင္းလ်က္ ရွိပါတယ္။ ၎ဖုန္းဟာ ကင္မရာစြမ္းအား အလြန္ေကာင္းမြန္သလုိ ဘက္ထရီစြမ္းအားလည္း ျမင့္မားမႈရွိၿပီး မ်က္ႏွာျပင္ က်ယ္ျပန္႔ပါတယ္။ ဒါတင္မကေသးပဲ စက္စြမ္းေဆာင္ရည္လည္း ျမင့္မားတာေၾကာင့္ ေပးရတဲ့ေစ်းႏႈန္းနဲ႔ ထိုက္တန္မႈရွိတဲ့ အရည္အေသြးျမင့္ အလယ္အလတ္တန္းစား စမတ္ဖုန္းတစ္လံုးပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ အဘက္ဘက္က ၿပီးျပည့္စံုတဲ့ ဖုန္းတစ္လံုးလုိ႔ ေျပာႏိုင္ၿပီး လူငယ္ေရာ လူႀကီးပါ ႀကိဳက္ႏွစ္သက္တဲ့ ဒီဇုိင္းပံုစံရွိတာေၾကာင့္ Realme Fans ေတြကေတာ့ ဝယ္ယူသံုးစြဲၾကမွာ ေသခ်ာပါတယ္။ ၎ကို GSM, HSPA နဲ႔ LTE networks ေတြမွာ အဆင္ေျပေျပ အသံုးျပဳႏုိင္ၿပီး Dual Nano SIM စနစ္ကို ေထာက္ပံ့ေပးထားတာေၾကာင့္ SIM card 2 card ကို တစ္ၿပိဳက္နက္တည္း ထည့္သြင္းသံုးစြဲႏိုင္ပါတယ္။

(1). Design & Build

ဒီဇိုင္းပံုစံကလည္း မ်က္ႏွာျပင္က်ယ္ Drewdrop Display ျဖစ္ၿပီး ရွင္းလင္းေတာက္ေျပာင္မႈ ရွိပါတယ္။ အေရွ႕ဘက္နဲ႔ ေနာက္ေက်ာဘက္ကို Corning Gorilla Glass 5 နဲ႔ အခုိင္အခံ့ ဖံုးအုပ္ကာကြယ္ေပးထားၿပီး Frame ကေတာ့ ပလပ္စတစ္ပဲ ျဖစ္ပါတယ္။ ကိုယ္ထည္တစ္ခုလံုးက ေျပာင္လက္ေတာက္ပေနၿပီး ေနာက္ေက်ာဘက္ ညာဘက္ေထာင့္မွာ အေနာက္ Camera 4 လံုး ေဒါင္လုိက္တည္ရွိၿပီး ၎တို႔ေဘးဘက္မွာေတာ့ LED Falsh မီးလံုးကို တပ္ဆင္ထားပါတယ္။ မ်က္ႏွာျပင္ေအာက္ထဲမွာ ယံုၾကည္စိတ္ခ်စြာ အသံုးျပဳႏုိင္တဲ့ Under Display Fingerprint Sensor ကို ထည့္ေပးထားလုိ႔ စမတ္က်က် အသံုးျပဳႏုိင္ပါတယ္။ က်န္တဲ့ ဖုန္းအစိတ္အပိုင္းေတြကလည္း သူ႕ေနရာနဲ႔သူ ေသေသသပ္သပ္ ရွိပါတယ္။ ဖုန္းအရြယ္အစားက 158.7 x 75.2 x 8.6 mm (6.25 x 2.96 x 0.34 in) ရွိၿပီး 183g ေလးပါတယ္။ ဒါေၾကာင့္ ကိုင္တြယ္သံုးစြဲရတာ အေနေတာ္ အရြယ္အစားေလာက္ပဲျဖစ္ၿပီး ေနာက္ေက်ာဘက္ဒီဇိုင္းက အေရာင္ေျပးေလးမို႔ ဆန္းသစ္လွပမႈ ရွိပါတယ္။ ၎ကို GSM, HSPA နဲ႔ LTE networks ေတြမွာ အသံုးျပဳႏုိင္ၿပီး Dual Nano SIM ျဖစ္လုိ႔ Nano SIM card 2 card ကို တစ္ၿပိဳင္နက္တည္း ထည့္သံုးႏုိင္ပါတယ္။ ထုတ္လုပ္ေပးထားတဲ့ အေရာင္ေတြကေတာ့ ဆန္းသစ္လွပတဲ့ Pearl White နဲ႔ Pearl Blue ဆိုတဲ့ အေရာင္ဆန္းေလး 2 မ်ိဳးပဲ ျဖစ္ပါတယ္။

(2). Display

မ်က္ႏွာျပင္က 6.4-inch အက်ယ္ရွိၿပီး Super AMOLED capacitive touchscreen, 16M colors display နဲ႔ ျပဳလုပ္ထားပါတယ္။ ၎မ်က္ႏွာျပင္က 19.5:9 ratio မွာ 1080 x 2340 pixels စြမ္းအားရွိတဲ့ ျမင္ကြင္းေတြကို ျပသႏုိင္ပါတယ္။ ဒါေၾကာင့္ က်ယ္ျပန္႔တဲ့ မ်က္ႏွာျပင္က ေကာင္းမြန္တဲ့ ျမင္ကြင္းစြမ္းအားေတြကို ျပသေပးႏုိင္တဲ့အျပင္ မ်က္ႏွာျပင္ေပၚမွာ Corning Gorilla Glass 5 နဲ႔ ဖံုးအုပ္ကာကြယ္ေပးထားလုိ႔ အၾကမ္းလည္း ခံပါတယ္။

(3). Operating System and Camera

Android 9.0 (Pie) ကို run ထားၿပီး Android 10.0 ကို ထပ္မံအဆင့္ျမႇင့္တင္ႏုိင္သလုိ အဆင့္ျမင့္ Realme UI ကို ထည့္ထားလုိ႔ သံုးရတာ အဆင့္ျမင့္မားပါတယ္။ အေနာက္ကင္မရာက 64 MP, f/1.8, (wide), 1/1.7″, 0.8µm, PDAF + 8 MP, f/2.3, 13mm (ultrawide), 1/4.0″, 1.12µm + 2 MP, f/2.4, (macro), 1/5.0″, 1.75µm + 2 MP, f/2.4, (depth) စြမ္းအားေတြပါရွိၿပီး အေရွ႕ကင္မရာက 16 MP, f/2.0, 25mm (wide), 1/3″, 1.0µm စြမ္းအား ရွိပါတယ္။

(4). Performance

ဖုန္းစြမ္းေဆာင္ရည္ပိုင္းအတြက္ ၎မွာ RAM 4/6/8GB ပါရွိတဲ့ Octa-core (2×2.3 GHz Kryo 360 Gold & 6×1.7 GHz Kryo 360 Silver) processor 360 Gold & 6×1.7 GHz Kryo 360 Silver) processor, Qualcomm SDM712 Snapdragon 712 (10 nm) Chipset နဲ႔ Adreno 616 တို႔ေၾကာင့္ အေကာင္းဆံုး စြမ္းေဆာင္ရည္ေတြကို အျပည့္အဝ ေထာက္ပံ့ေပးႏုိင္ပါတယ္။

(5). Battery

ဘက္ထရီစြမ္းအားအေနနဲ႔ေတာ့ Non-removable Li-Po 4000 mAh battery ကို ထည့္သြင္းေပးထားတာေၾကာင့္ လုပ္ေဆာင္ခ်က္ေတြကို အခ်ိန္ၾကာျမင့္စြာ ျပဳလုပ္ႏုိင္တဲ့အျပင္ Fast battery charging 20W (VOOC Flash Charge 3.0) စနစ္လည္း ပါရွိပါတယ္။

(6). Specification

» Display : 6.4 inches, Super AMOLED capacitive touchscreen
» Memory : 128GB, 8GB RAM, microSDXC
» Camera : Quad : 64+8+2+2 MP / Single : 16 MP (Front)
» OS : Android 9.0 (Pie)
» Battery : Non-removable Li-Po 4000 mAh battery

» Price : 459,900 Ks

» Phone : 09-787222888 (Win Mobile World)

NetGuide Journal (Every Wednesday)