Might & Magic: Chess Royale ဟာ battle royale အမျိုးအစားကိုမှ ထူးခြားတဲ့လှည့်ကွက်သစ်လေး ပေါင်းစပ်ထားတဲ့ real-time အက်ရှင်ဂိမ်း ဖြစ်ပါတယ်။ Fast-paced combat အတွင်း အခြားကစားသမား 99 ယောက်နဲ့ ရင်ဆိုင်ပြီး ညှပ်ပူးညှပ်ပိတ်တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ရမယ့်ဂိမ်းပုံစံ ဖြစ်ပါတယ်။ Might & Magic universe က ဂန္ဓဝင်ဇာတ်ကောင်တွေ သတ္တဝါတွေကို စုဆောင်းပြီးတော့ သူတို့ရဲ့ မတူညီတဲ့အခန်းကဏ္ဍ၊ အုပ်စုနဲ့ အထူးအရည်အသွေးတို့ကို ကစားသူက သင့်တော်သလို ထိန်းချုပ်အသုံးပြုတတ်ဖို့ အရေးကြီးပါတယ်။ Battle တွေက automted ဆိုပေမယ့် တပ်ဖွဲ့တွေကိုရွေးချယ်တာ၊ နေရာချတာ၊ မှော်ဂါထာ မန္ဓန်တွေလွှတ်တာတို့လို အရာတွေကိုတော့ ကစားသူတွေ ကိုယ်တိုင်ကိုယ်ကျ လုပ်ပေးဖို့ လိုအပ်ပါတယ်။ 10 မိနစ်စာ အလှည့်တွေ အတွင်းမှာ တစ်ခြားကစားသမား 99 ယောက်နဲ့ ယှဉ်ပြိုင်ပြီး နောက်ဆုံးကျန်တဲ့ ဟီးရိုးဖြစ်မလာဆိုတာကတော့ သင့်ရဲ့နည်းဗျူဟာ သာလွန်မှုပေါ် မူတည်ပါတယ်။ တစ်လှည့်စီမှာ အကောင်းဆုံး ဟီးရိုးတွေကို ပေါင်းစည်းပြီးတော့ ရန်သူကို ကျော်လွှားနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ စစ်မြေပြင်အတွင်း တပ်ဖွဲ့တွေ တပ်ဖြန့်ချထားမှုနဲ့ နည်းဗျူဟာစီမံခန့်ခွဲမှုက အနိုင်ရဖို့အတွက် အဓိကအချက် ဖြစ်ပါတယ်။ ကစားဖို့အတွက် Android 5.0 နဲ့အထက် လိုအပ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Might & Magic : Chess Royale

Might & Magic: Chess Royale ဟာ battle royale အမ်ိဳးအစားကိုမွ ထူးျခားတဲ့လွည့္ကြက္သစ္ေလး ေပါင္းစပ္ထားတဲ့ real-time အက္ရွင္ဂိမ္း ျဖစ္ပါတယ္။ Fast-paced combat အတြင္း အျခားကစားသမား 99 ေယာက္နဲ႔ ရင္ဆုိင္ၿပီး ညႇပ္ပူးညႇပ္ပိတ္တိုက္ခိုက္မႈေတြနဲ႔ ရင္ဆိုင္ရမယ့္ဂိမ္းပံုစံ ျဖစ္ပါတယ္။ Might & Magic universe က ဂႏၶဝင္ဇာတ္ေကာင္ေတြ သတၱဝါေတြကို စုေဆာင္းၿပီးေတာ့ သူတုိ႔ရဲ႕ မတူညီတဲ့အခန္းက႑၊ အုပ္စုနဲ႔ အထူးအရည္အေသြးတို႔ကို ကစားသူက သင့္ေတာ္သလုိ ထိန္းခ်ဳပ္အသံုးျပဳတတ္ဖုိ႔ အေရးႀကီးပါတယ္။ Battle ေတြက automted ဆိုေပမယ့္ တပ္ဖြဲ႕ေတြကိုေရြးခ်ယ္တာ၊ ေနရာခ်တာ၊ ေမွာ္ဂါထာ မႏၶန္ေတြလႊတ္တာတို႔လို အရာေတြကိုေတာ့ ကစားသူေတြ ကိုယ္တိုင္ကိုယ္က် လုပ္ေပးဖုိ႔ လိုအပ္ပါတယ္။ 10 မိနစ္စာ အလွည့္ေတြ အတြင္းမွာ တစ္ျခားကစားသမား 99 ေယာက္နဲ႔ ယွဥ္ၿပိဳင္ၿပီး ေနာက္ဆံုးက်န္တဲ့ ဟီး႐ိုးျဖစ္မလာဆိုတာကေတာ့ သင့္ရဲ႕နည္းဗ်ဴဟာ သာလြန္မႈေပၚ မူတည္ပါတယ္။ တစ္လွည့္စီမွာ အေကာင္းဆံုး ဟီး႐ိုးေတြကို ေပါင္းစည္းၿပီးေတာ့ ရန္သူကို ေက်ာ္လႊားႏိုင္ဖုိ႔ ႀကိဳးစားရမွာ ျဖစ္ပါတယ္။ စစ္ေျမျပင္အတြင္း တပ္ဖြဲ႕ေတြ တပ္ျဖန္႔ခ်ထားမႈနဲ႔ နည္းဗ်ဴဟာစီမံခန္႔ခြဲမႈက အႏိုင္ရဖုိ႔အတြက္ အဓိကအခ်က္ ျဖစ္ပါတယ္။ ကစားဖုိ႔အတြက္ Android 5.0 နဲ႔အထက္ လုိအပ္ပါတယ္။

NetGuide Journal (Every Wednesday)